ပြည်သူတွေ ထောက်ပံ့မှု ရှိနေသ၍ ဆက်လက်တော်လှန်သွားမည်
နောက်လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့ဆိုရင် အာဏာသိမ်းတာ ၂ နှစ်ပြည့်ပြီး ဖြစ်ပါတယ်။ မြေပြင်မှာလည်း တော်လှန်ရေးသမားတွေ နဲ့ စစ်ကောင်စီ တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ တော်လှန်ရေးခရီးစဉ် ကြာမြင့်လာတဲ့အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ နိုင်ငံရေးအပေါ် ရပ်တည်ချက်က ဘယ်လို မျိုးဆက်ရှိနေသးလဲ ဆိုတာကို...
အင်းလေး တိုက်ပွဲအတွင်း မိုးဗြဲ PDF တပ်သား တစ်ဦး ကျဆုံး
သျှမ်းပြည် တောင်ကြီးခရိုင် အင်းလေးဒေသတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ က တပ်သား တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်တွင် အင်းလေး အနောက်ဘက်ကမ်း စစ်ကောင်စီ ၊ PNO နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...
ဟိုပုံးစစ်ရှောင်များ ၆၀၀ ဝန်းကျင် ဘဝအသစ်ထူထောင်ရေးအတွက် အကူညီလိုအပ်နေ
သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြိုနယ် နားပုံကျေးရွာအုပ်စု ဝမ်မိုင်ပန်လုံကျေးရွာသစ်ရှိ စစ်ရှောင်ဦးရေ ၆၀၀ ဝန်းကျင်မှာ ဘဝအသစ် ထူထောင်ရေးအတွက် အကူညီ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ တောင်ကြီးမြို့ပေါ်မှ ဟိုပုံးမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းနေထိုင်ပြီး ၉ လခန့်အကြာ ယာယီတဲအသစ်တိုးချဲ့ ဆောက်လုပ်ရန်၊ အသက်မွေးဝမ်းကျောင်း တောင်ယာလုပ်ကိုင်ရန် နှင့် စစ်ရှောင်ကလေးများ၏ ပညာရေးပိုင်းဆိုင်ရာ...
နေရပ်ပြန် ကျောက်မဲ စစ်ရှောင်များ စားသောက်ရေးအတွက် ခက်ခဲနေ
သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့မှ နေရပ်ပြန်ရောက်ရှိသွားသည့် ချုံးအုပ်စုရှိ ချုံးသစ်ရွာ၊ ချုံးဟောင်းရွာ မှ စစ်ဘေးရှောင်များသည် စားသောက်ရေးအတွက် အကူအညီများ လိုအပ်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ကျောက်မဲမြို့မှ စစ်ရှောင်များ ဖြစ်ကြသည့် ချုံးသစ်ရွာခံမှ အိမ်ထောင်စု ၅ အိမ် ၊ ချုံးဟောင်းမှ အိမ်ထောင်စု...
ပင်လောင်းမြို့နယ် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်နေ
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့ နှင့် နေပြည်တော် လမ်းမကြီးကြားတွင် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်နေကြရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁၈ ) နှင့် ယနေ့ (ဇန်နဝါရီ ၁၉ ) ရက်တွင် စစ်ကောင်စီက ပင်လောင်းမြို့နယ် နမ့်ပန်ကျေးရွာ...
သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့တွင် စစ်ကောင်စီက စစ်ဘေးရှောင်ရှိသည့်နေရာကို လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် စစ်ရှောင် အမျိုးသမီး ၁ ဦး သေဆုံးပြီး၊ အမျိုးသား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီခွဲဝန်းကျင်တွင်...
စစ်ကောင်စီ နှင့် ကိုးကန့်တပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက် အကျများ
သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့နယ်တွင် အပစ်အခတ် တစ်နှစ်ရပ်မည်ဟု ကြေညာထားသည့် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကိုးကန့်တပ်ဖွဲ့တို့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် အကျအဆုံး များခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက် နံနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စု အနီး...
အင်းလေးဒေသတွင် စစ်ကောင်စီ နှင့် PNO တို့ပူးပေါင်းပြီး ဒေသခံများထံ ဆက်ကြေးကောက်
သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေး အနောက်ဘက်ခြမ်းရှိ အင်းတိမ်ရွာ ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ နှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) တို့ ပူးပေါင်းပြီး ဆက်ကြေးကောက်ခံ ခဲ့ကြောင်း စုံစမ်း သိရှိရသည်။ အင်းလေးဒေသ အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် သျှမ်းတောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့...
ဆီဆိုင်မြို့ စစ်ရှောင်စခန်းရှိ ကိုယ်ဝန်သည် အမျိုးသမီး (၅) ဦး မွေးဖွားစားရိတ် ခက်ခဲနေ
သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်းရှိ ကယားပြည် (ကရင်နီ) စစ်ရှောင်များထဲမှ ကိုယ်ဝန်သည် အမျိုးသမီး (၅) ဦး သည် မွေးဖွားစားရိတ် ခက်ခဲနေကြောင်း သတင်းရရှိသည်။ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်များသည် လက်ရှိမှာ အလှူရှင်များနည်းလာကြောင်း၊ တဖက်မှာ နေ့စားအလုပ် ဖြစ်သည့် ပြောင်းချိုးလုပ်ကိုင်သော်လည်း အသုံးစားရိတ် မလုံလောက်ကြောင်း သိရသည်။ ထို့ကြောင့်...
ကျောက်မဲ စစ်ဘေးရှောင်များ မြို့ထဲပြောင်းရွှေ့နေထိုင်ရ
သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှုကျောင်းတွင်ရှိနေသည့် စစ်ဘေးရှောင်များသည် မြို့ထဲပြောင်းရွှ့နေထိုင်ကြရကြောင်း စုံစမ်း သိရှိရသည်။ စစ်ကောင်စီသည် စစ်ရှောင်များကို နေရပ်ပြန်ရန်အတွက် ဖိအားပေးမှုကြောင့် ယခု ဇန်နဝါရီ ပထမပတ်မှ စပြီး ကျောက်မဲမြို့အတွင်း စစ်ဘေးရှောင်များသည် နေအိမ် လိုက်လံငှားရမ်းပြီး နေထိုင်ကြရသည်။ “ အကုန်ပြောင်းရွှေ့သွားပြီ။ စာရင်းကိုင်တွေပဲ...





