မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မပါဘဲ စစ်ကောင်စီတပ်ထဲဝင်လာဟု စစ်ခေါင်းဆောင်ပြော
စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းများတွင် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ မိမိသဘောဆန္ဒအလျောက်ဝင်ရောက်လာကြသူများဖြစ်သည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ အဆိုပါ ပြောဆိုမှုသည် ယမန်နေ့ (မေလ ၂၉) ရက်၊ ပြင်ဦးလွင်မြို့တွင် ပြုလုပ်ခဲ့သော သန္ဓေအရာရှိများနှင့် ဗိုလ်လောင်းများအား တွေ့ဆုံပွဲအခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ “သင်တန်းသားများအနေဖြင့် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ တပ်မတော်အတွင်းသို့ မိမိတို့သဘောဆန္ဒအလျောက် ဝင်ရောက်လာကြသူများဖြစ်သည်နှင့်အညီ...
ညောင်ရွှေမြို့တွင် အိမ်ခန်းငှားရမ်းခ တိုးမြင့်လာ စစ်ရှောင်များ အခက်အခဲကြုံတွေ့ရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့သို့ ရောက်ရှိနေသော စစ်ရှောင်များသည် အိမ်ငှားရမ်းခများ တိုးမြင့်လာသဖြင့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ထိုညောင်ရွှေသို့ ရောက်ရှိလာသည့် စစ်ရှောင်များသည် ကရင်နီပြည်တွင် ဖြစ်ပွားသည့် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့တိုက်ပွဲကြောင့် တိမ်းရှောင်လာကြသူများဖြစ်ကြသည်။ ညောင်ရွှေမြို့တွင် အိမ်ငှားခ ယခင်ကာလများတွင် တစ်လျှင် ကျပ်ငွေ ၂သိန်းခန့်သာ ပေးဆောင်ခဲ့ရာမှလက်ရှိမှာ...
“ဘယ်နေ့ ငါတို့ အလှည့်ရောက်လာမှာလဲ”
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို့အကြား တိုက်ပွဲ ၃ လကျော်ကြာခဲ့ပေမယ့် တိုက်ပွဲက လက်ရှိအချိန်ထိ ရှိနေဆဲပါ။ ဒါပေမဲ့ ဆီဆိုင်မြို့ပေါ်မှာတော့ တိုက်ပွဲတွေမရှိတော့ပေမယ့် ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်ကတည်းက PNLA နဲ့ တော်လှန်းရေးအင်အားစုတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို စစ်ကောင်စီက...
သျှမ်းတောင်တိုက်ပွဲ (၄)လအတွင်းအရပ်သားသေဆုံးမှု (၇၅)ဦးထိရှိလာ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံး ၊ ဆီဆိုင် ၊ ပင်လောင်း ၊ ဉောင်ရွှေ မြို့နယ်တွင် (၄) လအတွင်းအရပ်သား သေဆုံးမှုမှာ (၇၅) ဦးထိလာသည်ဟု လူငယ်အစည်းအရုံး (PYO) မှ မေလ ၂၈ရက်တွင် ထုတ်ပြန်ထားသည်။ သျှမ်းတောင်တိုက်ပွဲ အတွင်းတွင် ၁၈နှစ်အောက်(၁၃)ဦးသေဆုံး ပြီး လသားအရွယ်မှ ၁၅နှစ်အသက်အရွယ်ရှိသော ကလေးငယ်( ၁၁)ဦး ရှိကြောင်း သိရသည်။ သေဆုံးသူ စာရင်းတွင် စစ်ရှောင်နေရင်း ပစ်ခတ်ခံရခြင်း ၊ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် သတ်ဖြတ်ခံရခြင်းနှင့် ကြောက်လန့်ထွက်ပြေးသွားသည့်အတွက် စစ်သားများမှ လိုက်လံပစ်ခတ်ရာမှ သေဆုံးခြင်းတို့ ပါဝင်သည်။ တိုက်ပွဲ(၄)လအတွင်း ထိခိုက်ဒဏ်ရာရသူ (၁၀၀)ဝန်းကျင်ရှိပြီး ထိုအထဲမှ (၁၇)ဦးသည် နေရပ်ပြန်ရင်း စစ်အကြွင်းကျန်လက်နက်များထိမှန်ခြင်းဖြစ်ကြောင်း ထိ ထိခိုက်ဒဏ်ရာရသည့်အထဲတွင် ကလေးငယ်(၁၇)ဦးပါကြောင်း သိရသည်။ သျှမ်းတောင်တိုက်ပွဲအတွင်း စစ်ရှောင်ဦးရေ (၆)သောင်းဝန်းကျင်အထိရှိလာပြီး စစ်ရှောင်နေရာမှ နေရပ်သို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်လာကြသည့် အရပ်သားများ နည်းအမျိုးမျိုးသတ်ဖြတ်ခံရသည့်အပြင် ဒေသအတွင်း သွားလာခွင့်များ ကန့်သတ်မှုများ ၊ လူသားဒိုင်း အဖြစ်အသုံးပြုခံရပြီး နယ်မြေအနေထားမလုံခြုံမှုများကြုံနေရကြောင်း ဖော်ပြထားသည်။ “အိမ်ပြန်ဖို့ စစ်ကောင်စီနဲ့ PNA တို့ က တောက်လျှောက်ဖိအားပေးတဲ့အပိုင်းရှိတယ် ၊ မြေပြင်တိုက်ပွဲငြိမ်လို့ ပြန်လာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေလည်းရှိတယ်။ နောက်တစ်ခုက စိုက်ပျိုးရာသီရောက် ရှိလာပြီဖြစ်တဲ့ အတွက်ကြောင့် စိုက်ပျိုးရေးလုပ်လို့ရနိုင်လားဆိုတဲ့ မျှော်လင့်ချက်နဲ့နေရပ်ကိုပြန်ကြတာ ဖြစ်တယ် အကြောင်းရင်း အမျိုးမျိုးနဲ့ အိမ်ပြန်ကြတာကို တွေ့ရပါတယ်”ဟု ပအိုဝ်းလူငယ်အစည်းအရုံးတာဝန်ရှိသူတစ်ဦး ကဆိုသည်။ သျှမ်းတောင်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူစစ် (PNO)ပူးပေါင်းအဖွဲ့နှင့် ပအိုဝ်းအမျိူးသား လွတ်မြောက်ရေးတပ်မတော်(PNLA) တိုက်ပွဲ(၃)ထောင်ကျော် ဖြစ်ခဲ့ပြီးလေကြောင်း အကြိမ် ၄၀၀ကျော် ရှိကြောင်း PYO ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အလုပ်သင် သတင်းထောက် နန်းလောဝ်ငင်း ရေးသားသည်။
တိုင်းရင်းသားလက်နက်ကိုင် ပဋိက္ခကြားက စစ်ကောင်စီဝါဒဖြန့်နှင့် Page အတု
သျှမ်းမြောက်တွင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက နယ်မြေများကြောင့် အချင်းချင်းကြားအငြင်းပွားနေစဉ် စစ်တပ်ဝါဒဖြန့်ချယ်နယ်များအပါအဝင် Page အတုများက ထိုလက်နက်ကိုင်တပ်ဖွဲ့များအကြား ပဋိက္ခကြီးထွားလာစေရန် နည်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်နေ လျက်ရှိသည်။ ယခုရက်ပိုင်းအတွင်း လှုမှုကွန်စာမျက်နှာပေါ်မှာ SSPP Info ပုံစံတူ Page အတုဖြင့် နမ့်ခမ်းမြို့တွင် ဖြစ်ပွားခဲ့သည့် TNLA...
တာချီလိတ်မြို့ စိတ်ကြွဆေးပြားများ အဓိကဝင်ထွက်ပေါက်ဖြစ်နေ
SHAN -
သျှမ်းပြည်တွင် မက်သာဖက်တမင်း စိတ်ကြွဆေးပြားများဆုံးထုတ်လုပ်နေပြီး မြန်မာ-ထိုင်းနယ်စပ် တာချီလတ်မြို့သည် အဓိက ဝင်၊ထွက်ပေါက်ဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုနှိမ့်နင်းရေးအဖွဲ့ (UNODC) က ပြောဆိုလိုက်သည်။ အရှေ့တောင် အာရှတွင် မူးယစ်ဆေးဝါးစျေးကွက်သည် စိုးရိမ်စရာကောင်းအောင် ကြီးထွားနေပြီး သျှမ်းပြည်သည် အဓိက စျေးကွက်ဖြန့်သည့်နေရာဖြစ်ကြောင်းလည်း UNODC ၏ ယမန်နေ့ (မေ...
ဟိုပုံးမြို့ရောက် ဆီဆိုင်စစ်ရှောင်ကလေးများ ကျောင်းပြောင်းလက်မှတ်မရှိ ကျပ်ငွေ ၆သောင်းထိပေးရ
ဟိုပုံးမြို့သို့ စစ်ဘေးတိမ်းရှောင်လာသော ဆီဆိုင်မြို့နယ် စစ်ရှောင် ကလေးငယ်များ ကျောင်းတက်ရန်အတွက် ကျောင်းပြောင်းလက်မှတ်မရှိလျှင် ငွေကျပ် ၆သောင်းထိ ပေးဆောင်ရကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် မေလ ၂၃ ရက်မှ စ၍ ကျောင်းအပ်ရန် လက်ခံနေပြီး ဆီဆိုင်မြို့နယ် မှ ထွက်ပြေးလာသော...
သျှမ်းပြည် မိုင်းကိုင်မြို့နယ်တွင် လှုပ်ရှားနေသည့် SSPP တပ်ဖွဲ့၏ စစ်ယာဉ်တန်းကို RCSS တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း SSPP Info မှ သတင်းထုတ်ပြန်လာသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခန့်တွင် မိုင်းကိုင်နှင့် ရပ်စောက်မြို့နယ်အကြား မိုင်းယွန်းကျေးရွာအုပ်စုရှိ နောင်ဟိုး(ဝၢၼ်ႈၼွင်ႁဵဝ်း)နှင့် မောက်ဆလီ(ဝၢၼ်ႈမွၵ်ႇၸလီ)ရွာအနီး...
ဆီဆိုင်မြို့နေရပ်ပြန်သူများ တပ်သားစုဆောင်ခံရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့ပေါ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တပ်တို့၏ ဖိအားပေးမှုကြောင့် နေရပ်ပြန်လာသွားသည့် ပြည်သူများကို စစ်သားစုဆောင်းနေကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းတောင်၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ်တို့မှ ပြည်သူများကို နေရပ်ပြန်မလာပါက နေအိမ်များကို ချိတ်ပိတ် သိမ်းဆည်းမည်ဟု ဖိအားပေးခြိမ်းခြောက်သည်။ ထို့နောက် ပြည်သူများသည် နေရပ်သို့ပြန်သွားစဥ် အသက် (၁၈)နှစ်...
သျှမ်းပြည်နယ် စစ်အစိုးရ အတွင်းရေးမှူးကို စစ်ကောင်စီ ဖမ်းဆီး
SHAN -
သျှမ်းပြည်နယ် စစ်အစိုးရ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း ကို ယမန်နေ့ (မေလ ၂၉ ရက်) ညပိုင်းက တောင်ကြီးမြို့ နေအိမ်တွင် စစ်ကောင်စီ လာရောက် ဖမ်းဆီးသွားကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။ ပင်စင်ယူရန် လပိုင်းသာ လိုတော့သည့် ဦးစိုင်းသော်ဝင်း ကို ကျားဖြန့်...





