မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်ရရှိဟု စစ်ကောင်စီထုတ်ပြန်

ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ၆ လကြာအောင် ထိုးစစ်ဆင်ပြီးနောက် တစ်မြို့လုံးကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိပြီ ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ (ဇူလိုင်၇)ရက်တွင် သတင်းထုတ်ပြန်သည်။

ကရင်နီတော်လှန်ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလအတွင်း ခြေမြန်တပ်ရင်း (ခမရ ၄၂၂) မှအပ မိုးဗြဲမြို့နှင့် မြို့ထဲရှိ စစ်တပ်စခန်းများကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter – Terrorism Operation) ဟုအမည်ပေးကော စစ်ကောင်စီတပ်က ယခုနှစ် ၂၀၂၅ နှစ်ပိုင်းမှစ၍ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းခဲ့ပြီး ယမန်နေ့ (ဇူလိုင် ၆ ရက်) တမြို့လုံးကို ပြန်လည်သိမ်းပိုင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ဖယ်ခုံ၊ မိုးဗြဲအနောက်ဘက်ခြမ်းနှင့် မိုးဗြဲမြို့၏ အရှေ့ဘက်ခြမ်းတို့ကို စစ်ကြောင်းထိုးပြီး ထိန်းချုပ်ကာ သစ်ရာကုန်းရပ်ကွက်နှင့် စည်ကား (၂) ရပ်ကွက်တို့ကို လက်နက်ကြီးနှင့် လေကြောင်းဖြင့်ပစ်ကူပြီး သိမ်းပိုက်ခဲ့ကြောင်း ဆိုသည်။

မြို့ပေါ် ရပ်ကွက် (၁၄) ခုတွင် မြေပေါ်မြေအောက် ဘန်ကားများဖြင့် အခိုင်အမာခံစစ်ပြုလုပ်ထားသော ကရင်နီတော်လှန်ရေးတပ်များကို စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့ရာ ၆ လအတွင်း တိုက်ပွဲကြီးပေါင်း (၂၁၅) ကြိမ်၊ ထိတွေ့မှုပေါင်း (၄၀၀) ကြိမ် ဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီက ဆိုထားသည်။

လက်ရှိ မိုးဗြဲမြို့ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ဗဟိုပြန်ကြားရေး တာဝန်ခံ တာအယ်စိုးက “ မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲထားပါပြီ၊ ပြီးတော့ မြို့ထဲမှာ ရှိတဲ့ နေအိမ် (၂၀) ကျော်ကို စစ်ကောင်စီကနေ မီးရှို့နေပါတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – ၂၀၂၅ ခုနှစ် ဇူလိုင် ၆ ရက် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ရရှိ (Photo – CINCDS)

ထို့ပြင် မိုးဗြဲမြို့အနီးရှိ မိုးဗြဲ-လွိုင်ကော် လမ်းမကြီးပေါ်၌ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားနေကြောင်း ၎င်းကဆိုသည်။

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် စစ်ကောင်စီ ထိုးစစ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ မိုးဗြဲမြို့ပြည်သူ့ကာကွယ်ရေးတပ် (Mobye PDF)၊ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF)၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF) စသည့် မဟာမိတ်များက ပူးပေါင်းပါဝင်တိုက်ခိုက်နေကြသည်။

မိုးဗြဲတိုက်ပွဲအပြင် ဖယ်ခုံ- မိုးဗြဲတကြော တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့်အတူ ပအိုဝ်းပြည်သူ့စစ် PNO လည်း ပူးပေါင်းပါဝင်ပြီး တိုက်ခိုက်နေလျက်ရှိသည်။

ပုံစာ – ၂၀၂၅ ခုနှစ် ဇူလိုင် ၆ ရက် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ရရှိ (Photo – CINCDS)

စစ်ကောင်စီ အားကိုးအားထားပြုနေသော ပအိုဝ်းပြည်သူ့စစ် PNO သည် ရုရှားနည်းပြများဖြင့် ၅ လကြာ အထူးကွန်မန်ဒို သင်တန်းဆင်းပွဲကို ယခုနှစ်မေလက ပြုလုပ်ခဲ့ပြီးနောက် ဖယ်ခုံနှင့် ထိစပ်နေသော ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့၌ လှုပ်ရှားခဲ့ပြီး ဖယ်ခုံမြို့နယ်အရှေ့ခြမ်းထိ စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ စစ်ကြောင်းထိုးနေသည်။

မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်သည် မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့အကြားရှိ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များကို ဆက်လက်တိုက်ခိုက်နေပြီး လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း ဆက်သွယ်ရေး လမ်းမကြီးကို မကြာမီအချိန်တွင် ပြန်လည်ဖွင့်လှန်နိုင်ရန် စီမံဆောင်ရွက်နေကြောင်း စစ်ကောင်စီက ဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...