သျှမ်းမြောက် မူဆယ် – နမ့်ခမ်း စစ်ရှောင် (၈၀၀၀) ကျော် စားနပ်ရိက္ခာ အရေးပေါ် အကူအညီလိုအပ်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီ မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၁ လ နီးပါး ရှိလာပြီဖြစ်သည့်အတွက် စစ်ရှောင် ၈၀၀၀ ကျော် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ နမ့်ခမ်းမြို့နယ်တွင်းရှိ စစ်ရှောင်များသည် ကျောင်းခမ်းဘုန်းကြီးကျောင်း (၅၀၀) ကျော်၊ ကွန်ဟိုင်းဘုန်းကြီးကျောင်း မြောက်ဘက် (၈၈၀)...
မူဆယ် (၁၀၅) မိုင် စစ်ကောင်စီ တပ်စခန်း တိုက်ပွဲပြင်းထန်ဖြစ်ပွား
မြန်မာ - တရုတ် နယ်စပ် သျှမ်းပြည် မူဆယ်မြို့နယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ရှိ စစ်ကောင်စီ တပ်စခန်းကို ညီနောင် မဟာမိတ် (၃) ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဒီဇင်ဘာ (၁၄) ရက် မနက် ၇ နာရီခွဲဝန်းကျင်က ညီနောင်မဟာမိတ်...
နမ့်ခမ်းမြို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက် ထိခိုက်သေဆုံးသူ နှင့် ဒဏ်ရာရသူ (၃၀) ခန့်ရှိ
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်း ၂ ပတ်ဆက်တိုက် စစ်ကောင်စီမှ လေကြောင်း နှင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက်ကြောင့် ပြည်သူ ၈ ဦး သေဆုံးခဲ့ရပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၄၀ ခန့် ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၁) ရက်မှ (၁၂) ထိ နမ့်ခမ်းမြို့တွင်း စစ်ကောင်စီမှ...
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်က အင်အားအများအပြား ဖြည့်တင်းလျက်ရှိကာ လေယာဉ် ၆ စီးဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ညအချိန်မှစ၍ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ် စခန်းသစ်ကုန်းကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA...
နမ့်ဆန်မြို့ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲခြင်းကြောင့် အရပ်သား ၁ ဦးသေဆုံး
သျှမ်းပြည် နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး နမ့်ဆန်ရဲစခန်းကို TNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၁၂ ရက်) နံနက် ၆ နာရီခန့်မှစ၍ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် နမ့်ဆန်မြို့ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့်...
တော်လှန်ရေးရဲဘော်၏ မိသားစုဝင်များကို စစ်ကောင်စီဖမ်းဆီး
သျှမ်းပြည် ရွာငံမြို့နယ် ဂျိုးဖြူမြို့ပြပြောက်ကျားတပ်ဖွဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်၏ မိသားစုဝင် ၈ဦး ကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာတွင် ယနေ့ (နိုဝင်ဘာ ၁၂) ရက် နံနက် ၆ နာရီခွဲဝန်းကျင်တွင် ဂျိုးဖြူ မြို့ပြပြောက်ကျားတပ်ဖွဲ့ တော်လှန်ရေးရဲဘော် ကိုအောင်ပြူးကို ဖမ်းဆီးမရသည့်အတွက် ၎င်းမိသားစုဝင်...
သျှမ်းတောင်ရောက်စစ်ရှောင်များ အနွေးထည်မရှိဘဲ ဖြတ်သန်းနေရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြိုနယ်ရှိ စစ်ရှောင်စခန်းတွင် ရောက်ရှိနေကြသော လွိုင်ကော်မြိုမှ စစ်ရှောင်များမှာ အကျီနွေးနှင့် စောင်များမရှိဘဲ ဆောင်းရာသီကို ဖြတ်သန်းနေကြကြောင်း စစ်ဘေးရှောင်များ ပြောကြားချက်အရ သိရှိရသည်။ ထိုစခန်းရှိ စစ်ရှောင်များသည် "၁၀၂၇ စစ်ဆင်ရေး" လွိုင်ကော်မြို့တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ လက်နက်ကြီးများ၊ လေယာဥ်များဖြင့် လူနေရပ်ကွက်...
သျှမ်းပြည် နမ့်ခမ်းမြို့ရှိ မြို့မရဲစခန်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ည ၇ နာရီခွဲအချိန်ခန့်က နမ့်ခမ်းမြို့ ပေါက်နေရပ်ရှိ မြို့မရဲစခန်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ...
မူဆယ်မြို့နယ် အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံး
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်မရှိဘဲ စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်ခဲ့သဖြင့် အမျိုးသားတစ်ဦး ကျည်ထိမှန်၍သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ဟိုနားရပ်ကွက် ယမန်နေ့ (ဒီဇင်ဘာ ၁၁)ရက် ညနေ ၄နာရီဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ပစ်ခတ်ပြီး ပြည်သူနေအိမ်ပေါ် ကျည်ကျကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း...
လားရှိုးရောက် အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်ဘေးရှောင်များ အမြန်ဆုံးနေရပ်ပြန်နိုင်ရန် ကြိုးပမ်းမည်ဟုဆို
သျှမ်းပြည် လားရှိုးမြို့သို့ ရောက်ရှိလာသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ဘေးရှောင်များ အမြန်ဆုံးနေရပ်ပြန်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့အလင်း သတင်းစာက ယနေ့ (ဒီဇင်ဘာ ၁၁ ရက်) တွင် သတင်းထုတ်ပြန်သည်။ “၁၀၂၇ စစ်ဆင်ရေး” တစ်လကျော်အကြာ ဆင်နွှဲပြီးနောက်ပိုင်း ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်)...






