CATEGORY

စစ်ရေး

စည်ပင်ဘတ်ဂျက် လုံလောက်မှု မရှိသဖြင့် ဆီဆိုင်မြို့ ရေလုံလောက်စွာ မရရှိ

သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာနမှ ဘတ်ဂျက်မလုံလောက်မှုနှင့် လျှပ်စစ်မီး မရရှိခြင်းတို့ကြောင့် ဒေသခံများ ရေလုံလောက်စွာ မရကြောင်း သတင်းရရှိသည်။ ဆီဆိုင်မြို့နယ်တွင် လျှပ်စစ်မီးကို လုံလောက်စွာ မရရှိသည့်အပြင် မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာနမှ ဘတ်ဂျက် မလုံလောက်မှုများကြောင့် ရေသွယ်တန်းခြင်း၊ သယ်ယူပို့ဆောင်ပေးခြင်းနှင့် ရေတင်ရန် အခက်အခဲများ ဖြစ်နေပြီး...

လွိုင်လင်တိုးဂိတ်အနီး စစ်ကောင်စီလက်အောက်ခံ မူးယစ်ပူးပေါင်းအဖွဲ့မှ ကားသမားများကို အကြောင်းမဲ့ စစ်ဆေးခြိမ်းခြောက်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့အထွက် တိုးဂိတ်အနီးတွင် စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ပူးပေါင်းအဖွဲ့များမှ ကားသမားများကို အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ (၈) ရက် ည ၈ နာရီကျော်အချိန်တွင် လွိုင်လင်မြို့အထွက် တိုးဂိတ်အနီးရှိ စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး...

ကွတ်ခိုင် KIA ဆက်ဆံရေးရုံးမှ တပ်သား ၄၀ နီးပါးကို TNLA ကားတင်ပြီး နမ့်ဖတ်ကာဘက် ပို့ဆောင်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ သာလွန်အင်အား အသုံးပြု၍ ကချင်လွတ်လပ်‌ရေးတပ် KIA ဆက်ဆံရေးရုံးရှိ တပ်သား ၄၀ ခန့်ကို ကားတင်ပြီး နမ့်ဖတ်ကာဘက်သို့ ပို့ဆောင်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၇ ရက်) ညနေ ၃ နာရီခွဲခန့်တွင်...

လားရှိုး MNDAA မှ တစ်လတိတိ ဖမ်းဆီးထားသည့် မိန်းကလေး ပြန်လည်လွတ်မြောက်လာ

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဖမ်းဆီးထားသည့် အသက်(၁၅)နှစ်အရွယ် နန်းယိင်းဟွမ်မှာ ဖမ်းဆီးခံရပြီး တစ်လတိတိတွင် ပြန်လည်လွတ်မြောက်လာကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၇ ရက်) ညနေ ၃ နာရီခွဲတွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံမွန်းဘုန်းကြီးကျောင်းတွင် အခြေချတပ်စွဲထားသည့် ကိုးကန့်တပ်ဖွဲ့...

ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာအများစု ရေရှားပါးမှု ကြုံနေရ

သျှမ်းပြည် ပင်လောင်းမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ရေရှားပါးမှု ပြဿနာများကြုံတွေ့ နေရကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများဖြစ်သည် ဝါလီးကျေးရွာ၊ တောင်လေးကျေးရွာ၊ ပင်ခွန်ကျေးရွာ၊ နမ့်ဖာမူကျေးရွာ၊ ဆောင်းခါးကျေးရွာ၊ ဝါးပြုံးကျေးရွာ၊ ဆောင်ပြောင်းကျေးရွာ ၊ထီဗွားကျေးရွာ နှင့် လိန့်ညားကျေးရွာများတွင် အဝီစိတွင်းရေများ မရှိသည့်အပြင် မိုးရေ...

မုံးစီးတွင် သေနတ်ပစ်ခံရပြီး သေဆုံးသူများကို ယနေ့ အသုဘချမည်၊ ဒဏ်ရာရသူများအတွက် MNDAA မှ ဆေးကုသစရိတ် ကျခံမည်ဟုဆို

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် MNDAA ၏ ရွှေတူးဖော်မှုကို သွားရောက်ကန့်ကွက်စဉ် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ (၆) ဦးကို ယနေ့ အသုဘချမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မတ်လ ၅ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပိန်းခမ်ရွာရှိ ရေထွက်နေရာ၌ ရွှေတူးဖော်နေသည့် တရုတ်လူမျိုးများနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...

နောင်ချို စစ်ရှောင်များ ဝမ်းရေးအတွက် ကြံခုတ်သည့် နေ့စားအလုပ် ရပ်နားထားရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် နေထိုင်သည့် စစ်ရှောင်များသည် ဝမ်းရေးအတွက် ကြံခုတ်ပြီး ဝမ်းရေးဖြေရှင်းနေရပြီး လက်ရှိတွင် စစ်ကောင်စီနှင့် TNLA ပူပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်မှုကြောင့် ရပ်နားထားရကြောင်း သတင်းရရှိသည်။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ၂၀၂၄ ခုနစ် ဇူလိုင်လတွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )နှင့်...

စံကားဒေသတွင် PNO မှ ဆက်ကြေး ထပ်မံကောက်ခံနေ

သျှမ်းပြည် ‌ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO)မှ ဒေသခံများထံ ဆက်ကြေးအခွန်များ ထပ်မံကောက်ခံ နေကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ၂၀၂၅ မတ်လမှ စတင်ပြီး စံကားဒေသရှိ ပြည်သူများထံ ကားရှိသော အိမ်များကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO)က ဆက်ကြေး အခွန်များ ထပ်မံကောက်ခံနေကြောင်း အသက်...

ညောင်ရွှေရောက် စစ်ဘေးရှောင်များကို ရိက္ခာဖြတ်တောက်ထားပြီး အတင်းအဓမ္မ နေရပ်ပြန်ခိုင်း

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံတွင်နေထိုင်သည့် စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာများကို ဖြတ်တောက်လိုက်ပြီး အတင်းအဓမ္မ နေရပ်ပြန်ခိုင်းနေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် တွင် လာရောက်စစ်ရှောင်နေကြသူများကို ယခု မတ်လ အတွင်း နေရပ်ပြန်ကြရန် သက်ဆိုင်ရာအာဏာပိုင်များမှ အတင်းဖိအားပေး လက်မှတ်ထိုးခိုင်းကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ အချို့သော စစ်ရှောင်များမှာ နေရပ်ပြန်သွားကြသော်လည်း...

ရွှေတူးဖော်မှု ကန့်ကွက်သည့် မုံးစီးဒေသခံများကို MNDAA သေနတ်ပစ်ခတ်၍ (၆) ဦးသေဆုံး၊ ဖြေရှင်းပေးရန် ဒေသခံများ ဆန္ဒပြ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် ရွှေတူးဖော်မှုကို သွားရောက်ကန့်ကွက်သည့် ဒေသခံများနှင့် MNDAA ရုံးရင်းဆန်ခတ်ဖြစ်ပွားပြီး‌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စုစုပေါင်း (၆) ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၅ ရက်) နေ့လယ်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု...

Latest news