Tuesday, January 27, 2026

ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် မပါဝင်ရန် ထိုင်းရောက်မြန်မာများကို NUG သတိပေး

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် မပါဝင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ သတိပေးစာ ထုတ်ပြန်လိုက်သည်။

ယနေ့ (ဇူလိုင် ၂ ရက်) တွင် ထုတ်ပြန်ခဲ့သည့် NUG ၏ အသိပေးမေတ္တာရပ်ခံချက်ထဲတွင် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းနိုင်ငံသားများ စုဝေးဆန္ဒပြသည့် နေရာများအား ရှောင်ရှားကြရန်၊ ထိုင်းနိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်း မပြုကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

မြန်မာနိုင်ငံ၏ တိုင်းပြည်အခြေအနေ အရပ်ရပ်ကြောင့် အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေရသည့်အားလျော်စွာ ယာယီခိုလှုံနေထိုင်လျက်ရှိသည့် နိုင်ငံ၏ ဥပဒေ၊ ဓလေ့ထုံးတမ်း၊ လူမှုအသိုင်းအဝိုင်းများနှင့် သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေး လွန်စွာအရေးကြီးခြင်းကြောင့် ထိုင်းရောက်မြန်မာနိုင်ငံသားများ အဘက်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ပေးရန် ဆိုထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်တွင် ဘန်ကောက်မြို့ရှိ အနုစာဝရီ ကျောက်တိုင် (Victory Monument) ၌ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ် ရာထူးမှ နုတ်ထွက်ပေးရန် ထိုင်းပြည်သူများ ဆန္ဒပြနေစဉ် ၎င်းနေရာအနီးသို့ ကားတစ်စီးဖြင့် ရောက်ရှိလာသော မြန်မာနိုင်ငံသား (၇) ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား (၁) ဦးတို့ကို ထိုင်းရဲတပ်ဖွဲ့က မသင်္ကာဖြစ်၍ စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ၎င်းတို့၏ နိုင်ငံကူးလက်မှတ် ပက်စ်ပို့စာအုပ်များ၊ ဝေါ့ခ်ပါမစ် အလုပ်လုပ်ခွင့်လက်မှတ်နှင့် ထိုင်းနိုင်ငံသို့ ဝင်ထွက်သွားလာသည့် မှတ်တမ်းများကို ထိုင်းရဲတပ်ဖွဲ့မှ တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ခေါ်ယူစစ်ဆေးခံရသည့် မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံသားများကို ပြန်လွှတ်၊ မလွှတ် လက်ရှိအချိန်ထိ မသိရသေးဘဲ နိုင်ငံရေးအပြောင်းအလဲ တောင်းဆိုသည့် ဆန္ဒပြနေရာအနီးသို့ လာရောက်ပါက စုံစမ်းစစ်ဆေးရမည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက ပြဿနာရှာ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီးဟု စစ်တပ်ထောက်ခံသူများ ဝါဒဖြန့်

0
ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီး နေရကြောင်းဆိုကာ Ba Kaung အမည်ရှိ လူမှုကွန်ရက်စာမျက်နှာ အကောင့်တစ်ခုမှ ဇန်နဝါရီလ ၁၇ ရက်တွင် ရေးသားဖြန့်ဝေခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းစွာနေလိုသည့် မြန်မာများက တော်လှန်ရေးထောက်ခံသူများကို လက်မခံဘဲ ထိုင်းရဲများထံသို့ တိုင်းကြားသတင်းပေး ကြရန်...

PDFက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG ရဲ့ ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်လို့ သတင်းမှားဖြန့်ချိ

0
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်ဆိုပြီးစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။ အဲ့ဒီအကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်ကပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီးတော့ ဝင်ရောက်ကြည့်ရှု့သူ နှစ်သောင်းလေးထောင်ကျော်ရှိနေပြီး ပြန့်နှံ့မှုတွေ များနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို...

“ကျနော်တို့ပြည်သူတွေ ဒီတော်လှန်ရေးမှာ နိုင်ရာဝန်ကို ထမ်းပြီး တော်လှန်ဖို့ လိုတယ်”

0
“၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မဟာမိတ်များ ဦးဆောင်၍ စစ်ကောင်စီအား ဖယ်ရှားနိုင်ခဲ့သည့် နယ်မြေများကို အခြေခံပြီး တော်လှန်ရေးကာလ ပြည်သူ့အစိုးရတစ်ရပ်ကို သင့်လျော်သည့် ပြည်သူလူထု ကိုယ်စားလှယ်များဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဖွဲ့စည်းနိုင်ရန် အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု တအာင်းနိုင်ငံရေး အတိုင်ပင်ခံကောင်စီမှ...

အာဆီယံဥက္ကဋ္ဌနှင့် NUG ဝန်ကြီးချုပ် အွန်လိုင်းမှတဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီကိစ္စ ဆွေးနွေး

0
အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်တို့ အွန်လိုင်းမှတဆင့် မိနစ် (၄၀) ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၁၈ ရက်) နံနက်ပိုင်းတွင် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် နှင့် NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း...

ထိုင်းရောက်မြန်မာများ အလည်ဗီဇာ သက်တမ်းတိုးခက်အောင် စစ်ကောင်စီတင်းကြပ်နေ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အလည်ဗီဇာဖြင့် ထိုင်းနိုင်ငံသို့ လာရောက်သည့် မြန်မာနိုင်ငံသားများ ဗီဇာသက်တမ်းတိုးလိုလျှင် မြန်မာပြည် ရဲစခန်းထောက်ခံစာ ပါရမည်ဟု ကြေညာလိုက်သည်။ ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်နှင့် ခရီးသွားဗီဇာဖြင့် ထိုင်းနိုင်ငံ လာရောက်သူများ ဗီဇာသက်တမ်းတိုးရန် ထောက်ခံစာ ရယူလိုလျှင် မြန်မာနိုင်ငံတွင် နေထိုင်သော ရဲစခန်း/ ရပ်ကွက်မှ...