CATEGORY

သတင်း

ငလျင်ပြီးနောက် ဖောင်တော်ဦးကျောင်းတော်ရှေ့ရေခမ်း အင်းရေပြင်ပေါ်ခရုများထွက်ပေါ်လာ

သျှမ်းပြည်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးရှိ‌ ဖောင်တော်ဦးဘုရားစံမြန်းရာ‌ ကျောင်းတော်ရှေ့တွင် ငလျင်ပြီးနောက် ရေများရုတ်တရက် ခမ်းခြောက်သွားပြီး အင်းလေးကန်အလယ်ပိုင်း အင်းရေပြင်ပေါ်သို့ ခရုများ အုံလိုက်ကျင်းလိုက်ထွက်ပေါ်လာကြောင်း ပြည်သူများမှ လူမှုကွန်ယက်စာမျက်နှာများတွင် ဝေမျှထားသည်။ယနေ့ (မတ်လ ၂၉) ရက် ငလျင်ကြီး လှုပ်ခတ်ပြီး တစ်ရက်အတွင်း အင်းလေးဖောင်တော်ဦးဘုရား စံမြန်းရာ ကျောင်းတော်ရှေ့ရှိ...

“၂၀၀၈ အခြေခံ ဥပဒေက ဖက်ဒရယ်ပုံစံ ဖြစ်လာအောင် ကျနော်တို့ တဖြည်းဖြည်းချင်း ပြုပြင်ပြီးတော့ လုပ်သွားရမယ့် အခြေအနေမှာ ရှိပါတယ်”

လာမည့် ၂၀၂၅ ဒီဇင်ဘာလနှင့် ၂၀၂၆ ဇန်နဝါရီလတို့တွင် ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပြီးနောက် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့ရမည့် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ” ဆွေးနွေးပွဲနှင့် “ငြိမ်းချမ်းရေး စကားဝိုင်း” Peace Talk 2025 တို့ကို...

အင်းလေးတွင် ငလျင်ဒဏ်ကြောင့် လူသေဆုံးမှု ၄၀ ထက်မနည်းရှိနေပြီး ကျေးရွာအချို့ ရွာလုံးကျွတ်ပျက်စီး

သျှမ်းပြည် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း ယမန်နေ့ (မတ်လ ၂၈ ရက်)က လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် ငလျင်ကြောင့် လူ ၄၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကျေးရွာအချို့တွင် ရွာလုံးကျွတ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ လက်ရှိအချိန်အထိ အင်းလေးအရှေ့ဘက်ခြမ်း နန်းပန်၊ ကေလာ၊ ဇရပ်ကြီး...

ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ဉီး၊ ဒဏ်ရာရရှိသူ ၇၃၂ ဦးစာရင်းရထား၊ ထပ်တိုးနိုင်ဟု စစ်ခေါင်းဆောင်ပြော

ယနေ့ (မတ် ၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ဉီးနှင့် ဒဏ်ရာရရှိသူ ၇၃၂ ဉီးတို့ရှိကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ ထိုသေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူသည် နေပြည်တော် ၊မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ အများအပြား ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသွားသည်။ သို့သော်...

ဘန်ကောက် ဆောက်လက်စ မိုးမျှော်တိုက် ပြိုကျသည့်အပျက်အစီးထဲ လူ ၈၁ဉီး ပျောက်ဆုံးပြီး၊ ၃ဉီးသေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Chatuchak ခရိုင်ရှိ ဆောက်လက်စတိုက်သစ် သည် ယနေ့ (မတ် ၂၈)ရက် ထိုင်းစံတော်ချိန် ၁နာရီခွဲတွင် အင်အားပြင် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျခဲ့ပြီး၊ ၎င်းအဆောက်အဉီ၏ အပျက်အစီးများအောက်တွင် ပျောက်ဆုံးသူ ၈၁ဉီးရှိပြီး သေဆုံးသူ ၃ဦး ရှိကြောင်း ထိုင်းနိုင်ငံ သတင်းဌာနများဖော်ပြချက်အရသိရသည်။ ပြိုကျသွားသည့် အဆောက်အဉီ၏...

ငလျင်လှုပ်နေစဉ် စစ်ကောင်စီက နောင်ချိုမြို့နယ်ထဲ လေကြောင်းဗုံးကြဲ၊ လူထိခိုက်သေဆုံးမှုရှိနိုင်

မြန်မာပြည်တဝှမ်းလုံး အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်နေစဉ် သျှမ်းပြည် နောင်ချိုမြို့နယ်သို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ လူထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၂၈ ရက်) မွန်းလွဲပိုင်းတွင် နောင်ချိုမြို့အနီး ကံကြီးကျေးရွာအုပ်စု နောင်လင်ရွာဘက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် အများအပြား...

ထိုင်းဝန်ကြီးချုပ်မှ ၂၄ နာရီအတွင်း  ငလျင်ပြန်လှုပ်ခတ်နိုင်သည့်အတွက် ထိုင်းတနိုင်ငံလုံးအား အရေးပေါ် ကြေညာချက်ထုတ် 

ယနေ့ (မတ်လ ၂၈) ရက် နေ့လ​ယ်ပိုင်းတွင် မြန်မာနိုင်ငံ စစ်ကိုင်းတွင်းဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့သည်။ ထို့ကြောင့် နောက် ၂၄ နာရီအတွင်း ပြင်းထန်မှုအင်းအားနည်းပါးနိုင်သော်လည်း သိသာသည့် အန္တရာယ်ရှိငလျင်များထပ်မံလှုပ်ခတ်နိုင်သည့်အတွက် တနိုင်ငံလုံးအား အရေးပေါ်အခြေအနေကြေညာကြောင်း ထိုင်းဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်မှ ကြေညာထားသည်။ ယနေ့ (မတ် ၂၈)ရက် နေ့လ​​​ယ်ပိုင်းတွင်လည်း ထိုင်းနိုင်ငံအတွက်...

ငလျင်ဒဏ်ကြောင့် အင်းလေးဒေသအတွင်း ထိခိုက်ပျက်စီးမှုများပြားပြီး လူသေဆုံးမှုများလည်းမြင့်တက်နေ 

ယနေ့ (မတ်လ ၂၈)  နေ့လယ်ပိုင်းတွင် စစ်ကိုင်း ရေခါးအင်း စာရေးရွာအနီး ဗဟိုပြု၍အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ပြင်းထန်အင်အားရှိသော မြေငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံတဝန်း ထိခိုက်သေဆုံးမှုများ ဆက်တိုက်မြင့်တက်လျက်ရှိသည်။ ထို့အပြင် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အချို့နေရာများတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း ပျက်တောက်နေပြီး အဆက်အသွယ်များမရရှိကြောင်း ညောင်ရွှေမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့...

မိုင်းရယ်မြို့ စစ်ကောာင်စီ စစ်ဆေးရေးဂိတ် စစ်ဆေးမှုတင်းကြပ်၊ငွေညှစ်တောင်ခံ

သျှမ်းပြည် မိုင်းရယ်မြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်နေပြီး ခရီးသွားပြည်သူများထံ ငွေညှစ်တောင်ခံ မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းရယ်မြို့ အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် နှင့် ဟိုယကျေးရွာအုပ်စု တန့်ယန်း-မိုင်းရယ်လမ်းခွဲရှိ စစ်‌ဆေးရေးဂိတ်တို့တွင် ယခုနှစ်ဆန်းပိုင်းမှစ၍ စစ်ဆေးမှုတင်းကြပ်လာပြီး ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း အသက် ၄၀ ဝန်းကျင် မိုင်ရယ်ဒေသခံအမျိုးသားတစ်ဦးက...

ထိုင်းရေလုပ်သား ၄ ဦးကို ပြန်လွှတ်ပေး၍ စစ်ကောင်စီကို ထိုင်းဝန်ကြီးချုပ်က ကျေးဇူးတင်

မြန်မာရေပိုင်နက်အတွင်း ငါးဖမ်းနေစဉ် ယမန်နှစ်ကဖမ်းဆီးထားသော ထိုင်းငါးဖမ်းလှေပေါ်မှ သင်္ဘော ၄ ဦးကို ယမန်နေ့( မတ်လ ၂၇ )ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း ကော့သောင်း အကျဉ်းထောင်၌...

Latest news