CATEGORY

စစ်ရေး

ကျောက်မဲမြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရောက်နေရာယူ

သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး မြို့ပြင်ဘက်တွင် သေနတ်ပစ်ခတ်သံများ ဆက်ကြားနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ခုခံကာကွယ်ခဲ့သည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး ယမန်နေ့တွင် မီးရှို့ခံထားရသည့် ဌာနဆိုင်ရာရုံးများတွင် နေရာယူထားကြောင်း...

ကျောက်မဲ စာသင်ကျောင်းထဲတပ်စွဲသည့် TNLA ကို ထွက်ခွာပေးရန် ဒေသခံများ တောင်းဆိုခဲ့ပြီး ဂိတ်ကိုဖယ်ရှား

သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုရှိ စာသင်ကျောင်းထဲ ဝင်ရောက်တပ်စွဲခဲ့သည့် TNLA တပ်သားများကို ပြန်လည်ထွက်ခွာပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆိုခဲ့ပြီး စစ်ဆေးရေးဂိတ်ကိုလည်း ဖယ်ရှားလိုက်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၈) ရက် နံနက် ၇ နာရီခန့်မှ စတင်ပြီး ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုရှိ သံဃာတော်နှင့် ပြည်သူ စုစုပေါင်း...

မိုးကုတ်မြို့ကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ အရပ်သားထိခိုက်မှုရှိ

သျှမ်း-မန္တလေးနယ်စပ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ ( အောက်တိုဘာလ ၁ ရက်) မနက် ၁၁ နာရီဝန်းကျင်တွင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အနောက်ပိုင်း ရေထွက်ကြီးသို့ သွားသည့် လမ်းဘက်သို့...

စစ်ပွဲကြားက ကိုယ်လက်အင်္ဂါဆုံးရှုံးသူများ ပြန်လည်ကုစားရေး စင်တာသို့ 

စစ်တပ်သည် အရပ်သားအစိုးရကို ဖြုတ်ချပြီး မတရား အာဏာသိမ်းယူခဲ့သည်မှာ ငါးနှစ်ကာလထဲ ရောက်ရှိလာခဲ့ပါပြီ။ထိုအာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ စစ်အုပ်စုများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း (၇,၃၀၃) ဦးရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။  ထို့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း...

TNLA လက်လွှတ်ရဖွယ်ရှိနေသည့် ကျောက်မဲမြို့ထဲ ဌာနဆိုင်ရာရုံးများ မီးရှို့ခံရ

သျှမ်းပြည် ကျောက်မဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် ကြံ့ခိုင်ရေးပါတီရုံးတန်းလျားများ မီးရှို့ခံရပြီး အကြီးအကျယ် မီးလောင်ကျွမ်းနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၃၀ ရက်) မွန်းလွဲ ၁ နာရီကျော်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်လွှတ်ရဖွယ် ရှိနေသည့် ကျောက်မဲမြို့ပေါ်တွင် ဌာနဆိုင်ရာ ရုံးများနှင့် ကားဂိတ်ဖွင့်လှစ်ထားသည့်...

နားခိုရာပျောက်ဆုံးနေတဲ့ စစ်ဘေးရှောင်များ

“ဒရုန်းသံ တဝီဝီ စကြားရတာ၊ မကြာလိုက်ဘူး ပေါက်ကွဲသံ အကျယ်ကြီး ကြားရတာပဲ။ ဈေးဘက်မှာ ဗုံးသီးချသွားလို့ မီးခိုးတွေ တက်လာတာ၊ဒရုန်းက ၅ လုံး ၆ လုံး အုပ်လိုက်ကြီး လာတာ”လို့ တိုက်ပွဲတစ်ခုရဲ့ ခေါ်သံကို နောင်ပိန်ဒေသခံ စိုင်းလျန်းက မမျှော်လင့်ဘဲ ကြားလိုက်ရပါတယ်။ သျှမ်းပြည်မြောက်ပိုင်းရဲ့ တံခါးပေါက်လို့...

ကျောက်မဲမြို့အနီး ၃ မိုင်အကွာ တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် အဆိပ်ဗုံးကြဲဟု TNLA ပြော

သျှမ်းပြည် ကျောက်မဲမြို့အနီး ၃ မိုင်ခန့်အကွာအဝေးတွင် စစ်ကော်မရှင်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့တိုက်ပွဲသည်...

ရွာငံတွင် ဒေသခံများကို စစ်ကော်မရှင်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှု ရှိနေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ် အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးကာ ဒေသခံများကို လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်တွင် ရွာငံမြို့နယ် မြောက်ဘက်ရှိ တပင်ပျော်ကျေးရွာ အုပ်စုတွင် စစ်ကော်မရှင်တပ်က အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ...

သိန္နီမြို့ တရုတ်ကျောင်းဆရာမကို မုဒိမ်းကျင့်သတ်ဖြတ်သူအပါ ရာဇဝတ်မှုကျူးလွန်သူ (၇) ဦး သေဒဏ်ချမှတ်

သျှမ်းပြည် သိန္နိမြို့နယ် စယ်အူကျေးရွာအုပ်စု မန်ပန်ရွာရှိ တရုတ်ကျောင်းဆရာမတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်သူအပါအဝင် ရာဇဝတ်မှုကျူးလွန်သူ (၇) ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အများပြည်သူရှေ့ သေဒဏ်ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၇ နာရီတွင် ကိုးကန့်တပ်ဖွဲ့ MNDAA...

ကျောက်မဲ သံဃာတစ်ပါးနှင့် မိသားစု ၃ ဦးကို စစ်တပ် သေနတ်ပစ်သတ်၊ ၁၆ နှစ်သမီး မုဒိမ်းကျင့်သတ်ခံရ

သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲ ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်တပ်သားများသည် သံဃာတစ်ပါးနှင့် သားအမိ(၃)ယောက်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ထိုထဲတွင် အသက်(၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦး မုဒိမ်းကျင့်သတ်ခံထားရကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ၂၄ ရက် နေ့လယ် ၁၁ နာရီခန့်တွင် ကျောက်မဲမြို့နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့်...

Latest news