ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာလုပ်ကိုင်သူ မြန်မာအပါအဝင် ဝန်ထမ်းအမျိုးသမီး ၁၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ Chet Yot လမ်းပေါ်ရှိ တရားမဝင်အနှိပ်ခန်းတွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာ ၁ ဦးအပါအဝင် ဆိုင်ဝန်ထမ်း အမျိုးသမီး ၁၇ ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အသက်မပြည့်သေးသည့် အမျိုးသမီးငယ်အပါအဝင် အမျိုးသမီးများ ပြည့်တန်ဆာလုပ်ငန်း၌ လုပ်ကိုင်နေကြောင်း သတင်းရရှိသည့်အတွက် ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဌာန (လဝက)နှင့် ရဲ တပ်ဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ မေလ ၁၂ ရက် ည ၁၁ နာရီတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ယနေ့ထုတ် Chiang Mai News သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ထိုင်းလဝကနှင့် ရဲများသည် ဧည့်သည် အယောင်ဆောင်၍ ပြည့်တန်ဆာများနှင့် ပျော်ပါးရန် ဆက်သွယ်ခဲ့ပြီးနောက် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် ဆိုင်ဝန်ထမ်း အမျိုးသမီး ၁၇ ဦးကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ချင်းရိုင်း ထိုင်းရဲတပ်ဖွဲ့မှ လိုင်စင်မရှိ ပြည့်တန်ဆာလုပ်သူများကို ဖမ်းဆီးနေစဉ်

အဆိုပါ ဖမ်းဆီးရမိသော အမျိုးသမီး ၁၇ ဦးတွင် နိုင်ငံမဲ့ ၁၅ ဦး၊ ထိုင်းနိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦး တို့ဖြစ်ပြီး အသက် (၁၈) နှစ်အောက် အမျိုးသမီးသမီးငယ် ၂ ဦးနှင့် အသက် ၄၀ နှစ်အရွယ် အမျိုးသမီး မန်နေဂျာတစ်ဦး ပါဝင်ကြောင်း သိရသည်။ ၎င်းတို့သည် တရားဝင်အဖြစ် မှတ်ပုံတင်ထားခြင်း မရှိကြောင်း Chiang Mai News သတင်းတစ်ပုဒ်၌ ဖော်ပြထားသည်။

ဆက်စပ်ဖော်ထုတ် စစ်ဆေးမှုများအရ အမျိုးသမီး ဝန်ထမ်းများသည် ဖောက်သည်များကို တစ်နာရီလျှင် ဘတ် ၁,၀၀၀ မှ ၃,၀၀၀ အတွင်း ဝန်ဆောင်မှုပေးပြီး ဝန်ထမ်းများ၏ အသက်နှင့် အသွင်အပြင်ပေါ် မူတည်၍ ပေးဆောင်ရသည်ဟုလည်း အဆိုပါသတင်း၌ ဖော်ပြထားသည်။

ထို့ပြင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ ဝန်ထမ်း ၁၇ ဦးသည် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံသည့်အတွက် ဥပဒေအရေ အရေးယူသွားနိုင်ရန် ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...