Thursday, April 25, 2024

CATEGORY

သတင်း

ယာဉ်မှတ်ပုံတင်ခကို ၃ ဆ ပိုတိုးမြှင့်ပြီး ကောက်ခံဖို့စီစဉ်နေသည်ဟု စစ်ကောင်စီကြေညာ

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း အခြေခံလစာနှုန်းမြှင့်တက်လာပြီး ယာဉ်စီးအရေအတွက်သည် လည်း တိုးမြင့်လာသောကြောင့် ယာဉ်မှတ်ပုံတင်ခကို ၃ ဆ ပိုတိုးမြှင့် ကောက်ခံရန် စီစဉ်သွားမည်ဟု စစ်ကောင်စီ၏ ကြေညာချက်အရ သိရသည်။ . ခေတ်ကာလ နှင့် လျော်ညီမှုမရှိတော့သည့်အတွက် တိုးမြှင့်ကောက်ခံသင့်သည့် ကာလတစ်ခုသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ အခြေခံ...

ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခု ဂရိန်းကြိုးပျက်ကျကာ (၁) ဦး သေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Srinakharinwirot University တက္ကသိုလ်ဝင်းအတွင်း ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခုတွင် ဂရိန်းကြိုး ပျက်ကျပြီး ၁ ဦး သေဆုံးကာ၊ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ . ပြီးခဲ့သည့် စက်တင်ဘာ (၁၀) ရက် နေ့လည် ၄ နာရီဝန်းကျင်မှာ ဆောက်လုပ်ဆဲ...

အင်းလေး လူမှုရေးအသင်း နိုင်ငံရေး နှင့်ပတ်သက်ပြီး ပြောဆိုပါက အရေးယူခံရမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ လူမှုကူညီရေးအသင်းများ နိုင်ငံရေး နှင့် ပတ်သက်ပြီး ပြောဆိုမှုရှိပါက အဖွဲ့အစည်းကို ဖျက်သိမ်းပြီး အရေးယူခံရမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ထားကြောင်း စုံစမ်းသိရသည်။ . စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသအတွင်း နိုင်ငံရေးအခြေအနေ နှင့် ပတ်သက်၍ မီဒီယာများထံ ဖြေကြားပေးသည့်အပြင် နိုင်ငံရေး နှင့် ပတ်သက်စပ်ဆက်မှုရှိပါက...

ခုခံတော်လှန်စစ်ကြေညာခြင်း (၂)နှစ်ပြည့်၊ စစ်ရေး အဟုန်၊ နိုင်ငံရေး အရွေ့

နိဒါန်း စက်တင်ဘာ ၇ ရက်သည် နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ်ကြေညာခြင်း (၂)နှစ်ပြည့်နေ့ဖြစ်သည်။ တနိုင်ငံလုံး “လှည်းနေလှေအောင်း မြင်းစောင်းမကျန်” ခုခံတော်လှန်စစ်ဆင်နွှဲကြရန် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇...

စစ်အာဏာသိမ်းခေါင်းဆောင် နှင့် သျှမ်းမြောက် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ တွေ့ဆုံ

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလ အတွင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သျှမ်းပြည် မြောက်ပိုင်း အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ နှင့် စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် ရွှေလီရတနာခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ . အဆိုပါ တွေ့ဆုံမှုတွင် သျှမ်းပြည်မြောက်ပိုင်းသည် အိမ်နီးချင်း...

ပင်လုံ – လဲချား လမ်းကြား ဓားပြသောင်းကျန်းနေ

သျှမ်းပြည် ပင်လုံ - လဲချား လမ်းကြားတွင် အမည်မသိလက်နက်ကိုင် တစ်စုသည် လက်နက်ကိုင်ဆောင်ပြီး လမ်းတွင် စောင့်ဆိုင်းကာ ပြည်သူများကို ဓားပြတိုက်နေကြောင်း စုံစမ်းသိရသည်။ . ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက် ညနေပိုင်းတွင် ပင်လုံ - လဲချားလမ်းကြား တစ်နေရာတွင် အမည်မသိ လက်နက်ကိုင် ၃...

တရားမျှတမှု အလှမ်းဝေးကွာနေတဲ့ ယာဥ်တိုက်ခံရမှု

“ရဲကို တိုင်ထားပေမဲ့လည်း ကိုယ်က မပေးနိုင် မအမ်းနိုင်တဲ့ အခြေအနေမို့ ဂရုမစိုက်ကြဘူး၊ ဘယ်တတ် နိုင်မလဲ၊ ကလေးတွေလည်း ရှိနေတော့ ဒီအတိုင်း အားတင်းထားရတာပေါ့” လို့ အသက် (၂၄) နှစ်ရှိတဲ့ နန်းခမ်း က စိတ်မကောင်းစွာ ပြောပါတယ်။ . လွန်ခဲ့တဲ့ စက်တင်ဘာ ၁ ရက်...

မူဆယ်မြို့ပေါ်ရောက် စစ်ဘေးရှောင်များ စိုးရိမ်စိတ်ဖြင့်နေရပ်ပြန်နေ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ပေါ် ဟိုနားရပ်ကွက်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်သွားကြောင်း စုံစမ်းသိရသည်။ . စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ သြဂုတ်လနှောင်းပိုင်းအတွင်း စယ်လန့်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် စစ်ရှောင် (၂၀၀) ကျော်သည်...

သိန္နီမြို့နယ် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက အရပ်သားဆိုင်ထဲ ပိုက်ဆံဝင်ယူ

သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့နယ် နားဆော့ကျေးရွာအုပ်စုတွင်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်သားများသည် အရပ်သားပိုင် ကုန်စုံဆိုင်ထဲဝင်ပြီး ကုန်ပစ္စည်းများ နှင့် ပိုက်ဆံများ လုယူသွား ကြောင်း သိရသည်။ . ယမန်နေ့ (စက်တင်ဘာလ ၇) ရက် ညနေပိုင်း ၃ နာရီဝန်းကျင် သိန္နီမြို့နယ် နားဆော့ကျေးရွာအုပ်စု၊...

ရွာငံမြို့နယ် PDF နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွား ထိခိုက်ဒဏ်ရာ ရမှုရှိနေ

သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်း၌ အာဏာသိမ်း စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ (PDF) တို့ တိုက်ပွဲဖြစ်ပွားရာ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိနေကြောင်း သိရသည်။ . ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် ရွာငံမြို့နယ်၊ ကျောက်ပချုပ်ကျေးရွာအနီး၌ စစ်ကောင်စီ...

Latest news