WFP ပေးသည့်ဆန် စားရန်အဆင်မပြေ စစ်ရှောင်များ ဒေသထွက်ဆန်ဖြင့် လဲလှယ်ပြီး စားနေရ

ကမ္ဘာ့ကုလသမဂ္ဂ UN ထောက်ပံ့သည့် WFP တံဆိပ်ပါသည့် ဆန် သည် အရည်အသွေးကြောင့် ကရင်နီ စစ်ရှောင်များ စားသုံးရန် ခက်ခဲသဖြင့် ပြန်လည်ရောင်းပြီး ဒေသထွက် ဆန်များကို ဝယ်ယူ စားသုံးရကြောင်း သိရသည်။

WFP မှ ထောက်ပံ့ပေးသော ဆန်

ကရင်နီ (ကယားပြည်) စစ်ဘေး ဒုက္ခသည်များအတွက် ပြီးခဲ့သည့် ဇူလိုင်လပိုင်း က WFP တံဆိပ်ပါ ဆန်အိတ် ၅၀ ကီလိုဂရမ်အိတ်ကို စစ်ဘေးရှောင် တစ်ဦးလျှင် ဆန် ၆ ပြည် နှင့် စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

စတုတ္တကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ UN က ထောက်ပံ့ပေးတဲ့ WFP တံဆိပ်ပါ ဆန်အမျိုးအစားမှာ အရည်အသွေးကြောင့် စားသုံးရန် ခက်ခဲသဖြင့် ပြန်လည်ရောင်းချပြီး ဒေသထွက်ဆန်များကို ဝယ်ယူ စားသုံးရကြောင်း လွိုင်ကော်မြို့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ စားနေကြ ဆန် ရွှေရင်အေး၊ ရွှေအပ်ဆန်တို့ က အဆင်ပြေတယ်ဗျာ။ WFP တံဆိပ် ဆန်က အရမ်းမာတယ်၊ စားလို့အဆင်မပြေဘူး။ သူတို့ သိုလှောင်ထားတဲ့ နေရာက အဆင်မပြေသလား၊ ဆန်က တခါတလေ တိုးတာတွေ ရှိတယ်။ တချို့က သျှမ်းဆန် နဲ့ ရောပြီး စားရတယ်။ အချို့က မစားနိုင်တော့ ဒီ UN ကပေးတဲ့ ဆန်ကို ရောင်းပြီး သျှမ်းဆန်တွေကို ပြန်ဝယ်စားရတယ် “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ (ကယားပြည်) တွင် တိုက်ပွဲကြောင့် လွိုင်ကော်မြို့ပေါ်ရှိ စစ်ဘေးဒုက္ခသည် များအတွက် WFP တံဆိပ်ပါ ဆန်အမျိုးအစားကို လက်ရှိမှာ လေးကြိမ်မြောက် ကူညီထောက်ပံ့ပေးနေကြောင်း သိရသည်။

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ကရင်နီ (ကယားပြည်) စစ်ဘေး ဒုက္ခသည်များကို ကူညီနေသူ အမျိုးသားတစ်ဦးက ကမ္ဘာ့ကုလသမဂ္ဂ UN က ထောက်ပံ့ပေးသည့် စားနပ်ရိက္ခာတွေမှာ မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းသာ ရောက်ပြီး ကျေးလက်ဒေသရှိ စခန်းငယ်တွေမှာတော့ တစ်ကြိမ်မှ မရောက်ရှိလာကြောင်း ဆိုသည်။

“ စဖြစ်တဲ့ အချိန်တုန်းကတော့ ICRC တစ်ခါလောက်တော့ ဝင်သွားတယ်။ စစ်ဘေးရှောင်စခန်း အကြီးတွေမှာပဲ ဝင်သွားတယ်။ ဒုတိယပိုင်းမှာလည်း ICRC တွေက စားနပ်ရိက္ခာအနည်းအကျဉ်း နဲ့ သုံးဖို့ငွေ တစ်ခေါက် ထောက်ပံ့တာတွေရှိတယ်၊ ဒါပေမယ့် ကျနော်တို့ဆီ ရောက်မလာဘူး စာရင်း ရထားတဲ့ ကျေးလက်ဒေသက စခန်းငယ်တွေမှာ UN ကထောက်ပံ့ပေးတယ်ဆိုပြီး ဒီနေ့ ဒီချိန် တခါမှ ရောက်မလာဖူးသေးဘူး “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ပေးဝေလှူဒါန်းထားသည့် ဆန်အိတ်များက ဈေးကွက်သို့ ရောက်ရှိသွားပြီး ရောင်းဝယ်မှုများ ဖြစ်နေခြင်းနှင့် ပတ်သက်ပြီး WFP ကို ဆက်သွယ်မေးမြန်းရာ WFP ၏ ပံ့ပိုးကူညီပေးမှုများ ပိုမိုထိရောက်မှုရှိစေရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

“WFP က လှူဒါန်းထားတဲ့ စားနပ်ရိက္ခာအချို့ အကျိုးခံစားခွင့်ရှိသူ မိသားစုဝင်တွေက သူတို့ရရှိထားတဲ့ ဆန်ရိက္ခာ အနည်းအကျဉ်းကို တခြားအိမ်သုံးပစ္စည်းတွေ၊ အစားအစာတွေနဲ့ လဲလှယ်ရောင်းချတတ်ကြပါတယ်၊ မြေပြင် မှာ ရောက်နေတဲ့ WFP ဝန်ထမ်းတွေလည်း ကူညီမှုတွေ ပိုမိုထိရောက်စေဖို့အတွက် စဥ်ဆက်မပြတ် ပြုလုပ်လျက် ရှိပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ပြောကြားသည်။

ကမ္ဘာ့ကုလသမဂ္ဂ UN က ထောက်ပံ့သည့် စားနပ်ရိက္ခာ အစီစဉ် WFP တံဆိပ်ပါ ဆန်အမျိုးအစား အိတ် ၅၀ ကီလိုဂရမ်အိတ် တစ်အိတ်ကို လက်ရှိမှာ ကျပ်ငွေ (၅၂,၀၀၀) ကျပ်အထိ ကာလ ပေါက်ဈေး ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများ စားဝတ်နေရေးအခက်ခဲကြောင့် ရေရှည်ရှောင်တိမ်းရန် အခက်ခဲကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပွားခဲ့သော “၁၁၁၁”စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသဖြင့် မြို့ခံအချို့အပါအဝင် အစိုးရဝန်ထမ်းအချို့ နေရပ်ပြန်နေထိုင်ခဲ့ကြသည်။ သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ငွေတောင်ရပ်ကွက်နှင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...