ရွာငံတွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေ၊ ဒေသခံများကို ဖုန်းအသုံးပြုခွင့် မပေး

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် လင်းဝေးကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူများကို ဖုန်းလိုင်းဖြတ်တောက်ပြီး ဖုန်းအသုံးပြုခွင့် ပိတ်ပင်ထားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ (၁၅) ရက်မှစပြီး ရွာငံမြို့နယ် လင်းဝေးကျေးရွာအုပ်စု ပါယ်ကင်း၊ သဖန်းပင်နှင့် ကျောက်တော ကျေးရွာဘက်သို့ စစ်ကောင်စီတပ် အင်အား (၁၀၀)ကျော်ဖြင့် စစ်ကြောင်း ထိုးနေကာ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများကို ဖုန်းပြောခြင်း၊ အင်တာနက်လိုင်းများ အသုံးပြုခြင်း စသည်တို့ကို ကန့်သတ်ထားသည်ဟု ဒေသခံများက ပြောသည်။

“ရွာနားက တောတောင်ဘက်တွေမှာ စစ်သားတွေ စစ်ကြောင်းထိုးနေတယ်။ လက်ဖက်ခူးလည်း သွားလို့မရဘူး။ သူတို့ တစ်ရွာဝင်ပြီဆို အဲ့ရွာကို ဖုန်းလိုင်း ဖြတ်တယ်၊ ဖုန်းသုံးလို့ မရဘူး။ စစ်သားတွေ နောက်တစ်ရွာပြောင်းမှ ဖုန်းသုံးလို့ရတယ်။ တောထူတဲ့ ဘက်တွေကို လက်နက်ကြီးတွေ၊ သေနတ်တွေနဲ့ ပစ်နေတာပဲ” ဟု ရွာငံဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများ ချောဆွဲလာသည့် ကားများကို မူလပိုင်ရှင်ထံ ပြန်မပေးပဲ ရောက်သည့်နေရာတွင် ပစ်ထားခဲ့ကြသည်ဟု အသက် (၅၀)ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်တို့ ရွာက စာသင်ကျောင်းမှာလည်း စစ်သားတွေ တပ်လာစွဲသွားတယ်။ သူတို့တပ်စွဲပြီး နောက်ရက်ကို အရှေ့ရွာဘက်ကို စစ်သားတွေ အုပ်လိုက် သွားခဲ့ကြတယ်။ ဘယ်က ချောဆွဲလာတဲ့ ကားတွေလည်းတော့ မသိဘူး၊ ကားသုံးစီးလောက် ကျနော်တို့ရွာမှာ ပစ်ထားခဲ့တယ်။ အရင်က ကျနော်တို့ ရွာက ကားတွေလည်း ယူသွားတာ ခုထိပြန်မရသေးဘူး” ဟု အဆိုပါ အမျိုးသား တစ်ဦးက ပြောသည်။

ဆက်လက်ပြီး ရွာငံမြို့နယ် သဖန်းပင်ကျေးရွာရှိ ဒေသခံ (၄)ဦးကို အမည်မသိ လက်နက်ကိုင် အဖွဲ့မှ လာရောက် ပစ်သတ်သွားခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ကောင်စီတပ်သားများ မကြာခဏ စစ်ကြောင်းထိုးနေသည်ဟု ကျေးရွာ ဒေသခံများထံမှ သိရသည်။

“ဧပြီလ (၁၂) ရက်နေ့တုန်းက သဖန်းပင်ရွာမှာ ပျူစောထီး (၃)ဦးနဲ့ (၈)တန်း ဖြေထားတဲ့ ကလေး တစ်ဦး စုစုပေါင်း (၄)ဦး အသတ်ခံရတယ်။ အဲ့နေ့တုန်းက မနက်(၁)နာရီ ဝန်းကျင်လောက်မှာ အိမ်(၃)အိမ်ကို ဝင်ပြီး တခါတည်း သတ်သွားတယ်၊ (၈)တန်း ဖြေထားတဲ့ ကလေးပါ အသတ်ခံလိုက်ရတယ်။ ဘယ်အဖွဲ့က လာသတ်တာလည်းတော့ မသိဘူး” ဟု ဖြစ်စဉ်သိရှိသူ အသက် (၃၀) အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။

စစ်ကောင်စီ

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၂) ရက်နေ့တွင်လည်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ဇနီးတို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ပစ်သတ်သွားခဲ့သည်။

အလားတူ ယမန်နှစ် နိုဝင်ဘာလ (၂၆) ရက်နေ့တွင်လည်း ရွာငံမြို့နယ် ဘုရားကြီးကုန်း ကျေးရွာ၌ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦးတို့ သေနတ်ပစ်သတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်သားများ နယ်မြေစိုးမိုးထားပြီး ရွာလုံးကျွတ် မီးရှို့ခံထားရသည့် မင်းပလောင်ကျေးရွာတွင်လည်း စားနပ်ရိက္ခာ ပြတ်လပ်မှုများ ကြုံနေရကာ အကူအညီ လိုအပ်နေကြသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...