CATEGORY

လူ့အခွင့်အရေး

ညောင်ရွှေမြို့နယ် စံကားအင်းဒေသ စက်လှေဖြတ်သန်းခွင့်ကို PNO ပြည်သူ့စစ် ပိတ်ပင်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားအင်းဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) များက စံကားအင်း အနောက်ကမ်းရှိ သာယာကုန်းကျေးရွာနှင့် အနီးအနားကျေးရွာများကို စက်လှေဖြတ်သန်းခွင့် မပေးတော့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ သာယာကုန်းရွာဘက်မှ စံကားဘက်သို့ ပြီးခဲ့သည့် ဇွန်လ (၁)ရက်နေ့မှ ယနေ့အထိ ပအိုဝ်းပြည်သူ့စစ် (PNO) မှ စက်လှေ...

ရွာငံတွင် ပျူစောထီးများက စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးနေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ရှိ ကျေးရွာများတွင် ပျူစောထီးများက စစ်ကောင်စီ အတွက် စစ်သားစုဆောင်းပေးနေကြောင်း စုံစမ်းသိရှိရသည်။ ဇွန်လ ပထမ ပတ်မှစပြီး ယနေ့ (ဇွန်လ ၁၉ ရက်)အထိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက ရွာငံမြို့နယ် ကျေးရွာတစ်ချို့တွင် လက်နက်ပြခြိမ်းခြောက်မှုများ လုပ်ဆောင်နေပြီး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅)...

သိန္နီတွင် MNDAA တပ်သားနှင့် အကြည့်ချင်းဆုံရာမှ လူငယ် ၄ ဦး ဖမ်းဆီးရိုက်နှက်ခံရ

သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ် MNDAA ၏ တပ်သားများ အရက်သောက်နေစဉ် လူငယ်များနှင့် စကားများရန်ဖြစ်ပြီး လူငယ် ၄ ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇွန်လ ၁၆ ရက် ည ၉ နာရီခွဲခန့်တွင် သိန္နီမြို့ ရပ်ကွက် (၃) အတွင်းရှိ...

နောင်ချိုမြို့နယ် စစ်ဘေးရှောင်တစ်ဦး ထပ်မံပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရ

သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ ချိုခမ်းဘုန်းကြီးကျောင်းအနီး လယ်ထဲတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များသည် ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ရန် ထွက်ခွာနေစဉ် သေနတ်ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၇ ရက်) နံနက် ၉ နာရီခန့်တွင် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာ လယ်ထဲရှိ တဲများတွင် ခိုလှုံနေသည့်...

ရွာငံစစ်ကောင်စီခန့် ထွေအုပ် (၃)ဦးကို အမည်မသိလက်နက်ကိုင်ဖမ်းဆီးသွားဟုဆို

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့တွင် စစ်ကောင်စီခန့်အပ်ထားသည် အထွေထွေအုပ်ချုပ်ရေးမှူး ဝန်ခမ်း (၃)ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးသွားပြီး ယနေ့အထိ ထုတ်ပြန်ချက်တစ်စုံတရာ မထုတ်ပြန်လာကြသေးကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၁)ရက် နံနက်ပိုင်းတွင် တောင်ကြီး-ရွာငံလမ်းပိုင်း တစ်နေရာ၌ ထွေအုပ်ဝန်ထမ်း (၃)ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မည်သည့် အဖွဲ့မှ...

ဆီဆိုင်မြို့နယ် ထပ်မံစစ်ဘေးရှောင်ရမည့် ပြည်သူ (၈၀၀) ကျော်ကို PNO ကခရီးသွားလာခွင့် ပိတ်ပင်

စစ်ကောင်စီတပ်၊ PNO ပအိုဝ်းပြည်သူ့စစ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် ဆီဆိုင်မြို့နယ်ထဲ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၈၀၀ ကျော်ကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က ခရီးသွားလာခွင့် ပိတ်ပင်ထားကြောင်း သတင်းသိရသည်။ အဆိုပါ စစ်ဘေးရှောင် ၈၀၀ ကျော်သည် ပြီးခဲ့သော မေလဆန်းပိုင်းကတည်းက ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ၌ ဖြစ်ပွားခဲ့သည့်...

ဆီဆိုင်မြို့နယ် PNO ပြောင်းရွှေ့ခိုင်းထားသည့် ဒေသခံ ၆ထောင်ကျော် စိုက်ပျိုးရေးအခက်ကြုံ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စုနှစ်ခုကို PNO ပြည်သူ့စစ်မှ ပြောင်းရွှေ့ခိုင်းထားသည့် ဒေသခံ ၆ထောင်ကျော် စိုက်ပျိုးရေး အခက်ကြုံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၆)ရက်နေ့မှ စ၍ ဇွန်လ (၁၅)ရက်အတွင်း ဆီဆိုင်မြို့နယ် ကျေးရွာအုပ်စု ၂စုမှ ဒေသခံ ၆ထောင်ကျော်ကို PNO ပြည်သူ့စစ်မှ ပြောင်းရွှေ့ရန်...

မိုင်းတုံမြို့နယ် စစ်မှုထမ်းစာရင်းပါသူများ ထွက်ပြေးလျှင် အရေးယူခံရမည်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့တွင် စစ်ကောင်စီတပ်မှ စစ်မှုထမ်းအမှတ်စဉ် (၁၅)အတွက် စာရင်းကောက်ခံနေပြီး စစ်မှုထမ်းစာရင်းပါသူများ ထွက်ပြေးလျှင် အရေးယူခံရမည်ဟု စစ်ကောင်စီအဖွဲ့ဝင်များက ပြောဆိုကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇွန်လ ၁၆ ရက်)တွင် မိုင်းတုံမြို့၊ မြို့မရပ်ကွက်တွင် စစ်မှုထမ်းရန်အတွက် အစည်းအဝေးခေါ်ယူကာ ဝန်ထမ်းများ၊ ကျောင်းတက်နေသူများနှင့် မသန်စွမ်းသူများ ကင်းလွတ်ခွင့်ရပြီး...

ဖယ်ခုံမြို့အနောက်ဘက် လအိကျေးရွာကို စစ်ကောင်စီဗုံးကြဲ ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက် လအိကျေးရွာရှိ ကလေးငယ်များစာသင်ကြားနေသည့် ဘုန်းတော်ကြီးကျောင်း (ဘကကျောင်း) ကို စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်သောကြောင့် မူလတန်းမှ ကလေးငယ် (၂)ဦး ထိခိုက်ဒဏ် ရာရရှိသွားကြောင်း သိရှိရသည်။ ယနေ့ ဇွန်လ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီမှ ဘကကျောင်းအာ ဒရုန်းဖြင့်...

ရပ်စောက်မြို့နယ် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲပြီး ဒေသခံများကို တိမ်းရှောင်ခိုင်း

သျှမ်းပြည် ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်တွင် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲပြီး ဒေသခံများကို ထွက်ပြေးတိမ်းရှောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ဇွန်လ ဒုတိယပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ် အင်တောမြို့အနီး ကျောက်ဂူကျေးရွာအုပ်စုရှိ လွိုင်ဟောင်နှင့် ပုန်းအင်းကျေးရွာများသို့ စစ်ကောင်စီတပ်မှ ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ပြည်သူများကို ဘုန်းကြီးကျောင်းနှင့် ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ခိုင်းကြောင်း အင်တောမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

Latest news