Wednesday, January 28, 2026

CATEGORY

စစ်ရေး

မိုးကုတ်၊ မိုးမိတ်မြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရေးအတွက် TNLA အင်အားဖြည့် ဖြန့်ကြက်ချထား

သျှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်းနယ်စပ်ရှိ မိုးကုတ်၊ မိုးမိတ်မြို့များထဲသို့ စစ်ကော်မရှင်တပ်များ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် TNLA က စစ်အင်အား ဖြန့်ကြက်ချထားကာ လုံခြုံရေး ယူပေးနေကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

လားရှိုး စစ်ကော်မရှင်တပ်က ကုန်တင်ယာဉ်တစ်စီးကို သေနတ်ဖြင့် ပစ်ခတ်၊ ဒေသခံထိတ်လန့်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ကုန်ပစ္စည်းတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးရန် အမိန့်ပေးရာမှ ယာဉ်မောင်းက မရပ်ဘဲ ဆက်မောင်းခဲ့ခြင်းကြောင့် စစ်ကော်မရှင်တပ်က သေနတ်ဖြင့် ပစ်ခတ်သည်ဟု ဒေသခံများက ပြောသည်။

ဖယ်ခုံမြို့နယ် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီး ၃ ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း ကရင်နီအစပ် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီး ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

လားရှိုး- မိုင်းရယ်ကြား ဈေးဆိုင်ဆိုင်းဘုတ်များ တရုတ်စာထည့်ရန် MNDAA ညွှန်ကြား

သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်ဆိုင်းဘုတ်များကို မြန်မာစာ၊ သျှမ်းစာအပြင် တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရေးသားရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ညွှန်ကြားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

စစ်ရေးမတည်ငြိမ်မှုကြား လားရှိုးတက္ကသိုလ်ပြန်ဖွင့်နိုင်ရေး စစ်ကောင်စီပြင်ဆင်နေ

သျှမ်းပြည်မြောက်ပိုင်း မြို့တော် လားရှိုးမြို့တွင် စစ်ရေးမတည်ငြိမ်မှုများကြားမှပင် လားရှိုးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ပြင်ဆင်နေကြောင်း ဒေသခံ ကျောင်းသူ ကျောင်းသားများ ပြောပြချက်အရ သိရသည်။

သျှမ်းမြောက်လမ်းပိုင်းအား စစ်ကော်မရှင်နှင့် MNDAA အပြန်အလှန်ပိတ်ဆို့၍ လူထုအခက်ကြုံ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နှင့် သီပေါမြို့ကြားရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာပေးရန် စစ်ကောင်စီတပ်က ဖိအားပေးမှုကြောင့် နှစ်ဘက်စစ်ရေး ပြန်လည်တင်းမာလာပြီး အပြန်အလှန် လမ်းပိတ်ဆို့မှု များကြောင့် ပြည်သူများ သွားလာရေးခက်ခဲနေကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့တွင် TNLA နှင့် စစ်ကောင်စီ ထပ်မံဆွေးနွေးခဲ့၊ တပ်ဆုတ်မည့်အစီအစဉ် အတည်မပြုနိုင်သေး

သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကောင်စီနှင့် TNLA နှစ်ဘက်ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံပြီး မိုးကုတ်မြို့၊ မိုးမိတ်မြို့တို့မှ တပ်ဆုတ်မည့် အစီအစဉ်ကို ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။

နမ့်လန် – ရပ်စောက်လမ်း စစ်ကော်မရှင်တပ်က ယာယီပိတ်ထား

သျှမ်းပြည် မြောက်ပိုင်း နမ့်လန် - ရပ်စောက် သွားသည့် ပြည်ထောင်စုလမ်းပိုင်းကို စစ်ကော်မရှင်တပ်က လမ်းများကို ယာယီပိတ်ထားကြောင်းသတင်းရရှိသည်။ ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) မနက်ပိုင်းမှစပြီး နမ့်လန်မြို့ မှ ရပ်စောက်သွားသည့်လမ်းပိုင်းကို စစ်ကော်မရှင်တပ်က လမ်းများကို ယာယီပိတ်လိုက်ကြောင်း နမ့်လန်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်သံတော်ဆင့်ကို ပြောသည်။ “နမ့်လန်...

ဖယ်ခုံမြို့နယ် စစ်ကောင်စီတပ် ဒရုန်းကြောင့် တော်လှန်ရေးတပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးတပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

PNOခေါင်းဆောင် ခရိုနီ နေဝင်းထွန်း ကိုယ်တိုင် စံကားဒေသ ဆင်းပြီး ရှေ့တန်းထွက်ရန် တပ်သားခေါ်နေ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို ရှေ့တန်းတွင် စစ်တိုက်ထွက်ရန် အတင်းဖိအားပေးခေါ်ယူ နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်မှစပြီး PNOခေါင်းဆောင် ခရိုနီနေဝင်းထွန်းကိုယ်တိုင် စံကားဒေသ ထီရီးကျေးရွာ၊ နမ့်ဗွန်ကျေးရွာ၊ ရေပူကျေးရွာ နှင့် ညောင်လေးပင်း ကျေးရွာသို့ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံချိန်တွင်...

Latest news