ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်စခန်း
ဖယ်ခုံမြို့ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီမှ ဗုံးကြဲ အသက် (၄)နှစ်အရွယ် ကလေးအပါအဝင် ၃ဦးသေဆုံး
သျှမ်း-ကရင်နီ(ကယား)နယ်စပ် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဆောင်းဖွေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင်း အသက် (၄)နှစ်အရွယ် ကလေးအပါအဝင် ၃ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၇)ရက် ည ၁၁ နာရီတွင် ဖယ်ခုံမြို့နယ် ဆောင်းဖွေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက ဗုံးကြဲချလိုက်သဖြင့်...





