ပင်လောင်းမြို့နယ် ဗန်းမောက်ရွာ စစ်ကောင်စီဒရုန်းဗုံးကြောင့် စစ်ဘေးရှောင် (၂)ဦးသေဆုံး၊ (၇) ဦးဒဏ်ရာရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံအစပ်ရှိ ဗန်းမောက်ရွာတွင် စစ်ကောင်စီ၏ ဒရုန်းဗုံးကြဲချခြင်းကြောင့် မိန်းကလေးတစ်ဦး အပါအဝင် စစ်ဘေးရှောင် နှစ်ဦး သေဆုံးပြီး (၇) ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃၁ ရက်)တွင် ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်အစပ်ရှိ ဗန်းမောက်ရွာနှင့် အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)...
ဖယ်ခုံမြို့ကို PDF ပူးပေါင်းတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ဟု သတင်းအမှားဖြန့်
သျှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့ကို ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် KO Thet ချန်နယ်လ်မှ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး“ကယန်းပြည်သစ်နဲ့ NUG ဒေါခင်မြတ်ဦး၊ ပျားစစ်ကြောင်း ဗျူဟာမှူးဆင့်ရှိ ဌေးမြင့်လှိုင်တို့ ပတ်သတ်မှုရှိနေကြောင်း သိရှိရပြီး NLD...
ပင်လောင်းတွင် သူခိုးများသောင်းကျန်းမှုကြောင့် ဒေသထွက် သီးနှံများ ပျက်စီးပျောက်ဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ တောင်ဘက်ရှိ ကျေးရွာများတွင် သူခိုးများ သောင်းကျန်းမှုကြောင့် ဒေသထွက် သီးနှံများ ပျက်စီးပျောက်ဆုံးသွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှ စပြီး ပင်လောင်းမြို့ တောင်ဘက်နှင့် နောင်တရားမြို့အနီး ကျေးရွာများတွင် သူခိုးများ သောင်းကျန်းမှုကြောင့် ဒေသခံများ၏ သီးနှံများ ပျောက်ဆုံးမှုရှိလာပြီး...
ကွတ်ခိုင်မြို့ပေါ် စစ်ကောင်စီတပ် လေကြောင်းထပ်မံ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၁ ဦးသေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသား (၁) ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁ ရက်) နံနက်အစောပိုင်း ၃ နာရီခွဲကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၂)...
မူဆယ်မြို့ အမည်မသိလက်နက်ကိုင် ROXY KTV အနား ဗုံး၂လုံးပစ်သွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ ROXY KTV အနား ဗုံး၂လုံးလာပစ်သွား ပြီး တစ်လုံးပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃၀)ရက်နေ့ ညနေ ၇ နာရီခွဲဝန်းကျင်တွင်အမည်မသိနက်လက်ကိုင်တပ်ဖွဲ့ မြို့လမ်းမကြီးရှိ ROXY KTV အနား ဗုံး၂ လုံးလာရောက်ပစ်သွားပြီး တစ်လုံးပေါက်ကွဲခဲ့ကြောင်း မြို့နယ်ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...
ပင်လောင်းမြို့နယ် ပအိုဝ်းပြည်သူ့စစ် PNO က ဒေသခံများကို သေနက်ပစ်ခြိမ်းခြောက်ငွေတောင်း
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာနှင့် စစ်ဆေးရေးဂိတ်များတွင် သေနက်ပစ်ခတ် ခြိမ်းခြောက်၍ ငွေညှစ်တောင်းခံပြီး ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ပင်လောင်းမြို့နယ်တောင်ပိုင်း လုံကန်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က လုံကန်ကျေးရွာ စစ်ဆေးရေးဂိတ်တွင် ဒေသခံအမျိုးသားနှစ်ဦးကို သေနက်ပစ်ခတ်...
သျှမ်း-မန္တလေးနယ်စပ် နောင်ချိုမြို့နယ်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်က မန္တလေး-PDF တပ်ဖွဲ့ ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများ ချုပ်နှောင်ထားရာ အချုပ်ဆောင်ကို ဒုတိယအကြိမ် လေကြောင်းထပ်မံ ဗုံးကြဲခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃၀ ရက်) နံနက်(၁) နာရီခန့်တွင် သျှမ်း-မန္တလေးနယ်စပ် နောင်ချိုမြို့နယ်အတွင်း မန္တလေး-PDF တပ်ဖွဲ့မှ စစ်သုံ့ပန်းများ...
သီပေါမြို့ တိုက်ပွဲငြိမ်သက်သော်လည်း ဒေသခံများ နေရပ်မပြန်ရဲကြသေး
သျှမ်းပြည် သီပေါမြို့နယ်တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း လက်ရှိအချိန်ထိ ဒေသခံများ နေရပ်ပြန် နေထိုင်ရန် စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၃) ရက်တွင် သီပေါမြို့ရှိ စစ်ကောင်စီလက်ကျန် ခလရ-(၂၃) တပ်ရင်းကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ငြိမ်သက်သွားခဲ့သည်။ သီပေါမြို့အတွင်း၌...
ထိုင်းနိုင်ငံတွင် CI စင်တာ ပြန်ဖွင့်မည်
ရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificate of Identity (CI) ထုတ်ပေးသည့်စင်တာတစ်ခုကို ထိုင်းနိုင်ငံ စမွတ်ဆာခွန်းခရိုင်တွင် ပြန်ဖွင့်ပေးမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလမှစတင်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသည့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား များအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်စာအုပ် လျှောက်ထားနိုင်သည့် CI စင်တာတစ်ခုကို စမွတ်ဆာခွန်းခရိုင်၌ ဖွင့်ပေးမည်ဖြစ်ကြောင်း...
လွိုင်ကော် စစ်ဘေးရှောင် မိခင်နှင့် ကလေးငယ် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်
SHAN -
ကရင်နီပြည် လွိုင်ကော်မြို့ရှိ စစ်ရှောင်ပြည်သူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် လွိုင်ကော်စစ်ဘေးရှောင် ပြည်သူများသည် စစ်ဘေးတင်သာမက ရေဘေးကိုပါ ထပ်မံကြုံတွေ့ရပြီးနောက် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များသည် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက် ပြသရန် လမ်းကြောင်းခက်ခဲနေသည်။ ထို့ပြင် ဆေးရုံတွင်လည်း ဆေးဝါးနှင့် ကုသမှုဆိုင်ရာ...





