Tuesday, January 27, 2026

ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာလုပ်ကိုင်သူ မြန်မာအပါအဝင် ဝန်ထမ်းအမျိုးသမီး ၁၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ Chet Yot လမ်းပေါ်ရှိ တရားမဝင်အနှိပ်ခန်းတွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာ ၁ ဦးအပါအဝင် ဆိုင်ဝန်ထမ်း အမျိုးသမီး ၁၇ ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အသက်မပြည့်သေးသည့် အမျိုးသမီးငယ်အပါအဝင် အမျိုးသမီးများ ပြည့်တန်ဆာလုပ်ငန်း၌ လုပ်ကိုင်နေကြောင်း သတင်းရရှိသည့်အတွက် ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဌာန (လဝက)နှင့် ရဲ တပ်ဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ မေလ ၁၂ ရက် ည ၁၁ နာရီတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ယနေ့ထုတ် Chiang Mai News သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ထိုင်းလဝကနှင့် ရဲများသည် ဧည့်သည် အယောင်ဆောင်၍ ပြည့်တန်ဆာများနှင့် ပျော်ပါးရန် ဆက်သွယ်ခဲ့ပြီးနောက် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် ဆိုင်ဝန်ထမ်း အမျိုးသမီး ၁၇ ဦးကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ချင်းရိုင်း ထိုင်းရဲတပ်ဖွဲ့မှ လိုင်စင်မရှိ ပြည့်တန်ဆာလုပ်သူများကို ဖမ်းဆီးနေစဉ်

အဆိုပါ ဖမ်းဆီးရမိသော အမျိုးသမီး ၁၇ ဦးတွင် နိုင်ငံမဲ့ ၁၅ ဦး၊ ထိုင်းနိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦး တို့ဖြစ်ပြီး အသက် (၁၈) နှစ်အောက် အမျိုးသမီးသမီးငယ် ၂ ဦးနှင့် အသက် ၄၀ နှစ်အရွယ် အမျိုးသမီး မန်နေဂျာတစ်ဦး ပါဝင်ကြောင်း သိရသည်။ ၎င်းတို့သည် တရားဝင်အဖြစ် မှတ်ပုံတင်ထားခြင်း မရှိကြောင်း Chiang Mai News သတင်းတစ်ပုဒ်၌ ဖော်ပြထားသည်။

ဆက်စပ်ဖော်ထုတ် စစ်ဆေးမှုများအရ အမျိုးသမီး ဝန်ထမ်းများသည် ဖောက်သည်များကို တစ်နာရီလျှင် ဘတ် ၁,၀၀၀ မှ ၃,၀၀၀ အတွင်း ဝန်ဆောင်မှုပေးပြီး ဝန်ထမ်းများ၏ အသက်နှင့် အသွင်အပြင်ပေါ် မူတည်၍ ပေးဆောင်ရသည်ဟုလည်း အဆိုပါသတင်း၌ ဖော်ပြထားသည်။

ထို့ပြင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ ဝန်ထမ်း ၁၇ ဦးသည် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံသည့်အတွက် ဥပဒေအရေ အရေးယူသွားနိုင်ရန် ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အဖမ်းအဆီးကြမ်းနေသည့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ သတိထားရန်လို

0
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေး အရှိန်တိုးမြှင့် လုပ်ဆောင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် ယခုရက်ပိုင်းအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံခြားသားများကို တားမြစ်ထားသော လုပ်ငန်းအမျိုးအစားများတွင် လုပ်ကိုင်နေသူများအား တစ်နိုင်ငံလုံးအနေဖြင့် ရှာဖွေဖမ်းဆီးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက...

ထိုင်းရောက် မြန်မာများ ဥပဒေနှင့် စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာရန် NUG အသိပေး

0
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းများ၊ စည်းကမ်းများအပါအဝင် မြန်မာနိုင်ငံသားများ လိုက်နာနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အချက် ၄ ချက်ကို ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်အသိပေး လိုက်သည်။ အဆိုပါထုတ်ပြန်ချက်ထဲတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ၏...

ဘတ်ရိုက်ခြင်း (သို့မဟုတ်) ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းကြသူများ

0
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဒီဇင်ဘာလ ၁၂ ရက်မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် Work Permit (ဝေါ့ခ်ပါမစ်) အသစ်ပြုလုပ်ပေးရန် အမည်စာရင်း တင်သွင်းနိုင်ပြီဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ယခုအခါ အလုပ်လုပ်ခွင့်လက်မှတ် (ဝေါ့ခ်ပါမစ်) ပြုလုပ်ရန်...

“၁၀၂၇ စစ်ဆင်ရေး”အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး

0
“အဲ့နေ့က ကျမတို့ ကျည်ထိပြီး သေပြီထင်ခဲ့တာ။ အိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံးကျတယ်၊ ပြီးတော့ မိုးကလည်းရွာ။ လက်နက်ကြီးသံကြား သမီးက တစ်ဖက်၊ ၇ လအရွယ် သားငယ်လေးက တစ်ဖက်နဲ့ အရဲစွန့်ပြီး ထွက်ပြေးရတာ”ဟု *နန်းလောဝ်ခမ်းတစ်ယောက် စစ်ဘေးရှောင်ခဲ့ရသည့် အကြောင်းအား ပြန်ပြောနေသည်။ *နန်းလောဝ်ခမ်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ထိုအဖြစ်အပျက်သည်...

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသော မြန်မာ ၁၆၂ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၆၂ ဦးကို ကန်ချနပူရီခရိုင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၉) ရက် နံနက် ၉ နာရီခွဲတွင် ကန်ချနပူရီခရိုင် ဘန်ဟင်လမ် ကျေးရွာအုပ်စု အမှတ် ၅ အတွင်းရှိ တောထဲတွင် တရားမဝင်...