Friday, April 26, 2024

CATEGORY

စစ်ရေး

သျှမ်းတပ်နှစ်တပ်၏ ပဋိပက္ခကြား ကျောက်မဲက ပြည်သူများ ဖမ်းဆီးမှုရှိ

သျှမ်းတပ်မတော်များ ဖြစ်ကြသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား ပဋိပက္ခများကြောင့် ကျောက်မဲမြို့က ပြည်သူများ ဖမ်းဆီး ခံနေရကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့ နှင့် ၃၀ ရက်နေ့တွင်...

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် အနောက်ဘက်တွင် စစ်ကောင်စီက ယနေ့ (မေ ၂) ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်း လအိကျေးရွာဘက်တွင် စစ်ကောင်စီက လက်နက်ကြီး အဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖယ်ခုံမြို့နယ် PDF...

တစ်ရက်တည်း နောင်ချို ဒေသခံ ၅ ဦး မြေမြှုပ်မိုင်း နင်းမိ

သျှမ်းပြည် ကျောက်မဲ ခရိုင် နောင်ချိုမြို့နယ် ဒေသခံ အမျိုးသား ၅ ဦး မြေမြှုပ်မိုင်း နင်းမိပြီး နှစ်ဦးက ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ် ၊ ကုန်းကြီး...

ပင်လောင်း – ဖယ်ခုံ တိုက်ပွဲ စစ်ကောင်စီ လေကြောင်းသုံးပြီး စစ်ရှောင်စခန်းများပါ တိုက်ခိုက်လာနိုင်ဟု PNDF KK ကအသိပေး

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်း - ဖယ်ခုံ နယ်စပ်တိုက်ပွဲတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် စစ်ရှောင်စခန်းများပါ တိုက်ခိုက်လာနိုင်ကြောင်း PNDF KK တာဝန်ခံတစ်ဦး အသိပေးချက်အရ သိရသည်။ စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်မှစပြီး ဖယ်ခုံမြို့နယ် ဆောင်းဖွေးဆေးရုံကို Mi 35 လေယာဉ်ဖြင့်...

SNLD မှ သျှမ်းအနုပညာရှင်များ စစ်ဘေးရှောင်အတွက် ကူညီထောက်ပံ့ရန် တိုက်တွန်း

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) မှ သျှမ်းအနုပညာရှင်များ စုပေါင်းကာ သျှမ်းပြည် အသီးသီး နှင့် သျှမ်း - ကယား နယ်စပ်ရှိ စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ကြရန် ပြောဆို တိုက်တွန်းထားသည်။ အဆိုပါ ကိစ္စ ဖြစ်စဥ် နှင့် ပတ်သက်ပြီး သျှမ်းအနုပညာရှင်များ...

ဒီမော့ဆို အနောက်ဘက်ခြမ်းကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ

ကရင်နီပြည် (ကယား) ဒီမော့ဆို အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း နှင့် ဒေသခံ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် စဉ်ဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်း သိရှိရသည်။ ယနေ့ (ဧပြီလ ၂၉ ရက်) နံနက်ပိုင်း ၉ နာရီမှ စပြီး ဒီမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း...

ဖယ်ခုံ – ပင်လောင်း တိုက်ပွဲအတွင်း စစ်ကောင်စီ ၅၀ သေဆုံး၊ တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် အစပ်ကြား စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား (၅၀) သေဆုံးခဲ့ပြီး၊ လက်နက်အများအပြား သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ...

စစ်ကောင်စီမှ ဆေးရုံ/ဆေးခန်းအပေါ် ဗုံးကြဲမှု အရှိန်တိုးမြှင့်၊ နိုင်ငံတကာမှ မသိကျိုးကျွန်ပြုနေ ဟု MOH NUG ထုတ်ပြန်

စစ်ကောင်စီ သည် အရပ်သားများကို ကုသပေးနေသည့် ဆေးရုံ/ဆေးခန်းများအပေါ် ယခုလ (ဧပြီ)အတွင်း လေကြောင်းမှ တဆင့် ဗုံးကြဲတိုက်ခိုက်မှု အရှိန်တိုးမြှင့်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန (MOH NUG) က ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်သည်။ လက်ရှိမှာ စစ်ကောင်စီသည် ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး...

လဲချားစစ်ဘေးရှောင်များ ဝမ်းစာစိုက်ပျိုးရေး လုပ်ရန်အတွက် နေရပ်ပြန်လို

ယခုအချိန်သည် စိုက်ပျိုးရာသီ ဖြစ်သည့်အတွက် သျှမ်းပြည် လဲချားရောက် စစ်ဘေးရှောင်များက နေရပ်ပြန်လို ကြကြောင်း သတင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့မှ စတင်ကာ လဲချားမြို့နယ်အတွင်း သျှမ်းတပ်နှစ်တပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ကြောင့် ဒေသခံ ၅၀၀ ကျော်တို့သည် လဲချားမြို့ပေါ်ရှိ ဟော်ခမ်းကျောင်းတိုက်၊...

ဒီမော့ဆို စစ်ရှောင်စခန်းကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ကရင်နီပြည် ဒီမော့ဆိုမြို့ အနောက်ဖက်ခြမ်းရှိ ချယ်ရီကုန်း စစ်ရှောင်စခန်းကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လူထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ယမန်နေ့ (ဧပြီလ ၂၇ ရက်) ည ၁၁ နာရီခွဲအချိန် ဒီမော့ဆို အနောက်ဖက်ခြမ်းရှိ ချယ်ရီကုန်း စစ်ရှောင်စခန်းကို အကြောင်းမဲ့ စစ်ကောင်စီတပ်ဖွဲ့မှ...

Latest news