တောင်ကြီး စစ်ကောင်စီမှ အရပ်သားများကို ညဘက်အလှည့်ကျ ကင်းစောင့်ခိုင်း
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ် ရပ်ကွက်အချို့တွင် စစ်ကောင်စီမှ အရပ်သားများအား ပြည်သူ့လုံခြုံရေး အကြောင်းပြချက်ဖြင့် အလှည့်ကျ ကင်းစောင့်ရန် စေခိုင်းမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။ ဩဂုတ်လ ၁၆ ရက်နေ့တွင် စစ်ကောင်စီမှ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ် ကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ယခုအခါ တောင်ကြီးမြို့ပေါ် ရပ်ကွက်အချို့တွင်လည်း အရပ်သားများကိုပါ...
ပင်လောင်းမြို့နယ် ပအိုဝ်းပြည်သူ့စစ် PNO က ဒေသခံများကို သေနက်ပစ်ခြိမ်းခြောက်ငွေတောင်း
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာနှင့် စစ်ဆေးရေးဂိတ်များတွင် သေနက်ပစ်ခတ် ခြိမ်းခြောက်၍ ငွေညှစ်တောင်းခံပြီး ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ပင်လောင်းမြို့နယ်တောင်ပိုင်း လုံကန်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က လုံကန်ကျေးရွာ စစ်ဆေးရေးဂိတ်တွင် ဒေသခံအမျိုးသားနှစ်ဦးကို သေနက်ပစ်ခတ်...
သျှမ်း-မန္တလေးနယ်စပ် နောင်ချိုမြို့နယ်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်က မန္တလေး-PDF တပ်ဖွဲ့ ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများ ချုပ်နှောင်ထားရာ အချုပ်ဆောင်ကို ဒုတိယအကြိမ် လေကြောင်းထပ်မံ ဗုံးကြဲခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃၀ ရက်) နံနက်(၁) နာရီခန့်တွင် သျှမ်း-မန္တလေးနယ်စပ် နောင်ချိုမြို့နယ်အတွင်း မန္တလေး-PDF တပ်ဖွဲ့မှ စစ်သုံ့ပန်းများ...
သီပေါမြို့ တိုက်ပွဲငြိမ်သက်သော်လည်း ဒေသခံများ နေရပ်မပြန်ရဲကြသေး
သျှမ်းပြည် သီပေါမြို့နယ်တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း လက်ရှိအချိန်ထိ ဒေသခံများ နေရပ်ပြန် နေထိုင်ရန် စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၃) ရက်တွင် သီပေါမြို့ရှိ စစ်ကောင်စီလက်ကျန် ခလရ-(၂၃) တပ်ရင်းကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ငြိမ်သက်သွားခဲ့သည်။ သီပေါမြို့အတွင်း၌...
လွိုင်ကော် စစ်ဘေးရှောင် မိခင်နှင့် ကလေးငယ် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်
SHAN -
ကရင်နီပြည် လွိုင်ကော်မြို့ရှိ စစ်ရှောင်ပြည်သူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် လွိုင်ကော်စစ်ဘေးရှောင် ပြည်သူများသည် စစ်ဘေးတင်သာမက ရေဘေးကိုပါ ထပ်မံကြုံတွေ့ရပြီးနောက် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များသည် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက် ပြသရန် လမ်းကြောင်းခက်ခဲနေသည်။ ထို့ပြင် ဆေးရုံတွင်လည်း ဆေးဝါးနှင့် ကုသမှုဆိုင်ရာ...
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနှင့်ဆက်စပ်ပြီး သေဆုံးသူ ၆ ထောင်နီးပါး ရှိလာ
SHAN -
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနှင့် ဆက်စပ်ပြီး သေဆုံးသူ (၆) ထောင်နီးပါး ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ (၃၀) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်စဉ် စတင်ချိန်မှ...
ဆောင်းဝင်စချိန် ကျေးသီးမြို့ရောက် စစ်ဘေးရှောင် ၅၀၀ ကျော် အနွေးထည်၊ စောင်များ လိုအပ်နေ
သျှမ်းပြည် ကျေးသီးမြို့နယ်သို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၅၀၀) ကျော်အတွက် စောင်နှင့် အနွေးထည်များ လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ တိုက်ပွဲပြန်လည် ပြင်းထန်ခဲ့ပြီးနောက် ဒေသခံများ ဘေးလွတ်ကင်းရာ မြို့၊...
ဟိုပန် UWSA မှ ရာဇဝတ်မှုကျူးလွန်သူ (၇)ဦးကို လူစုလူဝေးရှေ့ သေဒဏ်နှင့် ထောင်ဒဏ် စီရင်ချက်ချ
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လူသတ်မှုနှင့် မုဒိမ်းမှုကျူးလွန်သူ (၇) ဦးတို့ကို သေဒဏ်နှင့် ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၃၀ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် ပြည်သူ့တရားစီရင်ရေး အခမ်းအနားဟု...
ပင်လောင်းမြို့နယ် နေရပ်ပြန်စစ်ရှောင်များကို PNO က စစ်မှုထမ်းရန် ခေါ်သွား
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်ပြီး နေရပ်ပြန်သွားသည့် ဒေသခံများကို ပအိုဝ်းပြည်သူ့စစ် PNO က စစ်မှုထမ်းရန် လာရောက်ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ပထမပတ်မှစ၍ ပင်လောင်းမြို့နယ်တွင် နေရပ်ပြန်သွားသော ဒေသခံများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က အသက် (၁၆) နှစ်မှ အသက်...
ထီးလင်းမြို့နယ် ပြည်သူ ၄ ဦးကို ဒလန်ဟုစွပ်စွဲပြီး PDF ကသတ်ဖြတ်ခဲ့ဟု သတင်းအမှားဖြန့်
မကွေးတိုင်း၊ ထီးလင်းမြို့နယ် ကျားခဲကျေးရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်သတင်းပေး ဒလန်ဟုစွပ်စွဲပြီး ပြည်သူ့ကာကွယ်ရေးတပ် PDF ကသတ်ဖြတ်ခဲ့သည်ဟုဆိုကာ သတင်းအမှားဖြန့်ချိနေသည်။ Subscribers ၁၅၀,၀၀၀ ကျော်ရှိသည့် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ် “မှိုင်းဝေ”ချန်နယ်လ်မှ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ထီးလင်းမြို့နယ်တွင် ကျားခဲကျေးရွာမှ အမျိုးသား...





