သိန္နီမြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင် ပြန်လည်ဖွင့်လှစ်သည့် ဈေးသည်များကို MNDAA လာရောက်နှင်ထုတ်

သျှမ်းပြည် သိန္နီမြို့ရှိ ပျက်စီးသွားသည့် မြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင် ပြန်လည်ဖွင့်လှစ် ရောင်းချနေသည့် ဈေးသည်များကို ကိုးကန့်တပ်ဖွဲ့ MNDAA ရဲများက လာရောက်နှင်ထုတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဧပြီလ ၁၅ ရက်) နံနက်ပိုင်းတွင် သိန္နီမြို့ ရပ်ကွက် (၁) ဈေးတန်းရပ်ရှိ ပျက်စီးသွားသည့် သိန္နီမြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင် ပြန်လည်ဖွင့်လှစ် ရောင်းချနေသည့် ဈေးသည်များကို ကိုးကန့်တပ်ဖွဲ့ MNDAA ရဲများက လာရောက်နှင်ထုတ်ခဲ့ပြီး ၎င်းတို့ အသစ်ဖွင့်လှစ်ထားသည့် ပန်လော့ရွာဘက်သို့ သွားရောက်ရောင်းချခိုင်းကြောင်း ဒေသခံများက ပြောသည်။

“စျေးထဲပြန်ရွှေ့ပြီးရောင်းကြတာ ၃ ရက် ၄ ရက်လောက်ရှိမယ်။ မနေ့က MNDAA ၄ ယောက်လောက်က စျေးသူစျေးသားတွေကို မောင်းထုတ်ကြတယ်၊ သူတို့လုပ်ထားတဲ့ ပန်လော့ရွာဘက်မှာ သွားရောင်းခိုင်းကြတယ်။ စျေးသူစျေးသားတွေက မကျေနပ်ကြဘူး။ ခုက အလကား သိမ်းချင်နေကြတာ၊ စျေးကို Casino ရုံလုပ်မယ်လို့တော့ ကြားထားတယ်”ဟု သိန္နီမြို့မဈေးမှ ဈေးသည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် MNDAA ထိန်းချုပ်ထားသော သိန္နီမြို့ရှိ မြို့မဈေးကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဆိုင်ခန်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်သူများမှာ ဈေးအနီး လမ်းဘေးတစ်လျှောက်၌ ဈေးရောင်းချခဲ့ရသည်။

ယခု ဧပြီလကုန်ပိုင်းမှ စ၍ သိန္နီမြို့တွင်းရှိ လမ်းဘေးတလျှောက်၌ ဈေးရောင်းချနေသော ဈေးသည်များကို MNDAA မှ ပန်လော့ရွာတွင် ဖွင့်လှစ်မည့် ဈေးသစ်၌ ပြောင်းရွှေ့ရောင်းချသွားရန် ကြေညာထားကြောင်း ဈေးသည်များထံမှ သိရသည်။

ပုံစာ – သိန္နီမြို့မဈေးအနီး လမ်းဘေးတလျောက် ရောင်းချနေသည့် ဈေးသည်များ

“သူတို့ မလာအုပ်ချုပ်ခင်ကတည်းက ဒီစျေးမှာ ကိုယ်ပိုင်ဆိုင်ခန်းနဲ့ ရောင်းနေကြတာ၊ စျေးကလည်း သိန္နီစော်ဘွားခေတ်ကတည်းက ရှိနေတာ။ မနေ့ကပဲ စျေးသူစျေးသားတွေ စုပြီး ရုံးမှာ ဆန္ဒသွားပြကြတာ၊ MNDAA ပြောတာတော့ အထက်လူကြီး မရှိဘူး နောက်မှလာလို့ပဲ ပြောတာ။ ဒီနေ့ ၁၆ ရက်နေ့လည်း လာပြီး မောင်းထုတ်နေကြတာ”ဟု သိန္နီမြို့မဈေးမှ ၎င်းဈေးသည်အမျိုးသားက ဆက်ပြောသည်။

သိန္နီမြို့ MNDAA မှ ပန်လော့ရွာဘက်တွင် ဖွင့်လှစ်မည့် ဈေးသစ်တွင် ဆေးဆိုင်ဖွင့်လှစ်ပါက တစ်လလျှင် ၅၀၀,၀၀၀ (ငါးသိန်း) ကျပ်၊ သစ်သီးဝလံ ရောင်းသည့် ဆိုင်ဖြစ်ပါက တစ်လလျှင် ၅၀,၀၀၀ (ငါးသောင်း) ကျပ်၊ ပျံကျဈေးသည် တစ်နေရာလျှင် တစ်လ ၂၀,၀၀၀ (နှစ်သောင်း) ကျပ်နှင့် အမှိုက်ခွန် ၁၅,၀၀၀ (တစ်သောင်းခွဲ) ကျပ် စသဖြင့် အခွန်အသီးသီးကို MNDAA ထံ ပေးဆောင်ရမည်ဖြစ်ကြောင်း သိန္နီမြို့ဈေးသည်များထံမှ သိရသည်။

“ပြည်သူ့သဘောထားလည်း မမေးကြဘူး၊ သူတို့စာထုတ်ချင်တိုင်း ထုတ်ပြီး စွတ်လုပ်နေကြတာ။ ယခုပေါက်စျေးနဲ့ ပြန်လျှော်ပေးရင် တစ်မျိုးပေါ့။ ပြီးတော့ ဆိုင်ခန်းခွန်လည်း နေရာလာတိုင်းပြီး ပိုက်ဆံတောင်းတာ၊ ဘယ်နှပေရှိလဲ ဆိုပြီး တွက်ပြီးတောင်းတာ။ တချို့ဆိုင်ဆို ၁ သိန်းကျော် ၂ သိန်းထိ ပေးရလို့ နေရာနည်းနည်းပဲ ခင်းတော့တာ”ဟု သိန္နီမြို့မှ ဈေးသည် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့တွင် တစ်ပိုင်တစ်နိုင် ဈေးရောင်းချနေသည့် ပြည်သူများမှ ကိုးကန့်တပ် (MDNAA) ထံ အခွန်ပေးဆောင်ရမည့်အပြင် ဆိုင်ကယ်ဖြင့် နယ်လှည့်ဈေးရောင်းနေသည့် ဈေးသည်များလည်း MNDAA မှ ဈေးရောင်းလက်မှတ် ထုတ်ပေးပြီးမှသာ ရောင်းချရမည်ဖြစ်ကြောင်း ဆိုသည်။

ထို့ကြောင့် စီးပွားရေး ကြပ်တည်းမှုနှင့် အလုပ်အကိုင် ရှားပါးမှုကြား ပြည်သူများ၏ တစ်ပိုင်တစ်နိုင် လုပ်ငန်းများကို အခွန်ကောက်ယူမှုအပေါ် ရပ်ဆိုင်းပေးရန် (သို့မဟုတ်) လျှော့ချပေးရန် ဒေသခံများက တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...