လွိုင်ကော်မြို့တွင် စစ်ဆေးမှုတင်းကြပ် CDM ဝန်ထမ်းများ ၁၀ ဦးထက်မနည်း ဖမ်းခံရ
ကရင်နီပြည်နယ် လွိုင်ကော်မြို့အဝင်အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင်စစ်ဆေးမှု တင်းကြပ်ခြင်းကြောင့် CDM ဝန်ထမ်း ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယခု ၂၀၂၅ မတ်လ ပထမပတ်မှ စတင်၍ လွိုင်ကော်မြို့ အဝင်အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တွင် မှတ်ပုံတင်များကို Tablet ဖြင့်...
ငလျင်လှုပ်နေစဉ် စစ်ကောင်စီက နောင်ချိုမြို့နယ်ထဲ လေကြောင်းဗုံးကြဲ၊ လူထိခိုက်သေဆုံးမှုရှိနိုင်
မြန်မာပြည်တဝှမ်းလုံး အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်နေစဉ် သျှမ်းပြည် နောင်ချိုမြို့နယ်သို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ လူထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၂၈ ရက်) မွန်းလွဲပိုင်းတွင် နောင်ချိုမြို့အနီး ကံကြီးကျေးရွာအုပ်စု နောင်လင်ရွာဘက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် အများအပြား...
မိုင်းရယ်မြို့ စစ်ကောာင်စီ စစ်ဆေးရေးဂိတ် စစ်ဆေးမှုတင်းကြပ်၊ငွေညှစ်တောင်ခံ
သျှမ်းပြည် မိုင်းရယ်မြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်နေပြီး ခရီးသွားပြည်သူများထံ ငွေညှစ်တောင်ခံ မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းရယ်မြို့ အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် နှင့် ဟိုယကျေးရွာအုပ်စု တန့်ယန်း-မိုင်းရယ်လမ်းခွဲရှိ စစ်ဆေးရေးဂိတ်တို့တွင် ယခုနှစ်ဆန်းပိုင်းမှစ၍ စစ်ဆေးမှုတင်းကြပ်လာပြီး ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း အသက် ၄၀ ဝန်းကျင် မိုင်ရယ်ဒေသခံအမျိုးသားတစ်ဦးက...
နောင်ချိုမြို့နယ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် သုံးဆယ်နှင့် ဆမ္မဆယ် ကျေးရွာများကို စစ်ကောင်စီမှ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၂၆) ရက် ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်အတွင်းရှိ သုံးဆယ်ရွာ၊ ရွှေညောင်ပင်ရွာနှင့် အုမ္မခါးကျေးရွာများကို လေကြောင်းဖြင့်...
ရွာငံတွင် စစ်ကောင်စီမှ စစ်ကြောင်းထိုးပြီး ရွာသားတစ်ဦးကို ဖမ်းဆီး
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျေးရွာဘက်သို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးလာစဉ် အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လ (၂၆) ရက်တွင် စစ်ကောင်စီ အင်အား(၂၀၀)ခန့်သည် ရွာငံမြို့နယ် ကျောက်ကူတိကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာနေချိန် လမ်း၌ ဆိုင်ကယ်မောင်းလာသည့်အမျိုးသားတစ်ဉီးကို ခေါ်ယူစစ်ဆေးပြီး ဖမ်းဆီးသွားကြောင်း ရွာငံမြို့မှ ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။ အဆိုပါ ဖမ်းဆီးခံရသည့်အမျိုးသားသည်...
ညောင်ရွှေ စစ်ကောင်စီမှ ကုန်းလမ်းရေလမ်း ပိတ်ထားခြင်းကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး
သျှမ်းပြည် ညောင်ရွှေမြို့နယ် စံကားမြို့တွင် စစ်ကောင်စီတပ်မှ လမ်းများ ပိတ်ဆို့ထားခြင်းကြောင့် ကျန်ရှိနေသည့် စစ်ဘေးရှောင် ၆၀၀ ကျော်သည် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်၊၊ ဇန်နဝါရီလ နောက်ဆုံးပတ်မှ စတင်၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များသည် ညောင်ရွှေ – ပင်လောင်း – ဖယ်ခုံမြို့နယ် အစပ်တို့တွင် စစ်ရေးတင်းမာမှုကြောင့် စံကားမြို့...
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် ထိန်းသိမ်းခံထားရသည့် အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများအတွက် ပြည်သူမှ အခမဲ့ ဝေပေးသည့် ထမင်းထုပ်များကို လူဝင်မှုကြီးကြပ်ရေး လဝကရုံး ဝန်ထမ်းများက ပြန်ရောင်းစားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ကျေးသီး၊ နမ့်စန်၊ ခိုလမ်နှင့် လဲချားမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် ကျားဖြန့်လုပ်ကိုင်သူ...
ကလော-သာစည်ကြား ကျွဲတပ်ဆုံ စစ်တပ်ဂိတ် ငွေပေးနိုင်မှ ကုန်ကားများဖြတ်သန်းခွင့်ရ
သျှမ်းပြည်တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ဆက်သွယ်ထားသည့် ကလော- သာစည်လမ်းရှိ ကျွဲတပ်ဆုံ စစ်တပ်ဂိတ်တွင် ယာဉ်ထိန်းရဲများကို ငွေပေးနိုင်မှ ကုန်ကားများ ဖြတ်သန်းသွားလာခွင့်ရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ကောင်စီအာဏာသိမ်းပြီး (၄)နှစ်အကြာတွင် မြန်မာနိုင်ငံ၌ ကုန်သွယ်ရေးလမ်းကြောင်းများ ခက်ခဲလာပြီး ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် ကားများကို စစ်တပ်ဂိတ်၌ တင်းတင်းကျပ်ကျပ်စစ်ဆေးခြင်း ငွေညှစ်ခြင်းများ လုပ်ဆောင်လာသည်။ ထိုကဲ့သို့ ကုန်သွယ်ရေးလမ်းကြောင်းများ...
ညောင်ရွှေ PNO တပ်သားမှ အရက်မူးပြီး သေနတ်ပစ်ဖောက်ရာ အိမ်ရှင်အမျိုးသားတစ်ဉီး ကျည်ထိမှန်ဒဏ်ရာရှိ
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားအင်း အနောက်ဘက်ကမ်းရှိ ကျောက်တန်းကျေးရွာတွင် PNO ပြည်သူ့စစ်မှ အရက်မူးပြီး သေနတ်ပစ်ဖောက်ရာ အိမ်ရှင်အမျိုးသားတစ်ဉီး သေနတ်ထိမှန်သွားခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ (၂၂) ရက်တွင် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ရင်း (၇) မှ တပ်သားများသည် ကျောက်တန်းကျေးရွာရှိ...
ရွာငံမြို့နယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ စိတ်အလိုကျ စစ်မှုထမ်းခေါ်နေ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းရွေးချယ်ရာတွင် ၎င်းတို့စိတ်အလိုကျသာ ရွေးချယ်စေလွှတ်နေကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်အတွင်း စစ်မှုထမ်းရန် အသက်ပြည့်မီသူများကို စာရင်းကောက်ယူရာတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာမှ စာရင်းဖြင့် လာရောက်ကောက်ယူခြင်း၊ ကျေးရွာအတွင်း မဲနှိုက်၍ စစ်မှုထမ်းခိုင်းခြင်းမျိုး မဟုတ်ဘဲ အုပ်ချုပ်ရေးမှူးများနှင့် ဆက်ဆံရေး အဆင်မပြေသူများ၊ ဆင်းရဲနွမ်းပါးသူများကိုသာ ရွေးချယ်သွားကြောင်း...





