ဖယ်ခုံ စစ်ရှောင်နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေ

သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် လူမရှိတော့သည့် ပြည်သူနေအိမ်များကို စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ များထံမှ စုံစမ်းသိရသည်။​

ဖယ်ခုံမြို့သည် သျှမ်း- ကရင်နီပြည် နယ်စပ်တွင်တည်ရှိပြီး ပြီးခဲ့သည့် နိုဝင်ဘာ လ ၁၁ ရက်မှစပြီး တော်လှန်ရေးအင်အားစုအဖွဲ့ PDF တပ်ပေါင်းစုနှင့် စစ်ကောင်စီတို့ တိုက်ပွဲစတင်ခဲ့သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဖယ်ခုံမြို့ခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရပြီး ဖယ်ခုံမြို့ဒေသခံများ နေအိမ်၌မရှိသည်မှာ တစ်နှစ်နီးပါးရှိလာကာ စစ်ကောင်စီက ဖယ်ခုံမြို့ပေါ်တွင် တပ်စွဲ ထိန်းချုပ်ထားသည်။

ထိုစစ်ကောင်စီ တပ်စွဲထိန်းချုပ်သည့် ဖယ်ခုံမြို့ နန်းဟူးရပ်ကွက် ဆေးရုံကုန်းအနီးတဝှိက်ကို စစ်ကောင်စီက ပြီးခဲ့သည့် အောက်တိုဘာ ၂၄ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ မီးခိုးငွေ့တွေကို အရှေ့ဖက်ကမ်းထိတောင် မြင်နေရတယ်။ မီးအကြီးလောင်တဲ့ပုံပဲ။ မြို့ခံမရှိတာလည်း တစ်နှစ်ရှိပြီ။ သူတို့က မကြာခဏ ဆိုသလို မီးတွေ ရှို့နေတာ။ စစ်တပ်က မြို့ပေါ်မှာ တပ်စွဲထားတော့ မီးဝင်ငြိမ်းဖို့လည်း မဖြစ်နိုင်ခဲ့ဘူး။ ဒီတိုင်းပဲ ကြည့်နေတာပဲ တတ်နိုင်တော့တယ်။” ဟု မီးလောင်နေသည်ကို မြင်တွေ့ခဲ့ရသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီမှ မြို့တွင်းမှာ တပ်စွဲထားတာကြောင့် ပျက်စီးမှုနေအိမ်များကို အတိကျမသိရဘဲ ညောင်ကုန်း ရပ်ကွက်(၅) တွင် နေအိမ်များ အကုန်နီးပါးမီးလောင်ပျက်စီးသွားခဲ့ကြောင်း အဆိုပါအမျိုးသားက ပြောသည်။

ထို့အပြင် စစ်ကောင်စီမှ နေအိမ်များကို မီးရှို့လိုက်တာကြောင့် ပြန်စရာနေအိမ်များနှင့်အတူ အနာဂတ်မျှော်လင့်ချက်များလည်း ပျက်စီးသွားကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ နှစ်တွေအကြာကြီးနေခဲ့တဲ့ နေရာလေ၊ ပြီးအိမ်တစ်လုံးဖြစ်လာဖို့ဆိုတာကလွယ်တာမဟုတ်ဘူး၊၊ ဒီလိုမျိုးမီးရှို့ပစ်တာတော့ မဖြစ်သင့်ဘူး၊၊ အကယ်၍ ဖယ်ခုံပြန်နေလို့ရပြီဆိုရင်တောင် နေစရာအိမ်မှ မရှိတော့ဘူးလေ၊၊ အနာဂတ်တွေပါ ပျက်စီးသွားသလိုပဲ။ လူမဆန်တဲ့လုပ်ရပ်တွေကို အမြန်ဆုံးရပ် ပေးကြဖို့ ပြောချင်ပါတယ်။” ဟု အဆိုပါ အမျိုးသားက ထပ်လောင်းပြောသည်။

လက်ရှိ ဖယ်ခုံမြို့နှင့် ပင်လောင်းကြားတွင် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေးအင်အားတပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ အများစု ပင်လောင်းမြို့ပေါ်သို့ စစ်ရှောင်လာကြကြောင်း သိရသည်။

ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်ကြား ဆောင်လန်ရှိ စက်လှေဂိတ်ကို စစ်ကောင်စီမှ လေယာဥ်နှင့်လာရောက်ဗုံးကြဲသဖြင့် စက်လှေထွက်မရသောကြောင့် စစ်ဘေးရှောင်များ ပိတ်မိနေကြောင်း သတင်းအရင်းမြစ်များက ပြောသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...

မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်း စစ်ကော်မရှင် ပြန်ထိန်းချုပ်နိုင်ရန် စစ်ရေးပြင်းထန်နေ

0
သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်ရန် အတွက် မြေပြင်ထိုးစစ်ဆင်မှု ပြင်းထန်နေကြောင်း သတင်းရရှိသည်။ လက်ရှိ မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ကို စစ်ကော်မရှင်တပ်တို့က ပြန်လည်ထိန်းချုပ်ထားသော်လည်း အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ခြင်း မရှိသည့်အပြင် မြို့အပြင်ရှိ ကျေးရွာအချို့နှင့် စစ်ရေးအရအရေးပါသည့် လမ်းပိုင်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့က ထိန်းချုပ်ထားသည်။ ထို့ကြောင့်...