Wednesday, February 4, 2026

CATEGORY

စစ်ရေး

ကွတ်ခိုင်မှာ ဗုံးတစ်လုံးပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးရ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ်တောင်ခြေအနီးတွင် ဗုံးတစ်လုံး ပေါက်ကွဲပြီး အမျိုးသား တစ်ဦး ထိခိုက် သေဆုံးရကြောင်း သတင်းသိရသည်။ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် လွိုင်ဆမ်ဆစ်တောင်ခြေဘက် ဦးတည်မောင်းနှင်လာသည့် အမျိုးသားတစ်ဦး ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားရကြောင်း ဖြစ်စဥ်ကို သိသည့် ဒေသခံအမျိုးသား...

မိုးဗြဲမြို့ စစ်ရှောင်စခန်း လက်နက်ကြီးကျ ကလေး(၂) ဦးအပါဝင် (၄) ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် ယနေ့ (စက်တင်ဘာ ၁၆) ရက် နံနက်ပိုင်းတွင် စစ်ရှောင်များနေထိုင်သည့် မွေတော်ကျောင်းထဲသို့ လက်နက်ကြီးကျကာ ကလေး (၂) ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၅) ရက် ညပိုင်းမှ စပြီး...

နောင်ထော်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂၀) ထက်မနည်း သေဆုံးကြောင်း (Pa-O NDF) ထုတ်ပြန်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ဒေသရှိ စစ်ကောင်စီ တပ်စခန်း (၂) ခန်းကို တိုက်ခိုက်ပြီးနောက် တပ်စခန်းမှ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား လူ (၂၀) ဦး ထက်မနည်း သေဆုံးကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၁၂) ရက် နံနက် (၆) နာရီခွဲကျော်အချိန်တွင် ဆီဆိုင်မြို့၏...

မိုးဗြဲမြို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် အရပ်သား ၂ ဦး ထိခိုက်

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ ကက်သလစ်ခရစ်ယာန်ကျောင်းမှ စစ်ကောင်စီတပ်ဖွဲ့များ တပ်ဆုတ်ခွာပြီးနောက် လက်နက်ကြီး ပစ်ခတ်ပြီး လူငယ် (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၃) ရက် ညနေ ၄ နာရီမှ ၇ နာရီအထိ စစ်ကောင်စီက လွိုင်ကော်မြို့နယ်ဘက်မှ မိုးဗြဲမြို့ထဲကို...

နောင်ထော်တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသူသည် PNLO တပ်သားမဟုတ်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားပြီးသည့် နောက်ပိုင်း ဖမ်းဆီးခံရသူသည် PNLO/PNLA တပ်သား မဟုတ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယမန်နေ့ (စက်တင်ဘာ ၁၂) ရက်တွင် ဆီဆိုင်မြို့နယ် နောင်ထော်အနီး စစ်ကောင်စီတပ်ဖွဲ့နှစ်ခုကို PDF တပ်ပေါင်းစုတစ်ခုမှ လာရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက် ရေး...

ကျိုင်းတောင်းမြို့ မဟာဂျာ ပြည်သူ့စစ် တပ်သားသစ်စုဆောင်း

သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA က တပ်သားစုဆောင်းဖို့ ရပ်တန့်ရန်ထုတ်ပြန်ပြီးနောက် မဟာဂျာ (SSS) ပြည်သူ့စစ်က တပ်သားသစ် ကောက်နေကြောင်း စုံစမ်းသိရှိရသည်။ လီဆူးတိုင်းရင်းသား အများဆုံး နေထိုင်သည့် ကျိုင်းတောင်းမြို့ ရပ်ကွက် (၄) ထဲတွင် ယခုလအတွင်း မဟာဂျာဦးဆောင်သည့်...

မိုးဗြဲမြို့ အရပ်သားတစ်ဦး မြေမြှုပ်မိုင်း နင်းမိ၊ ဒဏ်ရာပြင်းထန်

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ PDF တပ်ဖွဲ့မှ နယ်မြေရှင်းလင်းချိန်တွင် အရပ်သားတစ်ဦး မြေမြှုပ်မိုင်း နင်းမိကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၂) ရက် ည ၄ နာရီခွဲဝန်းကျင်တွင် မိုးဗြဲမြို့ ပွဲကုန်း (၂) ရပ်ကွက် ခရစ်ယာန်ကျောင်း ဘောလုံးကွင်းထဲတွင် PDF တပ်ဖွဲ့တို့က...

လဲချားမြို့နယ် လမ်းလုပ်သားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ - လဲချားမြို့နယ်ကြားရှိ လမ်းလုပ်သား တစ်ဦးသည် မိုင်းနင်းမိပြီး သေဆုံးခဲ့ရကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၂) ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် ပင်လုံ - လဲချား ကြားရှိ နောင်လိုင်ကျေးရွာဘက် ကျောက်မိုင်းခွဲနေသည့် လမ်းလုပ်သားအုပ်စုမှ...

ဆီဆိုင်မြို့နယ် စစ်ကောင်စီတပ်စခန်း (၂) ခု တိုက်ခိုက်ခံရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာ ယနေ့ (စက်တင်ဘာ ၁၂) ရက် နံနက် ၆ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီ တပ်စခန်း (၂) ခု တိုက်ခိုက်ခံရကြောင်း စုံစမ်းသိရသည်။ “ဒီနေ့ မနက် ၆ နာရီလောက်မှ သေနတ်သံစကြားရတာ။ ပြောသံကြားတာတော့ PDF တပ်ဖွဲ့က...

နောင်ချိုမြို့နယ် ဘုန်းကြီးကျောင်းထဲ စစ်ကောင်စီဝင်လာချိန် ပစ်ခတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် အထက်ကြူအင်းကျေးရွာထဲ စစ်ကောင်စီက ဝင်ရောက်လာနားခိုချိန်တွင် ဗုံးပစ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ (၉) ရက် (လပြည့်နေ) နေ့လည် ၁၂ ဝန်းကျင်တွင် ပြည်သူများ ဘုန်းကြီးကျောင်းတက်နေချိန် စစ်ကောင်စီက ကျောင်းဝန်းထဲ နားခိုဖို့ ခွင့်လာတောင်းပြီး နေထိုင်သဖြင့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဗုံး...

Latest news