Saturday, January 31, 2026

CATEGORY

စစ်ရေး

လားရှိုးမြို့ထဲ စစ်ကောင်စီအရာရှိအချို့ စတင်ဝင်ရောက်လာပြီး MNDAA၊ တရုတ်တို့နှင့် သုံးပွင့်ဆိုင်အစည်းအဝေးပြုလုပ်

သျှမ်းပြည် လားရှိုးမြို့ထဲသို့ စစ်ကောင်စီတပ်မှ အရာရှိအချို့ စတင်ဝင်ရောက်လာပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တရုတ်အစိုးရကိုယ်စားလှယ်များနှင့် သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁၇ ရက်) နေ့လယ်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ ရပ်ကွက် (၂) ရှိ...

ချောင်းဦးတွင် ငါးယှန်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ပြီး ဝါဒဖြန့်သူများက PDF များဟု စွပ်စွဲ၍ သတင်းအမှားဖြန့်

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ် ငါးယှန်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များ မီးရှို့ခဲ့ပြီးနောက် PDF များက ကျေးရွာစာသင်ကျောင်းနှင့် နေအိမ် များကိုမီးရှို့ဖျက်ဆီးခဲ့သည်ဟု ဧပြီ ၈ ရက်တွင် စစ်ကောင်စီတပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။ SittNwayOo တယ်လီဂရမ်ချန်နယ် က ဧပြီ ၈ ရက် မနက်ပိုင်းတွင် “ချောင်းဦးမြို့နယ်...

ညီနောင်မဟာမိတ်သုံးဖွဲ့ “၁၀၂၇ စစ်ဆင်ရေး”နှင့်အတူ တော်လှန်ရေးအောင်ပွဲ ရောက်သည်အထိ စည်းလုံးညီညွတ်မည်ဟုဆို

ညီနောင်မဟာမိတ် (၃) ဖွဲ့သည် အခက်အခဲ ဖိအားပေါင်းစုံနည်းလမ်းမျိုးစုံဖြင့် အတူတကွကျော်ဖြတ်ပြီး “၁၀၂၇ စစ်ဆင်ရေး” စီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိအောင် စည်းလုံးညီညွတ်ကြမည်ဟု TNLA နှင့် MNDAA တို့က AA ထံ ပေးပို့သည့် သဝဏ်လွှာတွင် ပြောဆိုလိုက်သည်။ ယနေ့ (ဧပြီလ ၁၀ ရက်)...

သိန္နီမြို့နယ်တွင် အမျိုးသားတစ်ဦး ခြံသန့်ရှင်းရေးလုပ်ရာ မြေမြုပ်မိုင်းနင်းမိ ခြေထောက်နှစ်ဖက်ဆုံးရှုံး 

သျှမ်းပြည် သိန္နီမြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်နင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံး ခဲ့ရကြောင်း သိရသည်။  ယမန်နေ့ ( ဧပြီလ ၈ ရက် ) မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် သိန္နီမြို့နယ် ပန်စုံကျေးရွာနေ အမျိုးသားတစ်ဦးသည် အိမ်ခြံဝန်းအတွင်း သန့်ရှင်းရေးလုပ်ရာမှ မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ‌သျှမ်းသံတော်ဆင့်ကို...

တောင်းခမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြည့်တင်းနေ

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ အမြောက်တပ်ရင်းများတွင် စစ်ကောင်စီနှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်း ဖြည့်တင်းနေကြောင်း သတင်းရရှိသည်။ ဧပြီလ(၂)ရက်နေ့မှ (၂၂)နေ့အထိ ရက်ပေါင်း (၂၀)ကြာ TNLAတို့ အပစ်အခတ် ရပ်စဲကြောင်း စစ်ကောင်စီဘက်မှ ကြေညာထားသော်လည်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသသို့ စစ်အင်အား...

သိန္နီမြို့ တပိုင်တနိုင်စျေးသည်များထံ MNDAA က အခွန်ကောက်မည်

“၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စီးပွားရေး ကြပ်တည်းမှုနှင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာကို ရင်ဆိုင်ရသော သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ တစ်ပိုင်တစ်နိုင် ဈေးရောင်းချပြည်သူများကို ကိုးကန့်တပ် (MDNAA) ထံ အခွန်ဆောင်ရမည်ဟု သတင်းရရှိသည်။ သိန္နိမြို့ကို ကိုးကန့်တပ် MNDAA က ထိန်းချုပ်လာသည့် တစ်နှစ်ကျော်ကာလအတွင်း မြို့တွင်း ပြန်လည်စည်းကား...

KIO/KIA နှင့် PSLF/TNLA နှစ်ဘက်တပ်ဖွဲ့ ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေး စတင်

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA နှစ်ဘက်တပ်ဖွဲ့ ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးများ စတင်နေပြီဖြစ်ကြောင်း ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် က ပြောဆိုလိုက်သည်။ ယနေ့ (ဧပြီလ ၉ ရက်) နေ့စွဲဖြင့် ကချင်လွတ်လပ်ရေးကောင်စီ(KIC) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ၎င်း၏...

လားရှိုးမြို့အတွင်း တိုက်ပွဲကြောင့် ပျက်စီးသွားသည့်နေအိမ်များကို ကိုးကန့်တပ်ဖွဲ့က လျော်ကြေးပေး

သျှမ်းပြည် လားရှိုးမြို့တွင် မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေသခံ နေအိမ်များကို ကိုးကန့်တပ်ဖွဲ့က လျော်ကြေးပေးခဲ့ကြောင်း သတင်းသိရသည်။ လားရှိုးမြို့ပေါ်တွင် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ တိုက်ပွဲများကြောင့် ဒေသခံနေအိမ်များသည် လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများ ခံခဲ့ရပြီး ဒေသခံနေအိမ်...

လောက်ကိုင်မြို့ အောက်မေ့ဖွယ်အခမ်းအနားသို့ MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင် တက်ရောက်

“၁၀၂၇ စစ်ဆင်ရေး”အပါအဝင် တိုက်ပွဲအတွင်း ကျဆုံးခဲ့သော MNDAA ရဲဘော်များကို မြှုပ်နှံထားသည့် လောက်ကိုင်မြို့ ရန်လုံကျိုင်းရှိ အာဇာနည်ဗိမာန်တွင် ဧပြီလ (၂) ရက်နေ့က အောက်မေ့ဖွယ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင်လည်း တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း ကိုးကန့်သတင်းအေဂျင်စီက ထုတ်ပြန်လိုက်သည်။ တော်လှန်ရေးအတွက် အသက်ပေးဆပ်ခဲ့ကြသည့် MNDAA...

တရုတ်စီစဉ်မှုဖြင့် စစ်ကောင်စီကိုယ်စားလှယ် သင်္ကြန်မတိုင်မီ UWSA ထိန်းချုပ် ပန်ဆန်းမြို့ သွားရောက်ရန်ရှိ

သျှမ်းပြည် ‘ဝ’ဒေသအတွင်း UWSA ထိန်းချုပ် ပန်ဆန်းမြို့သို့ တရုတ်နိုင်ငံ၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီကိုယ်စားလှယ်များ သင်္ကြန်မတိုင်မီ သွားရောက်တွေ့ဆုံရန် ရှိနေကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၁၃ ရက်တွင် စတင်မည့် သင်္ကြန်ကာလ မတိုင်မီတွင် UWSA ထိန်းချုပ် ‘ဝ’ဒေသ ပန်ဆန်းမြို့သို့ တရုတ်အာဏာပိုင်များ၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီကိုယ်စားလှယ်များ...

Latest news