CATEGORY

စစ်ရေး

စစ်ရေးတင်းမာမှုကြောင့် နေရပ်မပြန် မိုင်းကိုင်စစ်ရှောင်များ စောင်လိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် စစ်ရေး တင်းမာမှု ဆက်လက်ရှိနေသဖြင့် နေရပ်မပြန်နိုင် သေးသည့် စစ်ရှောင်များအတွက် စောင်အထူများ လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။ မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု နှင့် ဟမ်းငိုင်းကျေးရွာအုပ်စု တို့မှာ ကျေးရွာပေါင်း (၂၀) ခန့် ထွက်ပြေးခဲ့ရပြီး စစ်ရှောင် (၃၂၀၀) ကျော် ရှိထားကြောင်းသိရသည်။ “ဆောင်းဝင်လာပြီဆိုတော့ ဒီနေ့မနက်...

ကျောက်မဲစစ်ရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်လုနီးပါး ဖြစ်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ် လုနီးပါး ဖြစ်နေကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ်တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင် ထောင်ချီရှိနေပြီး တိုင်းရင်းသား လက်နက် ကိုင်အကြား စစ်ရေးတင်းမာမှု ရှိနေဆဲဖြစ်သည့်အတွက် နေရပ်မပြန်ရဲသေးကြောင်း၊ ထိုစစ်ရှောင်များ အတွက် စားနပ်ရိက္ခာများ ပြတ်လပ်မည့်အခြေနေဖြစ်နေကြောင်း စစ်ရှောင်ကူညီသူများ...

(၁) လနီးပါး ထွက်ပြေးလာသည့် စစ်ရှောင်တစ်ချို့ နေရပ်သို့ ပြန်သွား

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်များအချို့ နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ (၁၄) ရက်နေ့ကတည်းက သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် ဟိုခဲကျေးရွာအုပ်စုရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။ “မနေ့တော့ တစ်နေ့လုံး လက်နက်သံတွေ မကြားရတော့ဘူး။ ဒီနေ့တော့ မပြောတတ်သေးဘူး။ ဟိုခဲကျေးရွာအုပ်စုထဲက ကျေးရွာ တွေ အများကြီး...

မုံးကိုးမြို့နယ် တိုက်ပွဲများဆက်လက်ဖြစ် စစ်ကောင်စီဘက် စစ်ကူအင်အားချီတက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ် ဖောင်းဆိုင်ဘက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတို့မှ စစ်ကူအင်အား အများအပြား ဆက်လက်ချီတက်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့( အောက်တိုဘာ ၇ )ရက် ညပိုင်းအချိန်မှ စတင်ကာ မုံးကိုးမြို့နယ် ဖောင်းဆိုင်ကျေးရွာတွင် ဖြစ်ပွားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲသည်...

မိုင်းကိုင်မြို့နယ်အတွင်း စစ်ရှောင် (၅၀၀၀) ကျော်ထိရှိလာ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း စစ်ရှောင်များ (၅၀၀၀) ကျော်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်း နှင့် အသိပညာပေးများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ထိုစစ်ရှောင်များသည် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုမှာ (၃၆၀၀) ကျော် ရှိပြီး၊ ဟမ်းငိုင်းကျေးရွာအုပ်စုမှာ (၁၂၀၀) ကျော်ရှိပြီး ၊ ဝိန်းငင်းဘုန်းကြီးကျောင်း (၁၀၀)ကျော်...

မိုင်းကိုင်မြို့နယ် လိမ္မော်ခြံထဲ အရပ်သား(၂)ဦး မိုင်းနင်းမိ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုရှိ လိမ္မော်ခြံတွင် အရပ်သား (၂) ဦး မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။ ဟမ်းငိုင်းကျေးရွာအုပ်စု နော်ဆိုင်ကျေးရွာရှိ လိမ္ပော်ခြံ အတွင်း အောက်တိုဘာ (၅)ရက် ည (၃)နာရီခွဲတွင် အသက် (၅၀) ကျော် အမျိုးသား (၂) ဦး မြေမြုပ်မိုင်း...

မိုင်းကိုင် တိုက်ပွဲကြား ကျည်ထိမှန် အမျိုးသား သေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသား (၄) ဦး လက်နက်ကြီး ထိမှန်သည့် အမျိုးသား (၁) ဦး ယနေ့ အောက်တိုဘာ (၅) ရက် မနက်ပိုင်းမှာ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာ (၄) ရက် ညနေပိုင်းက မိုင်းကိုင်မြို့နယ်...

မိုင်းကိုင်တိုက်ပွဲ အရပ်သား (၄)ဦး လက်နက်ကြီး ထိမှန်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့အတွင်း တိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံ ရွာသား (၄) ဦး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ စက်တင်ဘာ (၄) ရက် ညနေ ၅ နာရီခန့်က ပန်ကေတုကျေးရွာအုပ်စု ကုန်းပေါင်းရွာမှ ဒေသခံ (၄) ဦး လက်နက်ကြီး ထိမှန်ပြီး မိုင်းကိုင်ပြည်သူ့ဆေးရုံသို့...

မူဆယ်မြို့နယ် ကျင်ဆန်ကျော့ တိုက်ပွဲဖြစ် ရဲတစ်ဦး သေဆုံး

တရုတ်- မြန်မာနယ်စပ် မူဆယ်ခရိုင် ကျင်ဆန်ကျော့ တွင် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့တစ်ဦး သေဆုံး သွားကြောင်း သတင်းရရှိသည်။ ယမန့်နေ့ အောက်တိုဘာ (၃) ည (၇) နာရီဝန်ကျင်းတွင် ကျင်ဆန်ကျော့ ဆဲဗင်း...

စစ်ရှောင်ကူညီနေသည့် လဲချားလူငယ် ခြိမ်းခြောက်ခံနေရ

သျှမ်းပြည်တောင်ပိုင်းရှိ စစ်ဘေးရှောင်များကို လိုက်လံကူညီပေးနေသည့် လဲချားလူငယ်များ ယခုရက်ပိုင်း ခြိမ်းခြောက်ခံနေကြောင်း စုံစမ်းသိရသည်။ ယခုရက်တပတ်အတွင်း စစ်ရှောင်များအတွက် လိုက်လံကူညီလုပ်ဆောင်ပေးနေသည့် လဲချားလူငယ်သည် လူမှုကွန်ရက် အင်တာနက်စာမျက်နှာ၊ ဖုန်းဆက်ပြီး ခြိမ်းခြောက်စကားများပြောဆိုခံရကြောင်း လဲချားလူငယ်တစ်ဦး စိုင်းဦး (အမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ ပြီးခဲ့တဲ့ တစ်ပတ်ကတော့ ဖုန်းဆက်ပြီး မင်းက...

Latest news