CATEGORY

စစ်ရေး

မိုးမိတ်မြို့နယ် စစ်ကောင်စီ နှင့် SSPP ပြင်းထန်စွာ တိုက်ပွဲထပ်မံဖြစ်ပွားနေ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA )တို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းသိရသည်။ ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၁ နာရီခွဲဝန်းကျင်မှ မွန်းလွဲပိုင်း ၁ နာရီကျော် အထိ အာဏာသိမ်း စစ်ကောင်စီ...

ကျောက်မဲမြို့တွင်း TNLA လူဖမ်းဆီးပြီးနောက် ညမထွက်ရ အမိန့် ထုတ်ပြန်လာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ ကျောက်မဲမြို့ အခွန်လွတ်ဈေးဘက်ရှိ လက်ဘက်ရည်ဆိုင်အတွင်း လူဝင်ဖမ်းဆီးမှု ပြုလုပ်ပြီးနောက် စစ်ကောင်စီမှ ညမထွက်ရအမိန့် ထုတ်ပြန်လာကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၉) ရက် ည ၇ နာရီဝန်းကျင်တွင်...

မိုးမိတ်မြို့နယ် အတွင်း စစ်ကောင်စီ လက်အောက်ခံ နေရာများ ဗုံးပေါက်ကွဲ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းရှိ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံဌာန ဖြစ်ကြသည့် ခရိုင်ရုံးနှင့် မြို့နယ် ထွေအုပ်ရုံးတို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၉ ) ရက် ညနေ ၃ နာရီခွဲကျော်တွင် မိုးမိတ်မြို့ရှိ ခရိုင်ရုံးဝန်းအနီး ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီးနောက်...

မိုးဗြဲမြို့ စစ်ကောင်စီမှ ပြည်သူကို ဒိုင်းကာအဖြစ် အသုံးပြုပြီး တိုက်ခိုက် PDF တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ ယမန်နေ့ စက်တင်ဘာ ၁၉ ရက် တွင် စစ်ကောင်စီက ပြည်သူများကို ဒိုင်းကာအဖြစ်အသုံးပြုပြီး တိုက်ခိုက်ခဲ့သဖြင့် မိုးဗြဲ PDF တပ်ဖွဲ့ ဝင် (၂) ဦး ကျဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၉ ) ရက်...

နောင်ချို အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်မှုကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်မှုကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်သွားရကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ဒုတိယပတ်အတွင်း နောင်ချိုမြို့နယ် စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ လာရောက် ခြိမ်းခြောက်မှုပြုလုပ်သဖြင့် စစ်ဘေးရှောင်များ နေရပ်ပြန်သွားရကြောင်း စစ်ရှောင်ကူညီပေးနေသည့် သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့ ခြိမ်းခြောက်လို့ပဲ...

ပင်လောင်း – လွယ်ကြိန်းကျေးရွာ စစ်ရှောင်ဦးရေ (၁၀၀) ကျော်ထပ်မံရောက်ရှိ စားနပ်ရိက္ခာလိုအပ်

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုပ်ကျေးရွာအုပ်စု လွယ်ကြိန်းကျေးရွာတွင် မိုးဗြဲတိုက်ပွဲကြောင့် စစ်ရှောင် (၁၀၀) ကျော် ထပ်မံရောက်ရှိလာပြီး စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ဒုတိယအပတ်ထဲတွင် လွယ်ကြိန်းကျေးရွာ စစ်ရှောင်ဦးရေ (၁၀၀) ကျော် ထပ်မံရောက်ရှိလာပြီး အဝတ်တစ်ထည် ကိုယ်တစ်ထည်ဖြင့် တိုက်ပွဲရှောင်လာရာ ယခုတွင် စားနပ်ရိက္ခာအတွက်...

မိုးမိတ်မြို့တွင်းရှိ စာသင်ကျောင်းအချို့ကို စစ်ကောင်စီမှ ပိတ်ရန် ညွှန်ကြား

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများ အချို့ကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့မှ ပိတ်ရန် ညွှန်ကြားကြောင်း သတင်းသိရသည်။ မိုးမိတ်မြို့နယ်အတွင်း SSPP/SSA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့ကတည်းက ဝမ်ဘုံကန် (မိုးဘုံကျေးရွာ) မှ အလယ်တန်းကျောင်း နှင့်...

မိုးဗြဲမြို့အတွင်း စစ်ကောင်စီက တပ်ဆွဲနေထိုင်နေ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အတွင်း စစ်ကောင်စီက အင်အားဖြည့်ပြီး ဝင်ရောက်တပ်စွဲနေထိုင်ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၈) ရက် ညနေပိုင်းတွင် မွေတော်ဘုန်းကြီးကျောင်း၊ ကက်သလစ်ဘုရားကျောင်း နှင့် စည်ကားရပ်ကွက်များထဲတွင် စစ်ကောင်စီက အင်အားဖြည့်လာနေကြောင်း သိရသည်။ “မနေ့ ညကတည်းက အင်အားဖြည့်ပြီးတော့ မိုးဗြဲမြို့ထဲဝင်လာတာ။ မွေတော်ဘုန်းကြီးကျောင်းတွေ၊ ကက်သလစ်ဘုရားကျောင်းတွေမှာလည်း အင်အားဖြည့်နေတာ။...

မိုးမိတ်မြို့နယ် (SSPP/SSA) နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ် စစ်ကောင်စီဘက် ၃ ဦးသေ ၊ ၅ ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် ဝမ်အုံကျေးရွာရှိ ဟွေခမ်းတောင်ကြောတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ၃ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့သည်ဟု သိရှိရပါသည်။ ယမန်နေ့ (စက်တင်ဘာ ၁၇) ရက် နံနက် ၇...

ကျောက်မဲမြို့တွင်း စစ်ကောင်စီ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၇) ရက် ည ၇ နာရီဝန်းကျင် တွင် ကျောက်မဲမြို့ ရပ်ကွက် ၈ အခွန်လွတ်ဈေး အနီးတွင် လုံခြုံရေး ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့မှ...

Latest news