Saturday, February 7, 2026

CATEGORY

သတင်း

စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ညောင်ရွှေတွင် ရွာလုံးကျွတ်ထွက်ပြေးနေရ

သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေလျက်ရှိသော ညောင်ရွှေ-ပင်လောင်း-ဖယ်ခုံအစပ်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေသောကြောင့် ဒေသခံများ ဘေးလွတ်ရာ...

မိုးကုတ်မြို့ ကျောက်တူးဖော်လုပ်ကွက်ကို စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက် ၃ ဦးသေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်သည့် မိုးကုတ်မြို့ကို စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၃)ဉီး ပြီ၊ အရပ်သား၂၀ဉီးထက်မနက် ဒဏ်ရာရရှိသူများ ရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၀ ရက်)နေ့ နံနက်အစောပိုင်းတွင် မိုးကုတ်မြို့၏ အနောက်ပိုင်း ကျောက်တူးဖော်သောလုပ်ကွက် နေရာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...

မိုင်းရယ် ကျားဖြန့်လုပ်ငန်းတွင် ဗီယက်နမ်နှင့် တရုတ်နိုင်ငံသား အများအပြား ဖမ်းဆီးရမိ

သျှမ်းပြည် မိုင်းရယ်မြို့နယ် မိုင်းဟဒေသတွင် အွန်လိုင်းကျားဖြန့်လုပ်ကိုင်နေသည့် ဗီယက်နမ်နှင့် တရုတ်နိုင်ငံသား အများအပြားကို စစ်ကောင်စီတပ်က တိုက်ပွဲဖော်ဆောင် ဖမ်းဆီးခဲ့ရာ စုစုပေါင်း (၈၀) ကျော် ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၅) ရက်မှ (၇) ရက်အတွင်း မိုင်းရယ်မြို့နယ် စစ်ကောင်စီတပ်မှ မိုင်းရယ်နှင့် မိုင်းကောင်ဘက်မှ စစ်ကြောင်းနှစ်ခု...

TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဉီး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဉီး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၆ရက်) ညနေပိုင်းတွင် သီပေါမြို့ မီးရထားရပ်ကွက်နေ မြရွှေဂူဘုန်းကြီးကျောင်းအနီးတွင် စစ်လက်နက်ကျန် ပစ္စည်းကို ကောက်ယူရာ ပေါက်ကွဲမှုဖြစ်ပွားပြီး လက်နှစ်ဖက်ပြတ်ထွက်သွားပြီး ၁...

“သျှမ်းပြည်အမျိုးသားနေ့” TNLA ထိန်းချုပ် သီပေါမြို့ဝင်ဆိုင်းဘုတ် သျှမ်း၊အင်္ဂလိပ် အမည်စာလုံး ဖျက်ဆီးခံရ၊ သျှမ်းပြည်မြေပုံ အရောင်ပြောင်းဆေးခြယ်

သျှမ်းပြည် သီပေါမြို့အဝင် ဆိုင်းဘုတ်ရှိ သျှမ်း၊အင်္ဂလိပ် ဘာသာဖြင့် ရေးထိုးထားသော သီပေါမြို့အမည်စာလုံး ဖျက်ဆီးခံရပြီး သျှမ်းပြည်အလံရှိ ဝါစိမ်းနီ အရောင်များဖြင့် ဆေးခြယ်ထားသည့် သျှမ်းပြည်မြေပုံလည်း အရောင်ပြောင်း ဆေးခြယ်ခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၇ ရက်) နံနက်ပိုင်းမှ စတင်၍ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA...

စစ်ကောင်စီ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား (၂)ဉီး သေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် လွယ်ချယ်-တပူး ရွာ လမ်းခွဲတွင် စပါးသယ်ပြီး ပြန်လာသည့် အရပ်သားနှစ်ဦးသည် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၆)ရက် နေ့လည် (၂)နာရီတွင် ဆီဆိုင်မြို့နယ် ကောင်ထိုကျေးရွာနေ ခွန်ဖါလိန်နှင့်ဇနီး နန်းဆွေတို့ တောင်ယာမှ စပါးသယ်ပြီး ပြန်လာစဉ်...

(၇၈) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ကို ငြိမ်းချမ်းရေးပွဲတော်အဖြစ် ကျင်းပ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) က ယနေ့ (ဖေဖော်ဝါရီ ၇ ရက်)တွင် ကျရောက်သည့် (၇၈) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ကို ငြိမ်းချမ်းရေးပွဲတော်အဖြစ် ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားဆာလေးကျေးရွာတွင် ကျင်းပသည့် (၇၈) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို RCSS ဥက္ကဋ္ဌ...

ပြည်ထောင်စုနေ့ သို့တည်းမဟုတ် ပင်လုံနေ့သို့ သဝဏ်လွှာ

ပြည်ထောင်စုရဲ့ ဘဝတူ ရင်နှစ်သည်းချာ မောင်နှမများနှင့် တူသားမြေးမြစ်များအားလုံးခင်ဗျား။ အားလုံးသိပြီးတဲ့အတိုင်း ၁၂၊ ၂၊ ၁၉၄၇ မှာ ကျနော်တို့ရဲ့ ပြည်ထောင်စုဖခင် ခေါင်းဆောင်ကြီး များက ထာဝစဉ် အေးအတူ ပူအမျှ နေထိုင်သွားဘို့ ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီလို နေထိုင်သွားနိုင်ဘို့ကိုလည်း အောက်ပါမူများကို ချမှတ်ခဲ့ပါတယ်။ ၁။ ပြည်ထောင်စုကြီးကို...

စစ်ကောင်စီမှ မိုးဗြဲမြို့ကို ပြည်လည်ထိန်းချုပ်နိုင်ရန် တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေ

သျှမ်းပြည်တောင်ပိုင်း၊ သျှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက် လာသောကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)မှ ထိတွေ့တိုက်ပွားဖြစ်နေသည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ( ၅ )ရက်တွင် စစ်ကောင်စီတပ်နှင့် KNDF တို့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်နေသောကြောင့်...

သျှမ်းပြည်အရှေ့ပိုင်းတွင် စက်သုံးဆီ ၁ လီတာ ဘတ်တစ်ရာ (၁၃၅၀၀) ကျပ် ထိ ဈေးပေါက် ရှာဝယ်ရန်ခက်ခဲ

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့နေသော စက်သုံးဆီများ ရပ်ဆိုင်းလိုက်ပြီး‌နောက် သျှမ်းပြည် အရှေ့ပိုင်းတကြော စက်သုံးဆီ စျေးနှုန်း အဆမတန် မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ထိုင်းနိုင်ငံမှ ကျားဖြန့်(အွန်လိုင်းလောင်းကစား)များနှိမ့်နင်းရေးဆိုသည့်ခေါင်းစဉ်ဖြင့် မြန်မာ-ထိုင်းနိုင်ငံ နယ်စပ်သို့ တင်ပို့နေသော လောင်စာဆီ၊ အင်တာနက်လိုင်းနှင့် လျှပ်စစ်မီးများကို ယမန်နေ့ (ဖေဖော်ဝါရီ ၅)ရက် နံနက်ပိုင်းမှစတင်ပြီး ဖြတ်တောက်ခဲ့သည်။ ထို့ကြောင့်...

Latest news