KIA ထိန်းချုပ် မြန်မာ-တရုတ်နယ်စပ်ဂိတ်များ နှစ်ဘက်ပြန်ဖွင့်သော်လည်း ဖြတ်သန်းခွင့် မရသေး

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIO/KIA) ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ကချင်ပြည်နယ်ရှိ KIA ထိန်းချုပ်ထားနိုင်သည့် တရုတ်နယ်စပ်ဂိတ်များ ပြန်ဖွင့်နေသော်လည်း ဖြတ်သန်းခွင့်မရသေးကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဒီဇင်ဘာလ ၁၃ ရက်) နံနက်ပိုင်းမှ စတင်ပြီး ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားနိုင်သည့် မြန်မာ-တရုတ် နယ်စပ်တလျှောက် ဂိတ်များအားလုံးတွင် အတားအဆီးများ ဖယ်ရှားပြီး နှစ်ဘက်စလုံးမှ ပြန်လည်ဖွင့်လှစ်ထားသော်လည်း ယာဉ်နှင့် ကုန်ပစ္စည်းများအပြင် လူဖြတ်သန်းခွင့် မရသေးကြောင်း သိရသည်။

“ဖွင့်တာကတော့ ပြောပါတယ်၊ တံခါးတွေဖွင့်တာ ဂိတ်ဝတွေ ဖွင့်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် လူတွေဝင်ထွက်လို့တော့ မရဘူး၊ ကားတွေလည်း ပေးမဝင်ဘူး ပေးမထွက်ဘူး။ လူလည်း ပေးမဝင်ဘူး ပေးမထွက်ဘူး ဖြစ်နေတာ၊ ပစ္စည်းတွေလည်း ဝင်ထွက်လို့ မရဘူး အဲ့လိုအခြေအနေ ဖြစ်နေတာ”ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောဆိုသည်။

ကချင် -တရုတ်နယ်စပ်ဂိတ်

မြန်မာ-တရုတ် နယ်စပ်တလျှောက်ရှိ KIA ထိန်းချုပ်ထားသည့် ကန်ပိုက်တည်၊ လွယ်ဂျယ်၊ လိုင်ဇာ၊ မိုင်ဂျာယန်၊ ပန်ဝါ စသည့် နယ်စပ်ဂိတ်များအားလုံး ပြန်လည်ဖွင့်လှစ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

KIA ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ၏ တရုတ်နိုင်ငံ ခရီးစဉ်မှ ပြန်မရောက်မီအချိန်တွင် KIA ထိန်းချုပ်ထားသည့် တရုတ်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်သော်လည်း ဆွေးနွေးမှုရလဒ် အခြေအနေကို မသိရှိရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

“အစည်းအဝေးမှာ ဘာတွေဆွေးနွေးလဲဆိုတာ ကျနော်တို့လည်း မကြားသိရဘူးပေါ့။ ကျနော်တို့ ဉက္ကဋ္ဌကြီး အဖွဲ့တွေလည်း ပြန်မလာသေးဘူး။ ဘာကြောင့်ဖွင့်တယ်၊ ဘာရည်ရွယ်ချက်နဲ့ ပြန်ဖွင့်တယ် ဆိုတာကိုတော့ ကျနော်တို့ ပြောလို့ အဆင်မပြေဘူး၊ ဘာမှ မကြားသိရဘူးပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ် အထူးဒေသ-(၁)ကို KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တရုတ်နယ်စပ်တလျှောက် တိုက်ပွဲပြင်းထန်ခဲ့ခြင်းကြောင့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ ပိတ်ပင်ထားခဲ့သည်။

လတ်တလော ဗန်းမော်မြို့အထိ KIA တပ်ဖွဲ့မှ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး အခြားတဘက်တွင် KIA ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့် အဖွဲ့သည် တရုတ်နိုင်ငံမှ ဖိတ်ခေါ်မှုကြောင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) နှင့် တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...