သျှမ်းပြည် မန်တုံမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ် KIA ၏ တိုက်နယ်ရုံးနှင့် ဂိတ်နေရာကို TNLA မှ ဝင်ရောက်စီးနင်းပြီး နေရာပြောင်းရွှေ့ခိုင်းခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၂၃) ရက် နံနက်ပိုင်းတွင် မန်တုံမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ် KIA တောင်ပိုင်းတိုင်း လက်အောက်ခံ တပ်ရင်းများမှ လောင်ကျယ်၊ ရောင်ကျိန်းနှင့် မန်ပန်ကျေးရွာတို့တွင်...
တောင်းခမ်းဒေသ (၃၅၄) အမြောက်တပ်ထဲ လက်နက်ကြီး ကျကွဲ စစ်ကောင်စီလက်နက်တိုက် မီးလောင်
သျှမ်းပြည် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ (၃၅၄) အမြောက်တပ်ရင်းထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ကောင်စီ လက်နက်တိုက် မီးလောင်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) နံနက်ပိုင်းမှ စတင်ပြီး နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ စစ်ကောင်စီ အမြောက်တပ်ရင်းဌာနချုပ်ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA...
စံကားမြို့ရှိ စစ်ဘေးရှောင် ၅၀၀ ထဲမှ ကလေးငယ်များအတွက် ကျန်းမာရေး အကူအညီလိုအပ်
သျှမ်းပြည် ညောင်ရွှေမြို့နယ် စံကားမြို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀ ထဲမှ ကလေးငယ်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ နောက်ဆုံးပတ်မှ စတင်၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များသည် ညောင်ရွှေ - ပင်လောင်း - ဖယ်ခုံမြို့နယ် အစပ်တို့တွင် စစ်ရေးတင်းမာမှုကြောင့်...
ဟိုပုံးတွင် အသုံးမပြုတော့သည့် စက်များကအစ PNO အခွန်ပေးကောက်နေ
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ရှိကျေးရွာများထဲသို့ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်သားများသည့် အသုံးမပြုတော့သည့် စက်များကအစ အခွန်လိုက်လံကောက်ယူနေပြီး၊ မပေးဆောင်နိုင်ပါက ကျေးရွာမှ ဖယ်ထုတ်မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသည့် ဒေသခံများ၏ သတင်းပေးပို့ချက်အရသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၇)ရက်မှ စပြီး PNO/PNA တပ်သားများသည် ဟိုပုံးမြို့နယ်ရှိ ကျေးရွာများထဲသို့ အသုံးမပြုသော...
ဖယ်ခုံမြို့ စစ်ကောင်စီမှ ပြည်သူ့နေအိမ် မီးရှို့ဖျက်ဆီးပြီး၊ ပစ္စည်းများဝင်ရောက်ခိုးယူ
သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်မှ ယခု ရက်ဆက်တိုက် ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်းအတွင်း ပစ္စည်းဝင်ရောက်ခိုးယူမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၀ ရက်)နေ့မှ စတင်ပြီး ယနေ့အထိ စစ်ကောင်စီတပ်သည် ဖယ်ခုံမြို့ပေါ်ရှိ ဒေသခံ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အတွင်းရှိ ပစ္စည်းများ ဝင်ရောက်ခိုးယူမှု...
ရန်ကုန်နှင့် ပဲခူး တိုက်ပွဲစတင်ဖော်ဆောင်တော့မည် ဟု NUG အစိုးရ ပြော
ရန်ကုန်နှင့် ပဲခူးတိုင်းတို့ကို ပြန်လည်စိုးမိုးရန်အတွက် တိုက်ပွဲစတင်ဖော်ဆောာင်တော့မည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်သည်။ ရန်ကုန်သို့ ဦးတည်သည့် စစ်ရေးဖော်ဆောင်မှုများအတွက် ထပ်ရွှေ့ပြောင်းမည့် တပ်ရင်းတပ်ဖွဲ့များကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သွားရောက်တွေ့ဆုံခဲ့စဉ် ပြောဆိုခဲ့သည် ရုပ်သံကို NUG က ဖေဖော်ဝါရီ ၁၃ ရက်နေ့၌...
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ တောင်းခမ်းအမြောက်တပ်ရင်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၃ ရက်) နေ့လယ် ၁ နာရီခွဲတွင် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တောင်ရှည်ရွာနှင့် မန်မော်ရွာကြား စစ်ကောင်စီတပ်နှင့်...
Eugene -
သျှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်မှ ပြည်သူများအား ပအိုဝ်းပြည်သူ့စစ် PNA/PNO မှ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်မှုများရှိလာပြီး လူမျိုးရေးအမုန်းတရားများကိုပါ ဝါဒဖြန့်ပြုလုပ်လာကြောင်း စစ်ရာဇဝတ်မှုများအားမှတ်တမ်းတင်နေသည့် Burma War Crimes Investigation (BWCI) မှ အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် တွင် စစ်ရာဇဝတ်မှုများအားမှတ်တမ်းတင်နေသည့် (BWCI)...
အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ကျားဖြန့်နှိမ်နှင်းရေး ကြောင့် စစ်ကောင်စီသည် အဘက်ဘက်မှ ဖိအားများရင်ဆိုင်နေရသည်။ တရုတ်ဖိအားပေးမှုကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီသည် တရုတ်-မြန်မာနယ်စပ် ဒေသတစ်လျှောက်ရှိ ကျားဖြန့်လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကိုးကန့်ခေါင်းဆောင်များအပါအဝင် တရုတ်နိုင်ငံသားအများအပြားကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ရသည်။ ထိုအချိန်တွင်...
မန့်ဝိန်းကြီးဒေသကို စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
ကချင်ပြည်နယ် မံစီမြို့နယ် မန့်ဝိန်းကြီးဒေသ အတွင်းရှိ ကျေးရွာကို စစ်ကောင်စီက ယမန်နေ့ (ဖေဖော်ဝါရီ ၂၃ ရက်) ညသန်းခေါင်ယံ ၁၁ နာရီခွဲခန့်တွင် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲသည့် မံစီမြို့နယ် မန့်ဝိန်းကြီးဒေသ မန့်ပန်ကောင်းမူးကျေးရွာ (ဝၢၼ်ႈပၢင်ႇၵွင်းမူး) သည်...





