နမ့်ဆန်မြို့ တိုက်ပွဲကြား ကုန်းသာရွာလုံးကျွတ်နီးပါး ပျက်စီး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲသည် ၆ ရက်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ကုန်းသာရွာ လုံးကျွတ် ပျက်စီးသွားကြောင်း သတင်းသိရသည်။

(Photo:Credit) ကုန်းသာကျေးရွာ

ဒီဇင်ဘာ (၇) ရက်မှ (၁၂) ရက်နေ့ထိ တိုက်ပွဲကာလ အတွင်း စစ်ကောင်စီဘက်မှ တိုက်လေယာဥ် ရဟတ်ယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ရှိသည့် အတွက် ကုန်းသာကျေးရွာသို့ လက်နက်ကြီး ကျပြီး ဘုန်းကြီးကျောင်း အပါအဝင် ပြည်သူ့နေအိမ် ရွာလုံးကျွတ်နီးပါး ပျက်စီးကြောင်း ဒေသခံများက ပြောသည်။

“ကုန်းသာရွာထဲကို လက်နက်ကြီး အများအပြား ကျတယ်လေ၊ ဒါကြောင့် ရွာသားတွေလည်း စစ်ရှောင်ထွက်ပြေး ရတယ်၊ အိမ်တွေ ဘုန်းကြီးကျောင်းတွေလည်း လက်နက်ကြီးတွေ ထိပြီး မီးလောင်တာ၊ ပျက်စီးတာက ရွာလုံးကျွတ်နီးပါးပဲ၊ ရစရာကို မရှိတော့အောင် ဖြစ်နေပြီ” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကုန်းသာကျေးရွာသည် လူနေအိမ်ခြေ ၆၀ ကျော် ရှိသည့် ရွာကြီး တစ်ရွာဖြစ်ပြီး၊ လက်ရှိတွင် စစ်ကောင်စီတို့ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် အိမ်ခြေ ၅၀ ကျော်က လုံးဝ ပျက်စီးသွားပြီး ကျန်အိမ်များက ထိခိုက် ပျက်စီးမှု ရှိနေကြကြောင်း သိရသည်။

ယင်းကဲ့သို့ နှစ်ဖက် တိုက်ပွဲကြား ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးရခြင်း နှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ကို ဆက်သွယ်မေးမြန်းရာ ပြန်လည်ပြုပြင် နေရာချထားရေး အတွက် မပြောနိုင်သေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြည်သူလူထုနေအိမ် ထိခိုက်ပျက်စီးတာလည်း တော်တော်များတယ်လို့ သိရတယ်။ ဒါကြောင့် ပြန်လည်ထူထောင် ရေးတော့ ကျနော်တို့ မပြောတတ်သေးဘူး။ ခါတိုင်းကတော့ ကျနော်တို့ တပ်က တောက်လျှောက်လုပ်ခဲ့ ဖူးတယ်” ဟု TNLA ပြောရေးဆိုခွင့် ဒု – ဗိုလ်မှူးကြီး တားအိုက်ကျော် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ကုန်းသာရွာ၊ ဟူးမန်းရွာ၊ ပိန်းလုံရွာတို့မှ စစ်ရှောင်ထွက်ပြေးရသည့် ပြည်သူများသည် မိသားစုဝင် နှင့် ကွဲပြီး တောထဲပျောက်ဆုံးနေသည့် စစ်ရှောင်များလည်း ရှိနေကြောင်း သတင်းသိရသည်။

ပျောက်ဆုံးနေသည့် စစ်ရှောင်များအနက် အသက်မပြည့်သေးသည့် ကလေးငယ် (၁၀) ဦး ထက်မနည်း ရှိနေပြီး သက်ကြီးပိုင်း အပါအဝင် (၃၀) ထက်မနည်း ပျောက်ဆုံးနေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...