သားအမိနှစ်ဦး လျော်ကြေးသွားတောင်းရာမှ ဓားခုတ်ခံရပြီး ဆေးရုံတင်ဆောင်ထားရ

ကရင်နီ (ကယားပြည်) လွိုင်ကော်မြို့ လောပိတ (သျှမ်းရွာ) တွင် သားအမိနှစ်ဦး လျော်ကြေးသွားတောင်းရာမှ ဓားခုတ်ခံရပြီး ဆေးရုံတင်ထားရကြောင်း စုံစမ်း သိရှိရသည်။

ဓားခုတ်ခံရသည့် သူများ

ယခုလ (ဒီဇင်ဘာလ ၁၄) ရက် ညနေ ၄ နာရီ ဝန်းကျင်အချိန် လောပိတ (သျှမ်းရွာ) တွင် နေထိုင်သည့် သားအမိနှစ်ဦး သည် ယာဉ်တိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ဆိုင်ကယ်၏ လျော်ကြေးကို သွားတောင်းရာ အမျိုးသားတစ်ဦးက ဓားရှည်ဖြင့် ခုတ်လိုက်ကြောင်း လောပိတ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဓား ခုတ်ခံရသူသည် အသက် (၅၅) နှစ် ဒေါ်နန်းအောင်မှာ (ဘယ်)ဘက် လက်ကောက်ဝတ် ပြတ်ပြီး၊ အသက် (၁၉) နှစ် စိုင်းထက်ကျော် သည် မျက်ခုံး နှင့် နောက်စေ့ ထိခိုက်မှု ပြင်းထန်စွာရရှိခဲ့ကြောင်း သိရှိရသည်။

“ ဟိုတလောတုန်းက သူ့ရဲ့ သား ဆိုင်ကယ် နဲ့ မြေသယ် ကားသမား ကားနဲ့ ချိတ်ပြီး ဆိုင်ကယ်က ပျက်သွားတာ။ ကားသမားက ဆိုင်ကယ် ပြင်ပေးမယ်ဆိုပြီး လျော်ကြေးသွားတောင်းတာ။ လျော်ကြေးသွားတောင်းတုန်းမှာ စကားများပြီး ဟိုက ဓားရှည်ထုတ်ပြီး ခုတ်ထည့်လိုက်တယ်။ နန်းအောင်တော့ (ဘယ်) ဘက် လက်ပြတ်သွားတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ပြစ်မှုကျုးလွန်သူကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ ဆောင်ရွက်ပေးခြင်း တစ်စုံတစ်ရာမှ မရှိသေးသလို ပြစ်မှုကျုးလွန်သူမှာလည်း ထွက်ပြေးတိမ်းရှောင်ပြီး လွတ်မြောက် ထားနေကြောင်း သိရသည်။

ထို့အပြင် ဓားခုတ်ခံရသည့် ဒေါ်နန်းအောင် နှင့် သားဖြစ်သူ စိုင်းထက်ကျော်သည် လက်ရှိမှာ လွိုင်ကော် ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူထားနေကြောင်း ရွှေလွိုင်ကော် (ကယား) ပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ သားအမိနှစ်ယောက်က ဒီနေ့ အခြေနေ ပြန်ကောင်းသွားပါပြီ “ ဟု ၎င်း တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လောပိတမြို့သည် လွိုင်ကော်မြို့၏ အရှေ့တောင်ဘက် လွိုင်ကော် – လောပိတ သွားလမ်း ပေါ်တွင် တည်ရှိပြီး ၎င်းအနီးတွင် လောပိတ ရေအားလျှပ်စစ် စက်ရုံများ ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများ စားဝတ်နေရေးအခက်ခဲကြောင့် ရေရှည်ရှောင်တိမ်းရန် အခက်ခဲကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပွားခဲ့သော “၁၁၁၁”စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသဖြင့် မြို့ခံအချို့အပါအဝင် အစိုးရဝန်ထမ်းအချို့ နေရပ်ပြန်နေထိုင်ခဲ့ကြသည်။ သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ငွေတောင်ရပ်ကွက်နှင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...