Tuesday, January 27, 2026

တရုတ်၏ မြန်မာ့တည်ငြိမ်ရေးနှင့် စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒမပြောင်းလဲဟု တရုတ်သံမတ်ကြီးပြော

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတံ့ခိုင်မြဲရေးကို လေးစားပြီး မည်သည့် အခြေအနေပြောင်းလဲမှုမျိုးတွင်မဆို တရုတ်နိုင်ငံ၏ မူဝါဒ ထာဝစဉ်မပြောင်းလဲကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားက ပြောသည်။

ယနေ့ မေလ ၅ ရက် စစ်ကောင်စီလက်အောက်ခံ မြန်မာအလင်းသတင်းစာမှ ဖော်ပြသော တရုတ်သံအမတ်ကြီး မစ္စမာကျားရေးသားသည့် ဆောင်းပါးထဲတွင် ထိုကဲ့သို့ထည့်သွင်းပြောဆိုထားခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ရာတွင် မြန်မာနိုင်ငံအား တက်ကြွစွာ ကူညီပေးခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့ကောင်းကျိုး သယ်ပိုးရေး စသည့်မူဝါဒများ ထာဝစဉ်မပြောင်းလဲကြောင်း ဆောင်းပါး၌ ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် ငလျင်သည် ကမ္ဘာမြေကြီးကို အက်ကွဲစေခဲ့သော်လည်း တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဖြတ်တောက်၍ မရသလို ကံကြမ္မာတူ၊ ဖေးမကူသော စိတ်ဓာတ်နှင့် ယုံကြည်မှုကိုလည်း မလှုပ်ခတ်နိုင်ကြောင်း ဆိုထားသည်။

တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အနေဖြင့် တရုတ်အစိုးရ၏ ခြိမ်းခြောက်မှုနှင့် ဖိအားပေးမှုများ ခံနေရသည်ဟု ယမန်နေ့ မေလ ၄ ရက်တွင် တရားဝင်ပြောဆိုလာပြီးနောက် နေ့စဉ်သတင်းစာ၌ တရုတ်၏မူဝါဒအကြောင်း သံအမတ်ကြီး၏ ဆောင်းပါး ပါဝင်လာခြင်း ဖြစ်သည်။

တရုတ်အစိုးရကြားဝင်မှုကြောင့် ဧပြီလ ၁၉ ရက်နေ့မှစ၍ လားရှိုးမြို့တွင် စစ်ကောင်စီနှင့် အုပ်ချုပ်ရေး ယန္တရားအဖွဲ့များ ပြန်လည်ဝင်ရောက်လာပြီး ကိုးကန့်တပ် MNDAA တပ်ဖွဲ့များ ခုတ်ခွာပေးရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်သံအမတ် တာချီလိတ်ရှိ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု သွားရောက် စစ်ဆေး

0
မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည် တာချီလိတ်မြို့ ရှိ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် တည်ဆောက်ထားသော ၀မ်ပုံရေကြောင်းရဲတပ်ဖွဲ့စခန်းအတွင်း အဆောက်အဦးများ နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ရော်ဘာကုန်ထုတ်လုပ်ရေး စင်တာကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Ms. Ma Jia က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Ms....