သျှမ်းအမျိုးသား ၁ ဦးကို ကိုးကန့်တပ်မတော် MNDAA နှိပ်စက်နေသည့် ရုပ်သံဖိုင်အမှား

ကိုးကန့်တပ်မတော် MNDAA မှ သျှမ်းအမျိုသားတစ်ဦးကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုတ်ကာ နှိပ်စက်နေကြောင်း ရုပ်သံဖိုင်အမှားဖြန့်ချိနေသည်။

Followed ၈,၃၀၀ ကျော်ရှိသည့် “ၼၢမ်ႉၵေးမၢဝ်း ႁိတ်းသၢၵ်ႈသေႇ” ဆိုသည့် Page တစ်ခုမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး

“ ကိုးကန့်တပ်ဖွဲ့က ပြည်သူတွေကို ဖမ်းဆီးပြီး လုံးဝါလ (အမည်) လိုဘဲ နှိပ်စက်တော့မယ်။ သူတို့လောက် နှိပ်စက်တတ်တဲ့သူဆိုတာ ဘယ်သူမှမရှိတော့ဘူး။ SNLD ပါတီက ဘာလို့ကိုးကန့်တပ်ဖွဲ့ကို အရေးမယူတာလဲ။ ငါတို့သျှမ်းတွေ နှိပ်စက်ခံရနေပြီ” ဟု (သျှမ်းဘာသာဖြင့်) ရေးသားဖြန့်ဝေခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁၀,၀၀၀ ခန့်ရှိပြီး ကောမန့်အောက်တွင်လည်း ယခုဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်အသုံးပြုများက MNDAA အား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားသည်ကို တွေ့ရသည်။

မူရင်းလင့်ခ် – https://archive.ph/7U6GK

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို Image Reverse Search Toolနှင့် စစ်ဆေးကြည့်သည့်အခါ မှားယွင်းနေသည်ကို တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

ရုပ်သံဖိုင်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့ကတည်းက လူမှုကွန်ရက်စာမျက်နှာပေါ်သို့ ပြန့်နှံ့လာခဲ့ခြင်း ဖြစ်သည်။

ရုပ်သံတွင် ကိုးကန့်တပ်မတော် MNDAA ဟု ယူဆရသည့် တပ်သားများက အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးကို လက်ပြန်ကြိုးတုတ်ပြီး ရိုက်နှိက်ခြင်း၊ သစ်ပင်ပေါ်သို့ တွဲလောင်းချိတ်ဆွဲခြင်း စသဖြင့် နှိပ်စက်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

သို့သော် နှိပ်စက်ခံရသည့် အမျိုးသားတစ်ဦးက “သျှမ်းလူမျိုး” မဟုတ်ပါ။ ရိုက်နှိက်ခံရသည့် အမျိုးသားတစ်ဦးသည် ၎င်း၏သမီးဖြစ်သူ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သဖြင့် အပြစ်ပေးခံရကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

မူရင်း ရုပ်သံဖိုင် – https://shorturl.at/7Ilab

ဆက်စပ် ရုပ်သံဖိုင် – https://shorturl.at/z3sTZ

Tiktok – https://archive.ph/5uUaf

သုံးသပ်ချက်

ထိုကြောင့် သျှမ်းအမျိုးသား ၁ ဦးကို ကိုးကန့်တပ်မတော် MNDAA မှ နှိပ်စက်နေသည်ဆိုသည့် အကြောင်းအရာက မှားယွင်းနေသည်။

သတင်းအမှားဖြန့်ချိသူတွေက မတူညီသည့်အကြောင်းအရာကို ချိတ်ဆက်ရေးသားပြီး လိုအပ်သလို ပုံဖော်ရေးသားနေသည့် ဝါဒဖြန့်သတင်းအမှားဖြစ်သည်။

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားသည့် သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားသည် လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...