စစ်ကောင်စီက ငလျင်ကြောင့် ဝမ်းနည်းသော်လည်း ကျေးရွာကိုမှု လေကြောင်းဖြင့် ဆက်ဗုံးကြဲတိုက်ခိုက်နေ

မြန်မာနိုင်ငံတွင် အလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးရမှုများအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက်အဖြစ် ယနေ့ မတ်လ ၃၁ ရက်နေ့၌ ထုတ်ပြန်ကြေညာထားသည်။

မတ်လ ၃၁ ရက်မှ ဧပြီ ၄ ရက်အထိ ၇ ရက်တာကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက်အဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာလိုက်သည်။

မတ်လ ၂၈ ရက်နေ့က မန္တလေးအနီး ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် အင်အားရစ်ချ်တာစကေး ၇ ဒဿမ ၇ ရှိ အလွန်ပြင်းထန်သော ငလျင်ကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးရမှုများကို ၃ ရက်ကြာမှ ဝမ်းနည်းကြောင်း စစ်ကောင်စီက ကြေညာလိုက်ခြင်း ဖြစ်သည်။

သို့သော် စစ်ကောင်စီတပ်သည် သျှမ်းပြည် မြောက်ပိုင်း၊ ကရင်နီ၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း မတ္တရာမြို့နယ်နှင့် မကွေးတိုင်း ကမ္မမြို့နယ် စသည့်နေရာများကို ဗုံးကြဲဆက်တိုက်ခိုက်နေလျက်ရှိသည်။

ယနေ့ (မတ်လ ၃၁) ရက် နံနက် ၁၀ နာရီအချိန်တွင် နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာကို စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA ၏ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင်လည်း နိုင်ငံတဝှမ်း အင်အားပြင်း ငလျင်လှုပ်ခတ်နေသည့်အချိန်တွင် နောင်ချိုမြို့နယ် နောင်လင်ကျေးရွာအတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ နေအိမ် ၃ လုံးနှင့် စာသင်ကျောင်း ၂ ကျောင်း ထိမှန်ပျက်စီးပြီး၊ ဓနုတပ် -DPLA စစ်မေ ၆ ဦးနှင့် တပ်သား ၁ ဦး စုစုပေါင်း ၇ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်အချိန်တွင် ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အတွင်းတွင်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး ၂ လုံး တိုက်ခိုက်မှုပြုလုပ်ရာတွင် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးထိခိုက်ဖျက်ဆီးသွားကြောင်း ဒေသခံတစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။

မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ပြီးနောက်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးသာ ဒုက္ခရောက်နေချိန်အတွင်း စစ်ကောင်စီတပ်သည် အခွင့်ကောင်းယူပြီး စစ်ရှောင်နေအိမ်နှင့်ကျေးရွာများတွင် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းသည် စာနာထောက်ထားမှုကင်းမဲ့သည့် လုပ်ရပ်ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

“ငလျင်လှုပ်လို့ ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်ကို စစ်တပ်က အခွင့်ကောင်းယူပြီးဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်တယ်။ မနေ့က ညနေပိုင်း ကရင်နီပြည်ဘက်မှာ ဗုံးကြဲလို ၁ဦးထိသွားတယ်။ နေအိမ်တွေလည်းပျက် ဘေးကင်းမလားလို့ စစ်ရှောင်နေလဲလက်နက်ကြီးတွေနဲ့ မကင်းနိုင်ပါလား”ဟု ၎င်းက ပြောသည်။

ထို့အပြင် သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့တွင် ယခင် မတ်လအတွင်းတွင် TNLAပူပေါင်းတပ် နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများပြင်းထန်လျက်ရှိပြီး ပြီးခဲ့သည့် မတ်လ ၂၈ရက်နေ့ ငလျင်လှုပ်ပြီးနောက် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်တိုက်ခိုက်နေကြောင်း နှစ်ဖက်လုံးတွင် ထိခိုက်သေဆုံးသူလည်း ရှိနေကြောင်းနောင်ချိုဒေသခံတစ်ဦးက ပြောသည်။

“အဲနေ့ ငလျင်လှုပ်ပြီး စစ်တပ်က လေယာဉ်နဲ့ ဗုံးတွေကြဲတယ်။ လေယာဉ်တွေ ၂ စီး၃စီးလောက်နဲ့ အပြင်းအထန်ကို လာကြဲသွားတယ်။ နှစ်ဖက်စလုံးက တပ်သားတွေထိခိုက်သေဆုံးသူလည်း များတယ်လို သိရတယ်။ အုမ္မခါးရွာဆို နေအိမ် ၃ အိမ်မီးလောက်ဖျက်ဆီးသွားတယ်။ အခု ၃ ရက်လောက်တော့ တိုက်ပွဲတွေ ပြန်ငြိမ်သွားတယ်”ဟု၎င်းက ပြောသည်။

အလားတူ ပြီးခဲ့သည့် မတ်လ (၂၆) ရက်ကလည်း နောင်ချိုမြို့နယ် သုံးဆယ်ရွာ၊ရွှေညောင်ပင်ရွာနှင့် အုမ္မခါးရွာတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂) စီးဖြင့်
လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး (၂) ဦး အပါအဝင် အရပ်သား (၄) ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြန်မာနိုင်ငံတဝှမ်းလုံး အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်နေစဉ် သျှမ်းပြည်နောင်ချိုမြို့နယ်သို့ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီသည် လူသေဆုံးမှုနှင့်ထိခိုက်ပျက်စီးမှု များပြားသည့် ငလျင်ဒဏ်သင့် သျှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းအပါအဝင် ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့် နေပြည်တော်တို့ကို အရေးပေါ်အခြေအနေကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။