Wednesday, February 4, 2026

CATEGORY

လူ့အခွင့်အရေး

TNLA ထိန်းချုပ်သည့် နောင်ချို နှင့် မိုးကုတ်မြို့နယ်ကို စစ်ကောင်စီ လေကြောင်း အပြင်းအထန် တိုက်ခိုက်နေ 

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)  ထိန်းချုပ်သည့် ဒေသများကို စစ်ကောင်စီ က ယခုရက်ပိုင်း လေကြောင်းဗုံးကြဲမှု အပြင်းအထန် တိုက်ခိုက်နေပြီး အရပ်သားသေဆုံးမှု အများအပြား ရှိကြောင်း စုံစမ်းသိရသည်။  TNLA ထိန်းချုပ်သည့် နောင်ချိုမြို့နှင့် မိုးကုတ်မြို့ ကို စစ်ကောင်စီက နိုဝင်ဘာ ၁၁ရက်မှစတင်ကာ လေကြောင်း ဗုံးကြဲမှု အပြင်းအထန်တိုက်ခိုက်ပြီး အရပ်သား ၂၀...

နယ်စပ်ဂိတ်ပိတ်ဆိုင်းမှုကြောင့် ပြည်သူများဝမ်းရေး ရှာစားရ ပိုခက်လာ

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တွင် တရုတ်အာဏာပိုင်မှ နယ်စပ် ကို ပိတ်ပင်လိုက်ပြီးနောက် ဝမ်းရေးအတွက် ရှာဖွေလုပ်ကိုင်နေသည့် ပြည်သူများသည် စတင်အခက်ကြုံတွေ့နေရသည်ဟု စုံစမ်းသိရသည်။ စစ်အာဏာမသိမ်းခင် ကိုဗစ်-၁၉ ကာလမှစတင်ပြီး ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာရာ “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်းမှာ သျှမ်းပြည် တရုတ်-မြန်မာနယ်စပ်တွင်နေထိုင်သည့်သူများသည် စားဝတ်နေရေး ပိုခက်ခဲလာသည်။ ထို့အပြင် တရုတ်အာဏာပိုင်မှ...

သျှမ်းတောင်မှ သျှမ်းမြောက်သို့ သွားခွင့် စစ်ကောင်စီတပ် ရက်အကန့်အသတ်မရှိ ပိတ်ပင်

သျှမ်းတောင်၊ ရပ်စောက်မှ သျှမ်းမြောက်သို့ သွားရာလမ်းကို စစ်ကောင်စီတပ်က ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ယာဥ်မောင်းများက ယမန်နေ့ (နိုဝင်ဘာလ ၁၂) တွင် ပြောသည်။ သျှမ်းတောင်မှ မြောက်ပိုင်းသွားသည့် ရပ်စောက်-ကျောက်ဂူ လမ်းပိုင်း၊ ရပ်စောက်မြို့ အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ယမန်နေ့ (နိုဝင်ဘာ ၁၂)ရက် နံနက်...

မိုးကုတ်မြို့ လူအိပ်ချိန် စစ်ကောင်စီ ဗုံးကြဲ ပြည်သူ ၆ ဦး သေဆုံး

မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်သဖြင့် ပြည်သူ ၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။ TNLA သိမ်းပိုက်ထားသည့် မိုးကုတ်မြို့ကို ယမန်နေ့ည ၁၁ နာရီ ဝန်းကျင်က...

ကျားဖြန့်ထောင်ချောက်ထဲကျနေတဲ့ အနာဂတ်များ

မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး တစ်ခု ဖြတ်ကျော်လာခဲ့ပါတယ်။ ဆိုးရွားတဲ့လမ်းကိုဖြတ်ကျော်လာပြီး စိုင်းပန် ရဲ့ မျက်စိတစ်စုံမှာ ကြီးမားသော တိုက်တွေမြင်လာရချိန်မှာပဲ ကားရဲ့ ဘီးကလည်း ကွန်ကရစ်လမ်းမပေါ် မောင်းနှင်းကာ သွားလိုတဲ့နေရာကို ဦးတည်နေပါတယ်။ အဲ့ဒီနေရာကတော့ ထိုင်းနိုင်ငံနဲ့ သောင်းရင်းမြစ်သာခြားပြီး မြစ်နဘေးမှာ ခန်းနားထည်ဝါအောင် တည်ဆောက်ထားတဲ့ ကရင်ပြည်...

PNO က ပင်လောင်းစစ်ရှောင်များကို ခြိမ်းခြောက်နေရပ်ပြန်ခိုင်း

သျှမ်းပြည် ပင်လောင်းမြို့နယ် ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး အတင်းအကြပ် နေရပ်ပြန်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပင်လောင်းမြို့နယ် ဗန်း‌မောက်ကျေးရွာတွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံ အမျိုးသားများကို ပအိုဝ်းပြည်သူ့စစ် PNO က ပြီးခဲ့သည့် (နိုဝင်ဘာလ ၉ ရက်)နေ့တွင် ခြိမ်းခြောက်ပြောဆိုကာ အတင်းအကြပ်...

ဖယ်ခုံ စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဗုံးကြဲချမှုကြောင့် ဒေသခံများ ကြောက်လန့်နေ

သျှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် ကာလကျေးရွာ ကို စစ်ကောင်စီတပ်တပ်မှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံများ ကြောက်လန့်နေကြရကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် နိုဝင်ဘာလ (၈) ရက် ညပိုင်းတွင် စစ်ကောင်စီတပ်မှ ကာလရွာကို လေယာဉ်ဗုံးကြဲမှုကြောင့် စစ်ရှောင်နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာ အပြင်းထန်ရရှိခဲ့ကာ နေအိမ် ၆ လုံးခန့် ပျက်စီးသွားခဲ့သည်ဟု သတင်းရင်းမြစ်ထံမှ...

စစ်ကောင်စီမှအကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံး

ကရင်နီ(ကယား)ပြည်၊ လွိုင်ကော်၊ နိုးကိုးစံပြကျေးရွာနှင့် သရက်ပင်ရွာအတွင်းသို့ စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် အကြောင့်မဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာလ ၈ ရက်...

သီပေါမြို့တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

သျှမ်းပြည် သီပေါမြို့နယ်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (နိုဝင်ဘာလ ၁ ရက်နေ့) တွင် သီပေါမြို့နယ် ကုန်စုံကျေးရွာဒေသခံ အမျိုးသား ၂ ဦးသည် တောထဲ မှိုသွားရှာနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲခြင်းကြောင့် တစ်ဦး...

ပင်လောင်း စစ်တပ်ဂိတ်တွင် စစ်ရှောင်အမျိုးသမီးများကို ဓာတ်ပုံရိုက်ယူ၊ ထိပါးနှောင့်ယှက်မှုများရှိနေ

သျှမ်းပြည် ပင်လောင်းမြို့ နယ် နောင်တရားမြို့ စစ်ကောင်စီဂိတ်တွင် စစ်ရှောင်အမျိုးသမီးများကို ဓာတ်ပုံရိုက်ယူထားပြီး ထိပါးနှောင့်ယှက်မှုများ လုပ်နေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ လမှ စပြီး နောင်တရားမြို့ စစ်ကောင်စိဂိတ်တွင် ကရင်နီနှင့် တခြားသော ပအိုဝ်းဒေသမှ ဖြတ်သန်းသွားလာသည့် စစ်ရှောင်များ အမျိုးသမီးများကို ဓာတ်ပုံများရိုက်ယူထားကြောင်းစစ်ဘေးရှောင်များကပြောသည်။ ထို့အပြင် ခန္ဓာကိုယ် အသားယူ...

Latest news