ဖယ်ခုံမြို့ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီမှ ဗုံးကြဲ အသက် (၄)နှစ်အရွယ် ကလေးအပါအဝင် ၃ဦးသေဆုံး

သျှမ်း-ကရင်နီ(ကယား)နယ်စပ် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဆောင်းဖွေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင်း အသက် (၄)နှစ်အရွယ် ကလေးအပါအဝင် ၃ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇူလိုင်လ ၇)ရက် ည ၁၁ နာရီတွင် ဖယ်ခုံမြို့နယ် ဆောင်းဖွေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက ဗုံးကြဲချလိုက်သဖြင့် ၎င်းစစ်ရှောင်စခန်းတွင် နေထိုင်သည့် မိသားစုဝင် (၃)ဉီးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ နှစ်ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရှောင်ကူညီကယ်ဆယ် ရေးလုပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့ညက ၁၁ နာရီအချိန်လောက် လာကြဲသွားတာ။ နှစ်လုံးမှာ တစ်လုံးက မပေါက်ကွဲသေးဘူး။ စစ်ရှောင်မိသားစု တစ်စုထဲကပဲ သုံးဦးလုံးသေတာ။ ကိုယ်ဝန်ဆောင် အမျိုးသမီး နဲ့ အမျိုးသားတစ်ဦးက ထိခိုက်ဒဏ်ရာ ရထားတယ်။ စစ်ရှောင်တွေကို နေရာ ရွှေ့ပြောင်းပေးရတာတွေရှိတယ်။ လိုအပ်တာတွေလည်း များတယ် စားစရာတို့ နေရာထိုင်ခင်းတို့ပေါ့။”ဟု အဆိုပါ အမျိုးသားက ပြောသည်။

ထိုကဲ့သို့ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ပွဲချင်းပြီးသေဆုံးသွားသည့် မိသားစုဝင် (၃)ဉီးမှာ အသက်၄နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက်(၂၆ )ရှိ အမျိုးသမီး နှင့် အသက်် ( ၂၈) နှစ်အရွယ်ရှိ အမျိုးသားတို့ဖြစ်ပြီး ရရှိသူများသည် အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် အသက် (၄၀)အရွယ် အမျိုးသားတို့ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် စစ်ဘေးရှောင်နေအိမ်

ထို့အပြင် စစ်ကောင်စီဘက်မှ ဖယ်ခုံအရှေ့ခြမ်းတွင် စစ်ရေး အရေးနိမ့်လာချိန် အနောက်ခြမ်းကို ဗုံးကြဲမှုများ ပြုလုပ်နေကာ ပြည်သူများကို ဦးတည်တိုက်ခိုက်လာနေသည်ဟု အဆိုပါ ကူညီကယ်ဆယ်ရေး လုပ်နေသူ အမျိုးသားက ပြောသည်။

“ရှေ့တန်းစစ်မြေပြင်မှာ စကစ ဘက်က အရေးနိမ့်လာတာမျိုးမှာ အနောက်ဘက်ခြမ်းမှာ ရှိတဲ့ စစ်ရှောင်တွေကို လေယာဉ်၊ လက်နက်ကြီးနဲ့ တိုက်ခိုက်တာမျိုး လုပ်လေ့ရှိတယ်။ တိုက်ပွဲမရှိဘဲနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ရှောင်တွေ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်လေ့ရှိတယ်။ စစ်ကောင်စီက သူတို့အာဏာစသိမ်းကတည်းက ပြည်သူတွေကို ဥပဒေမဲ့ သတ်လာတယ်။အခုလို စစ်ဖြစ်တော့လည်း အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးတာ သတ်တာ ဗုံးကြဲတာတွေ က တမင်သက်သက် ကျူးလွန်နေ။” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်များထိခိုက်ဒဏ်ရာရ

ထို့အပြင် ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ၆ လကြာအောင် ထိုးစစ်ဆင်ပြီးနာက် တစ်မြို့လုံးကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိပြီ ဖြစ်ကြောင်း စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ (၂၄)ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ လွယ်ပေါကျေးရွာအုပ်စု ဆောင်နန်းခဲကျေးရွာကို စစ်ကြောင်းတိုက်ခိုက်နေသည့် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့က ကျေးရွာအတွင်း နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပဋိပက္ခဖြစ်ပွားနေတဲ့နေရာမှာ မြေမြှုပ်မိုင်းနဲ့ လေကြောင်းဗုံးကြဲမှု သတိရှိရန်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...