ပင်လောင်းမြို့နယ် မြောက်စလုံးရွာကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

သျှမ်းပြည်တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် မြောက်စလုံးရွာကို စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် ဗုံးလာရောက်ကြဲခဲ့ကြောင်း သတင်းသိရှိရသည်။

ပင်လောင်းမြို့

ယမန်နေ့ (မတ်လ ၂၈ ရက်) နေ့လည်ပိုင်း ၁ နာရီအချိန်မှစပြီး စစ်ကောင်စီတပ်ဖွဲ့မှ ပင်လောင်းမြို့နယ် မြောက်စလုံးရွာကို တိုက်လေယာဉ်တစ်စီး လာရောက်ပျံဝဲကာ ဗုံးကြဲချသွားခဲ့ကြောင်း ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) PNDF (KK) မှ တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့ညအခြေနေတော့ ရွာထဲတော့ မဟုတ်ဘူး။ တောင်ပေါ်ဖက်မှာ ဖြစ်တာ။ သူတို့တော့ (.5) နဲ့ လာပစ်သွားတယ်။ ထိခိုက်မှုကတော့ လက်ရှိအချိန်ထိ ဒီကနေပြောဆိုလာတာ မရှိသေးဘူး။ စစ်ကောင်စီကတော့ ဝင်တဲ့ရွာတိုင်းကို ဖျက်ဆီးနေတာ “ ဟု ၎င်းက ပြောသည်။

အဆိုပါ မြောက်စလုံးရွာတွင် ထိတွေ့တိုက်ပွားဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့မှ တစ်ဖက်သတ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ပြီး နေအိမ် ပျက်စီးဆုံးရှုံးမှုကိုတော့ မသိရသေးပေ။

အလားတူ ယမန်နေ့ (မတ်လ ၂၈ရက်) ညနေပိုင်းအချိန်တွင် ကယားပြည် (ကရင်နီ) ဒီးမောဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကိုလည်း စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင့် လူ ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) ပြန်ကြားရေး တာဝန်ခံ ကိုလင်းလင်းက ပြောသည်။

“ မနေ့က ညနေ၊ မနက်သေးတဲ့အချိန်မှာ စစ်ကောင်စီက တိုက်လေယာဉ် ဗုံးလာကြဲတယ်။ (၄-၅) ချက်လောက် ပေါက်ကွဲသံကြားတာ။ ၁ ယောက်ကတော့ ပွဲချင်းပြီးသွားတယ်။ ကျန်တဲ့ ၄ ယောက်ကတော့ ထိခိုက်ဒဏ်ရာ ရသွားတယ် “ ဟု ကိုလင်းလင်းက ပြောသည်။

တိုက်ပွဲ ဆက်လက်ပြင်းနေသည့် သျှမ်း-ကယား နယ်စပ်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဖက်မှ လက်နက်ကြီး နေ့စဉ်နီးပါး ပစ်ခတ်နေသလို တိုက်လေယာဉ်များဖြင့် နေ့စဥ်လာရောက် ပျံဝဲနေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၄ ရက်)မှစပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပင်လောင်းမြို့နယ် မြောက်စလုံး၊ တောင်စလုံး၊ တောင်မဲသင်း၊ လုံးပျဉ်၊ ပင်ပုံနှင့် နိမ့်နိန်း စသည့်ကျေးရွာမှ ပြည်သူ (၅,၀၀၀) ကျော်သည် အိုးအိမ်စွန့်ပြီးထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...