မြန်မာ-တရုတ် နယ်စပ်ဖြတ်သန်းခွင့်စာအုပ် တစ်ရက်လျှင် ၃၀၀ သာပြုလုပ်ပေး

မြန်မာ-တရုတ်နယ်စပ် ဖြတ်သန်းခွင့်စာအုပ်ကို တစ်ရက်လျှင် လူဦးရေ ၃၀၀ အတွက်သာ ပြုလုပ်ပေးကြောင်း သတင်းရရှိသည်။

ယခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းမှစပြီး မူဆယ်မြို့ ခရိုင် လူဝင်မှုကြီးကြပ်ရေး (လဝက) သည် မြန်မာ – တရုတ်နယ်စပ် ဖြတ်သန်းခွင့်စာအုပ်ကို တစ်ရက်လျှင် လူဦးရေ ၃၀၀ အတွက်သာ လုပ်ပေးနေသည့် အပြင် စာအုပ်များရရှိရန် အတွက်လည်း ၅ လကျော်ကြာ စောင့်ဆိုင်းရကြောင်း မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်တုန်းက စာအုပ်လုပ်ပေးတာ မြန်တယ်၊ အခုက အဲ့လိုမဟုတ်ဘူး လုပ်ပေးတာက နှေးတယ်။ အရင်က သက်တမ်းတိုးရင် ၃ ရက်လောက်ပဲ ကြာတာ၊ ခုက လနဲ့ချီ စောင့်နေရတယ်။ အရင်က တစ်ရက်ကို အယောက် (၁၀၀၀)ကနေ (၅၀၀) လောက်လုပ်ပေးတယ်။ ဒီနှစ်မှာ တစ်ရက်ကို အယောက် ၃၀၀ ထိပဲလုပ်ပေးတော့တယ်”ဟု မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် နယ်စပ်ဖြတ်သန်းခွင့်စာအုပ်လုပ်ရန် တုံကင်ယူလျှင် ၃ လမှ ၄ လကြာ စောင့်ရပြီး လျှောက်လွှာတင်ရန်အတွက် ၁ လ ကျော်ကြာ ထပ်မံစောင့်ဆိုင်းရသည်။

အာဏာမသိမ်းခင်ကာလတွင် မြန်မာ – တရုတ်နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ကို တစ်ရက်လျှင် အယောက် ၁၀၀၀ နှုန်းဖြင့် လုပ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ပွဲစားမှတဆင့် မြန်မာ-တရုတ်နယ်စပ် ဖြတ်သန်းခွင့် စာအုပ်ကို တရုတ်ယွမ်ငွေ ၁၈၀၀ ( မြန်မာငွေ – ၁၀သိန်း မှ ၁၅ သိန်းကြား) လာဘ်ထိုးပေးလျှင် မည်သည့်ခရိုင်တွင် နေသူမဆို အမြန်ရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“ပွဲစားနဲ့ဆိုရင် တုံကင်ယူစရာမလိုဘူး၊ လူကိုယ်တိုင်လိုက်သွားပြီး စာရင်းဖြည့်တာနဲ့ ၁၀ ရက် ၁၅ရက်လောက် စောင့်ရင် စာအုပ်နီရပြီ။ လဝကတွေနဲ့က ဘယ်လောက် ပြန်ခွဲယူကြလည်း မသိဘူး။ အဲ့လိုကြတော့ ကျနော်တို့ ရိုးရိုးလုပ်တဲ့ လူတွေအတွက် အခက်အခဲတွေ ဖြစ်ကုန်တာပေါ့။ လုပ်ပေးတာ အချိန်ကြာတဲ့ အပြင်အခုက တစ်ရက်ကို လူနည်းနည်းပဲ လုပ်ပေးတော့ ပိုခက်ခဲကုန်တာပေါ့”ဟု မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေး (လဝက) တာဝန်ရှိသူများက နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် စာအုပ်ကို ပွဲစားများဖြင့် လုပ်သည့် လူများကိုသာ ဦးစားပေးနေကြောင်းသိရသည်။

ထို့ကြောင့် အခြား‌ဒေသနေ ပြည်သူများအတွက် တရုတ်နိုင်ငံသို့ သွားရောက်ပြီး ကုန်ပစ္စည်းဝယ်ယူ တင်သွင်းနေသည့် ဒေသခံများမှာ အခက်အခဲဖြစ်စေ ကြောင်း၊ ဒေသခံများက ခရိုင်လဝက အရာရှိများ၏ လုပ်ဆောင်ချက်များကို ပြန်လည်ပြင်ဆင်ရန် တောင်းဆိုနေကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ် ဖြတ်သန်းခွင့်စာအုပ်ကို မူဆယ်ခရိုင်အတွင်း မူဆယ်၊ နမ့်ခမ်း၊ မန်ဟျိုး(မန်ဟီးရိုး) နှင့် ပန်ဆိုင်း(ကြူကုတ်)မြို့တို့မှ အိမ်ထောင်စုစာရင်း ရှိသူများကိုသာ လုပ်ပေးနေခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...