Saturday, May 4, 2024

CATEGORY

စစ်ရေး

သျှမ်းတောင်ရောက် ကရင်နီ စစ်ဘေးရှောင်များအတွက် အရေးပေါ် အကူအညီများ လိုအပ်နေ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်း၊ ညောင်ရွှေ၊ အင်းလေးနှင့် ဆီဆိုင် ဒေသများတွင် ကရင်နီပြည်မှ အရေးပေါ် တိမ်းရှောင်လာရသူများအတွက် အရေးပေါ် အကူအညီများလိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူများထံ စုံစမ်းသိရသည်။ ကရင်နီပြည်တွင် ဖြစ်ပွားသော တိုက်ပွဲများနှင့်၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက် မှုများကြောင့် ကရင်နီပြည်သူများမှာ နီးစပ်ရာ သျှမ်းတောင် ဒေသအသီးသီးသို့...

ကရင်နီပြည် ဖုန်းလိုင်းများ ပြတ်တောက်ခံရ

ကရင်နီ(ကယား)ပြည် တွင် မြို့သိမ်းတိုက်ပွဲများ ဆင်နွဲနေသည့် "၁၁.၁၁ စစ်ဆင်ရေး"နောက်ပိုင်းတွင် စစ်ကောင်စီမှ ဖုန်းလိုင်းများအားလုံးကို ဖြတ်တောက်လိုက်ကြောင်း စုံစမ်းသိရသည်။ ကရင်နီ(ကယား)ပြည် လွိုင်ကော်တွင် “၁၁.၁၁ စစ်ဆင်ရေး” မြို့သိမ်းတိုက်ပွဲများ ဆင်နွဲနေပြီး (နိုဝင်ဘာလ ၂၂ ရက်) နံနက်ပိုင်းတွင် ဖုန်းလိုင်းများအားလုံးကို ဖြတ်တောက်သွားကြောင့် ပြည်သူဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဖုန်းလိုင်းတွေဖြတ်ထားတာ...

မုံးကိုးမြို့ ဘုန်းကြီးကျောင်းရှိ ကိုရင်များကို MNDAA တပ်ဖွဲ့ စစ်သားစုဆောင်းမှု ပြုလုပ်

သျှမ်းပြည် မူဆယ်ခရိုင် မုံးကိုးမြို့အတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ဘုန်းကြီးကျောင်းမှ ဆရာတော် အပါအဝင် ဒေသခံပြည်သူများကိုပါ စစ်သားစုဆောင်းမှု ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် MNDAA တပ်ဖွဲ့သည် မုံးကိုးမြို့ ဘုန်းကြီးကျောင်းရှိ ကိုရင်များကို လူဝတ်လဲပြီး စစ်သားစုဆောင်းမှု ပြုလုပ်ခြင်း၊...

သီပေါမြို့ပေါ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်

သျှမ်းပြည် သီပေါမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် သီပေါဒေသခံ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက် ၅ နာရီအချိန်ခန့်မှစ၍ သီပေါမြို့တွင် လက်နက်ကြီးသံများ စတင်ကြားရပြီး စံဖိတ်ကွက်သစ် ရပ်ကွက်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ လုံခြုံရေးစိုးရိမ်ခြင်းကြောင့်...

မူဆယ် (၁၀၅) မိုင် ဘုန်းကြီးကျောင်းထဲ ဒရုန်းဗုံး ပြုတ်ကျ ပေါက်ကွဲမှုကြောင့် ကိုရင်ကြီး တစ်ပါးထိ

မြန်မာ-တရုတ်ကုန်သွယ်ရေးဇုန် မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် အောက်နမ့်ဟွယ်ကျေးရွာရှိ ဘုန်းကြီးကျောင်းထဲ ဒရုန်း ဗုံးပြုတ်ကျပြီး ပေါက်ကွဲမှုကြောင့် ကိုရင်ကြီး တစ်ပါး ထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးများ ပျက်စီးသွားခဲ့ကြောင်း စုံစမ်း သိရသည်။ မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် အောက်နမ့်ဟွယ်ကျေးရွာရှိ ဇေယျမင်္ဂလာကျောင်းတိုက် အတွင်းတွင်...

လောက်ကိုင်မြို့တွင် လက်နက်ကြီးကြောင့် လူ ၆ ဦးသေဆုံး၊ အများအပြား ဒဏ်ရာရ

သျှမ်းပြည် လောက်ကိုင်မြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက် ၈ နာရီခွဲဝန်းကျင်တွင် လောက်ကိုင်မြို့အထွက် တုန်ချိန်နှင့် ဆယ်တန်ဂိတ်တို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့်...

အောင်ပန်းမြို့ ရောက် စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်အခဲမှုရှိနေ

သျှမ်းပြည် အောင်ပန်းမြို့သို့ လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်အခဲနှင့် အနွေးထည်များလိုအပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီတကြော “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် နိုဝင်ဘာလ ၁၅ ရက်မှထွက်ပြေးလာပြီး၊ လက်ရှိမှာ သျှမ်းပြည် အောင်ပန်းမြို့ရှိ ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးအိမ်များသို့ လာရောက် စစ်ဘေးရှောင်နေကြပြီး စားဝတ်နေရေး နှင့် အနွေးထည်များ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက...

သီပေါမြို့တွင်း လက်နက်ကြီး အရပ်သား ၁ ဦးထိ ပွဲချင်းပြီးသေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် သီပေါမြို့ရှိ စံဖိတ်ရပ်ကွက်တွင် လက်နက်ကြီး ကျ‌ရောက်ပေါက်ကွဲခြင်းကြောင့် ပြည်သူ ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက် ၁၀ နာရီခွဲခန့် သီပေါမြို့ စံဖိတ်ကွက်သစ် ရပ်ကွက်တွင်...

လားရှိုးမြို့နယ် ညီနောင်မဟာမိတ်ဖွဲ့ ပြည်သူနေအိမ် ဝင်ရောက်ဖျက်ဆီး၊ ပြည်သူ ၁ ဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်အုပ်စုတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြည်သူနေအိမ်များကို ဝင်ရောက်ဖျက်စီးနေပြီး တိုက်ပွဲကာလ သုံးပတ်အတွင်း ပြည်သူ ၁ ဦး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နှင့် မိုင် ၆၀ အကွာရှိ မိုင်းယော်တိုက်နယ်၊ မိုင်းကျက်အုပ်စုတွင် အခြေစိုက်သော စစ်‌ကောင်စီတပ်ကို “၁၀၂၇ စစ်ဆင်ရေး”...

စစ်ရှောင်များ ဧည့်စာရင်း တိုင်ကြားရသည့်ကိစ္စ စိုးရိမ်မှုရှိနေ

သျှမ်းပြည် တောင်ကြီးခရိုင်အတွင်းသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် ဧည့်စာရင်းတိုင်ကြားရသည့် အတွက် စိုးရိမ်စိတ်များရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်း - ကရင်နီ နယ်စပ်တကြော “၁၁.၁၁ စစ်ဆင်ရေး” တိုက်ပွဲများကြောင့် တောင်ကြီးခရိုင်၊ မြို့အတွင်းသို့ ဝင်ရောက် ခိုလှုံလာသည့် စစ်ရှောင်များအတွက် ဧည့်စာရင်းများတိုင်ကြားရသဖြင့် စစ်ဘေးရှောင် ပြည်သူများ နှင့် ဒေသခံများက...

Latest news