ရွာငံသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ကျောင်းသား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် မြောက်ဘက်နှင့် အရှေ့ဘက်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ တပ်သားများသည် ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဇူလိုင် (၂) ရက် ည ၈ နာရီ ဝန်းကျင်တွင် ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာသို့ ဈေးဝယ်ရန် ထွက်လာသော ကျောင်းသားနှစ်ဉီးသည် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ကာ ၎င်းကျောင်းသားနှစ်ဉီးကို မသင်္ကာဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယမန်နေ့ (ဇူလိုင် ၃ ရက်)တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ ဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲဒီကလေးနှစ်ယောက်က မုန့်သွားဝယ်တာ၊ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ လမ်းမှာ တွေ့တော့ ဖမ်းခေါ်သွားတာ။ သူတို့ကို စစ်ကြောင်းထိုးတဲ့ တောထဲထိ ခေါ်သွားတာတဲ့၊ ပြီးမှ သူတို့က ကျောင်းသားတွေလို့ ပြောတော့ မနက်အစောပိုင်းမှ သူတို့ကို ပြန်လွှတ်ပေးတာ။ စစ်သား သုံးလေးယောက်လောက်က ပြန်လိုက်ပို့တယ်လို့ ပြောတယ်” ဟု ဖြစ်စဉ်သိရှိသူ ရွာငံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ကျောင်းသားနှစ်ဦးသည် G-10 ကျောင်းသားများ ဖြစ်ကြပြီး ဆယ်ကျော်သက်အရွယ်သာ ရှိသေးကြောင်း သိရသည်။

အလားတူ ရွာငံမြို့နယ် အရှေ့ဘက်ရှိ မြစေတီ၊ မြသိန်းတန်ကျေးရွာဘက်တွင်လည်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်ကာ တပ်စွဲထားပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်ထားသည်ဟု ဒေသခံများထံမှ သိရသည်။

“မြစေတီဘက်တို့ မြသိန်းတန်ဘက်ကိုတော့ မကြာခဏ စစ်ကြောင်း ဝင်ရောက်နေတယ်။ စစ်တပ်က အဲ့ဘက်မှာ PDF တွေ ရှိတယ်ဆိုပြီး စစ်ကြောင်းထိုးတယ်ဖြစ်မယ်။ ရွာသားတွေလည်း သူတို့လာရင် တောထဲ ပြေးပုန်းရတာနဲ့၊ သူတို့ကလည်း ရွာထဲဝင်လာပြီဆို အိမ်တွေထဲ မွှေနှောက်ပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်လို့ သူတို့ကို ကြောက်နေရတာ” ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်နေသည့် ကျေးရွာများတွင် ည ၇ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရန် စစ်ကောင်စီတပ်မှ အမိန့်ထုတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်ပြီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက ရွာငံမြို့နယ် ကျေးရွာတစ်ချို့တွင် လက်နက်ပြခြိမ်းခြောက်မှုများ လုပ်ဆောင်ကာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅) အတွက် စစ်သားစုဆောင်းပေးနေပြီး ၎င်းပျူစောထီးများအတွက် ကျေးရွာများမှ တစ်လလျှင် ငွေကျပ်(၇)သိန်း ပေးဆောင်နေရကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံမှာ DNDPပါတီ အဖွဲ့ဝင် တဦးနှင့် အရပ်သားတဦး ထပ်မံ အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ( DNDP) အဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၁၄)ရက်ညဘက်တွင် ညောင်ပင်ခွ ကျေးရွာတွင် DNDP ဒုဥက္ကဌ ဦးစံတင့်နှင့် ဝက်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ...

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ...