Thursday, February 5, 2026

CATEGORY

သတင်း

ငလျင်လှုပ်သည့်နေ့မှ ယနေ့အထိ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ ၅ ကြိမ်တိုက်ခိုက်

ငလျင်လှုပ်ခတ်ခဲ့သည့်နေ့မှ ယနေ့အထိ ၆ ရက်အတွင်း နောင်ချိုမြို့နယ်ထဲကို စစ်ကောင်စီမှဂျက်ဖိုက်တာ နှင့်ဒရုန်း ဖြင့် ၅ ကြိမ်ဗုံးကြဲ တိုက်ခိုက် သည့်အတွက် ပြည်သူ့အိုးအိမ်စည်းစိမ်များပျက်စီးဆုံးရှုံးမှုများရှိနေ သည်ဟု နောင်ချို ဒေသခံ များထံမှသိရသည်။ လူပေါင်းထောင်ချီအသက်ဆုံးရှုံးစေခဲ့သော စစ်ကိုင်းငလျင်စတင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့မှ ယနေ့ ဧပြီလ ၂...

ငလျင်လှုပ်ခတ်ပြီးနောက် ကရင်နီ၌ အနက်ပေ ၁၀၀ ကျော် ကျင်းကြီးဖြစ်ပေါ်

ကရင်နီပြည်နယ် ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ကျင်းနက်ကြီး တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။ မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီး နောက်ရက်မတ်လ ၂၉ ရက်နေ့မှစတင်ကာ ဒီးမော့ဆို အနောက်ဖက်ခြမ်းတွင် မြေကျွံကျပြီး တဖြည်းဖြည်းနှင့် အနက်ပေ ၁၀၀ ခန့်ရှိ ကျင်းနက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုကျင်းနက်ကြီးသည် အကျယ်...

သီပေါမြို့ တိုက်ပွဲအတွင်းပျက်စီးခဲ့သော နေအိမ်များကို လူမှုကူညီရေးအဖွဲ့ ဆက်လက်ကူညီမည်

သျှမ်းပြည် သီပေါမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးသွားသော နေအိမ်များကို လူမှုကူညီရေးအဖွဲ့များက ဆက်လက်ကူညီ ထောက်ပံ့မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လက်ရှိ သီပေါမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားပြီး “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးသွားသည့် ပြည်သူနေအိမ် (၂၀၀) ကျော်အတွက်...

ငလျင်ဒဏ်ခံနေသည့် အင်းလေးကို စစ်ကောင်စီနှင့် PNOမှ ဗုံးကြဲတိုက်ခိုက်၊အရပ်သား (၁)ဦး ထိခိုက်ပြီး နေအိမ် (၂)လုံးပျက်စီး

ငလျင်ဘေးဒဏ်ခံနေရသည့် သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခဲ့သဖြင့် အရပ်သား (၁)ဦးထိခိုက်ပြီး နေအိမ် (၂)လုံးပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ မတ်လ (၃၁)ရက်နေ့ မနက် (၆) နာရီမှ ညနေ (၆)နာရီအချိန်တွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့က...

ဖောင်တော်ဦး ဘုရားရင်ပြင်တော် အက်ကွဲကြောင်းများ ပိုကြီးလာသောကြောင့် ယာယီပိတ်ထား

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဖောင်တော်ဦးဘုရား ရင်ပြင်တော် အက်ကွဲကြောင်း ပိုမို ကြီးမားလာသောကြောင့် ဘုရားဖူးခွင့် ယာယီပိတ်ပင်ထားကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် အင်းလေးဖောင်တော်ဦးဘုရား ရင်ပြင်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး ပြိုကျမည့် အခြေအနေရှိသောကြောင့်...

ကွတ်ခိုင်မြို့ ငလျင်ဒဏ်အလှူငွေကောက်ခံသည့်နေရာ TNLA နှင့် MNDAA ခိုက်ရန်ဖြစ်ပွား၊ TNLA တပ်သားတစ်ဦး သေဆုံးဟုဆို

သျှမ်းပြည် ကွတ်ခိုင်မြို့တွင် ငလျင်ဒဏ်အတွက် အလှူငွေ ကောက်ခံသည့် နေရာ၌ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နေ့လယ် ၁၁ နာရီခွဲတွင် ကွတ်ခိုင်မြို့မဈေး နေရာ၌ ကိုးကန့်တပ်ဖွဲ့ MNDAA...

ပင်လုံမြို့ သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် (၄) ဦး သေဆုံး

သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ခြင်းကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် ဆိုင်ရှင်မိသားစု (၄) ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နံနက် ၁ နာရီခွဲကျော်တွင် ပင်လုံမြို့ ရပ်ကွက် (၁) ဈေးအရှေ့ဘက်ရှိ...

တောင်ကြီး ငလျင်လှုပ်ပြီးနောက် လျှပ်စစ်မီးပြတ်တောက်နေပြီး ရေပြတ်လပ်၊ ရေကို အလုယက်ဝယ်သုံးနေရ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ငလျင်လှုပ်ပြီးနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက် ခံထားရသောကြောင့် ရေပြတ်လပ်နေကြသည်ဟု စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် တောင်ကြီးတွင် လျှပ်စစ်မီး ပြတ်တောက်ခံထားရသောကြောင့် သုံးရေအတွက် အခက်အခဲရှိနေပြီး ရေကို ဈေးကြီးပေး၍ အလုအယက် ဝယ်ယူအသုံးပြုနေကြရသည်ဟု မြို့ခံများထံမှ သိရသည်။ “ရေမချိုးရတာ သုံးရက်ရှိပြီ၊...

Sky Villa Condo ပြိုကျမှုအောက်ပျောက်ဆုံးနေသည့် သမီးကို မူဆယ်ကနေမိဘများ လာရောက်ငိုယိုစောင့်ဆိုင်း  

စစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့က ပြိုကျပျက်စီးသွားသည့် Sky Villa Condo တွင်ပိမိပျောက်ဆုံးနေသော သမီးဖြစ်သူအား မူဆယ်ကမိဘများကလာရောက်စောင့်ဆိုင်းကာ ငိုကြွေးအားပေးစကားပြောဆိုနေသည့် ဗီဒီယိုဖိုင် လူမှုကွန်ယက်စာမျက်နှာတွင်ပျံ့လာသည်။ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် မန္တလေး Sky Villa ကွန်ဒိုကြီးအောက် အသက် ၂၄ နှစ်အရွယ်မူဆယ်သူ...

“ရေနစ်တာထက် တအိမ်လုံးပြိုကျပြီး ရေအောက်ထဲပိသွားတဲ့အတွက် မိသားစုလိုက်ပါသွားတယ်” 

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်း ငလျင်သည် မတ် ၂၈ရက်မွန်းလွဲပိုင်းတွင်လှုပ်ခတ်ခဲ့သည်။ ထိုငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း တို့တွင် အထိအခိုက်ပျက်စီးဆုံးရှုံးမှု နှင့် လူအသေပျောက်အများဆုံးဖြစ်ခဲ့ပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များလည်း သွားရောက်ကူညီကြသည်။ အလားတူ သျှမ်းပြည်တွင်းလည်း ငလျင်ဒဏ်ကြောင့် တောင်ကြီး...

Latest news