Wednesday, January 28, 2026

KIA ထိန်းချုပ် မြန်မာ-တရုတ်နယ်စပ်ဂိတ်များ နှစ်ဘက်ပြန်ဖွင့်သော်လည်း ဖြတ်သန်းခွင့် မရသေး

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIO/KIA) ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ကချင်ပြည်နယ်ရှိ KIA ထိန်းချုပ်ထားနိုင်သည့် တရုတ်နယ်စပ်ဂိတ်များ ပြန်ဖွင့်နေသော်လည်း ဖြတ်သန်းခွင့်မရသေးကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဒီဇင်ဘာလ ၁၃ ရက်) နံနက်ပိုင်းမှ စတင်ပြီး ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားနိုင်သည့် မြန်မာ-တရုတ် နယ်စပ်တလျှောက် ဂိတ်များအားလုံးတွင် အတားအဆီးများ ဖယ်ရှားပြီး နှစ်ဘက်စလုံးမှ ပြန်လည်ဖွင့်လှစ်ထားသော်လည်း ယာဉ်နှင့် ကုန်ပစ္စည်းများအပြင် လူဖြတ်သန်းခွင့် မရသေးကြောင်း သိရသည်။

“ဖွင့်တာကတော့ ပြောပါတယ်၊ တံခါးတွေဖွင့်တာ ဂိတ်ဝတွေ ဖွင့်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် လူတွေဝင်ထွက်လို့တော့ မရဘူး၊ ကားတွေလည်း ပေးမဝင်ဘူး ပေးမထွက်ဘူး။ လူလည်း ပေးမဝင်ဘူး ပေးမထွက်ဘူး ဖြစ်နေတာ၊ ပစ္စည်းတွေလည်း ဝင်ထွက်လို့ မရဘူး အဲ့လိုအခြေအနေ ဖြစ်နေတာ”ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောဆိုသည်။

ကချင် -တရုတ်နယ်စပ်ဂိတ်

မြန်မာ-တရုတ် နယ်စပ်တလျှောက်ရှိ KIA ထိန်းချုပ်ထားသည့် ကန်ပိုက်တည်၊ လွယ်ဂျယ်၊ လိုင်ဇာ၊ မိုင်ဂျာယန်၊ ပန်ဝါ စသည့် နယ်စပ်ဂိတ်များအားလုံး ပြန်လည်ဖွင့်လှစ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

KIA ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ၏ တရုတ်နိုင်ငံ ခရီးစဉ်မှ ပြန်မရောက်မီအချိန်တွင် KIA ထိန်းချုပ်ထားသည့် တရုတ်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်သော်လည်း ဆွေးနွေးမှုရလဒ် အခြေအနေကို မသိရှိရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

“အစည်းအဝေးမှာ ဘာတွေဆွေးနွေးလဲဆိုတာ ကျနော်တို့လည်း မကြားသိရဘူးပေါ့။ ကျနော်တို့ ဉက္ကဋ္ဌကြီး အဖွဲ့တွေလည်း ပြန်မလာသေးဘူး။ ဘာကြောင့်ဖွင့်တယ်၊ ဘာရည်ရွယ်ချက်နဲ့ ပြန်ဖွင့်တယ် ဆိုတာကိုတော့ ကျနော်တို့ ပြောလို့ အဆင်မပြေဘူး၊ ဘာမှ မကြားသိရဘူးပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ် အထူးဒေသ-(၁)ကို KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တရုတ်နယ်စပ်တလျှောက် တိုက်ပွဲပြင်းထန်ခဲ့ခြင်းကြောင့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ ပိတ်ပင်ထားခဲ့သည်။

လတ်တလော ဗန်းမော်မြို့အထိ KIA တပ်ဖွဲ့မှ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး အခြားတဘက်တွင် KIA ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့် အဖွဲ့သည် တရုတ်နိုင်ငံမှ ဖိတ်ခေါ်မှုကြောင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) နှင့် တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...