ကျောက်မဲ စစ်ရှောင်ရာချီ စားနပ်ရိက္ခာနှင့် နေရာ အရေးပေါ် လိုအပ်နေ

သျှမ်းမြောက် ကျောက်မဲမြို့တွင် ယမန်နေ့ (နိုဝင်ဘာ ၄ ရက်)က ထပ်မံရောက်ရှိလာသည့် စစ်ရှောင် ရာချီ အတွက် စားနပ်ရိက္ခာနှင့် နေရာများ အရေးပေါ် လိုအပ်နေကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့နယ် ဟူးစွန်ကျေးရွာအုပ်စုအနီး တိုင်းရင်းသား လက်နက်ကိုင်တပ်များ ဖြစ်သည့် RCSS/SSA နှင့် တပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်မှုကြောင့် ထိုဒေသရှိ ဒေသခံများ စစ်ရှောင်ထွက်ပြေးလာတာြဖစ်ပြီး လက်ရှိတွင် စားနပ်ရိက္ခာနှင့် နေထိုင်ဖို့နေရာ အရေးပေါ် လိုအပ်နေတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“အဓိကတော့ အစားအသောက်နဲ့ သူတို့ နေဖို့ နေရာပေါ့၊ သျှမ်းစာပေမှာက လာပြီး စုနေကြတယ်၊ အဲ့မှာက အမိုး မိုးထားပေမယ့် အကာ မရှိဘူး၊ မိုးကာတွေ၊ အခင်းတွေက အစ လိုအပ်နေတယ်၊ ခုက မိုးလည်း ရွာနေတော့ အရမ်းကို အခက်ခဲဖြစ်နေတာ၊ သူတို့အတွက် နောက်ထပ်နေရာ ရှာနေတုန်းပဲ” ဟု ကျောက်မဲ သျှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်း ဥက္ကဌ လုင်းလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့ပေါ်သို့ ယမန်နေ့က စစ်ရှောင်ထွက်ပြေးလာသည့် ဒေသခံများမှာ ဟူးဆွန်၊ ကြင်ကိုင်၊ ပုံးလုံ၊ ပုံးနွဲ့၊ လွယ်လုံနှင့် အဆိုပါကျေးရွာအနီးတစ်ဝိုက်တို့မှ ဖြစ်ပြီး စစ်ရှောင် (၇၀၀)ကျော်ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ စစ်ရှောင်များအား နမ့်ခုံး ရှမ်းများပရဟိတအသင်း၊ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း၊ ကျောက်မဲ နာရေးကူညီမှုအသင်း၊ ဖိုက်စတားအဖွဲ့နှင့် ဒေသခံတစ်ချို့တို့က ကား အစီး (၃၀)ခန့်ဖြင့် သွားရောက် ခေါ်ဆောင်ခဲ့ပြီး မန်ခါစစ်ရှောင်စခန်းနှင့် သျှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းနေရာတို့တွင် နေရချထာပေးကြောင်း သိရသည်။

ထို့အပြင် ယနေ့ (နိုဝင်ဘာ ၅ ရက်)တွင်လည်း စစ်ရှောင် (၃၀၀)ခန့် ထပ်မံရောက်ရှိမှာဖြစ်ကြောင်း စစ်ရှောင် ကူညီသူများထံမှ သိရသည်။

“တစ်ချို့က မန်ခါဘုန်းကြီးကျောင်းမှာ ရှိနေတယ်၊ သျှမ်းစာပေခန်းမမှာက (၄၀၀)ကျော်ရှိနေပြီ၊ မနေ့ည (၈)နာရီလောက်မှ ထပ်ရောက်လာတာလည်း ရှိတယ်၊ ဒီနေ့လည်း ပရဟိတအဖွဲ့တွေ ထပ်သွားကြိုနေတုန်းပဲ၊ ၃၀၀ လောက် ထပ်ရောက်မယ်လို့ ကြားတယ်” ဟု စစ်ရှောင်ကူညီသူ အမျိုးသား တစ်ဦးက ပြောသည်။

ထို စစ်ရှောင်များရှိသည့် ကျေးရွာသည် ကျောက်မဲမြို့နှင့် (၁၅)မိုင်ခန့်သာ ကွာဝေးသော်လည်း မိုးရွာပြီး လမ်းခက်ခဲ့သည့်အတွက် အချို့ကျေးရွာများထိ သွားရောက်ခေါ်ဆောင်ဖို့ရန် အခက်ခဲများ ကြုံနေရကြောင်း သိရသည်။

မိုင်းငေါ့မြို့ရှိ စစ်ရှောင်များအပါအဝင် ကျောက်မဲမြို့နယ်တွင် စစ်ဘေးရှောင် (၂၅၀၀)ဝန်းကျင်ထိရှိနေပြီး စားနပ်ရိက္ခာနှင့် နေထိုင်ဖို့ နေရာများ ခက်ခဲနေတာဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...