မိုင်းဆတ် လျှပ်စစ် ဓာတ်အား တယူနစ် ၈၅ ကျပ် တိုးမြှင့် ကောက်ခံမှု ဒေသခံများသဘောမတူ
သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် အတွင်း လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လွယ်ဆမ်ဆုံ ကုမ္ပဏီ မှ မီတာခ တယူနစ် ၈၅ ကျပ်အထိ တိုးမြှင့် ကောက်ခံခြင်းကို ဒေသခံများ ကန့်ကွက်သည့်စာကို သျှမ်းပြည်နယ် အစိုးရအဖွဲ့သို့ လက်မှတ်ထိုးတင်ပြသွားမည်ဟု သိရသည်။ ယခု လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနေသည့်...
အသိမ်းခံသည့်လားရှိုးကျေးလက်တောင်သူများ၏ဘိုးဘွားပိုင်မြေ တပ်ပြန်မပေးတော့ဟုဆို
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟူးမွန်အုပ်စု ခေးခမ်းရွာသားတွေရဲ့ တပ်မြေအဖြစ် အသိမ်းခံရ လယ်ယာမြေတွေဟာ လယ်ယာမြေပိုင်ဆိုင်မှုပြဖို့မရှိတဲ့အတွက် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းမရှိဘူးလို့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ဇွန်လ ၂၀ ရက်နေ့ကကျင်းပတဲ့ ဒုတိယအကြိမ်အမျိုးသားလွှတ်တော် အဌမပုံမှန်အစည်းအဝေး ၁၈ ရက် မြောက်အစီအစဉ်မှာ လားရှိုးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်စိုင်းဝမ်းလှိုင်းခမ်းက - တပ်ပိုင်မြေအဖြစ် အသိမ်းခံရ ဟူးမွန်အုပ်စု...
မူစယ် ပုဂ္ဂလိက ကျောင်းများထံ ကချင် လက်နက်ကိုင် အခွန်ကောက်
သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့နယ် အတွင်းရှိ ပုဂ္ဂလိက ကျောင်း များထံ ကချင် လွတ်မြောက်ရေး အဖွဲ့ မှ တကျောင်းလျှင် အခွန် ၁၀ သိန်းကျပ် ကောက်သည့် စာပို့ထားကြောင်း သတင်းရရှိသည်။ ၂၀၁၇ - ၂၀၁၈ ခုနစ် ဘဏ္ဍာရေးနှစ်အတွက် ပုဂ္ဂလိက မူလတန်းတကျောင်းလျှင်...
ကျောက်မဲဒေသခံများ၏ လယ်ယာမြေတွင် စစ်တပ်မှ ခြံခတ်ပျိုးကြဲမှု ဒေသခံများ အလိုမရှိ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျောက်မဲကြီး ကျေးရွာအတွင်း တောင်သူ လယ်ယာမြေများ တွင် ကျောက်မဲအခြေစိုက် ခမရ ၅၀၁ မှ တပ်ပိုင်မြေဟုဆိုကာ ခြံစည်းရိုးခတ်သည့်အပေါ်တပ်နှင့် တောင် သူကြား မြေယာ အငြင်းပွားမှုများဖြစ်ပွားနေသည် ဟု သတင်းရရှိသည်။ ဇွန်လ ၅ ရက်နေ့က အဆိုပါ စစ်တပ်မှ ခြံစည်းရိုးခတ်သည့်...
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် နမ့်မော်ဆွန်ရွာသားများ၏ ကားလမ်းဘေးတဖက်တချက်ရှိ ဘိုးစဉ်ဘောင် ဆက်ပြောင်းခြံ ဧက ၁၀၀ ခန့်အား တပ်ပိုင်မြေဖြစ်သောကြောင့် သစ်ပင်မခုတ်ရန် သဘောတူ လက်မှတ် ရေးထိုးခိုင်းသဖြင့် ရွာသားများစိုက်ပျိုးရေးအတွက် အခက်အခဲရှိနေကြောင်းသိရသည်။ မိုးနဲအခြေစိုက် ခလရ ၂၄၈ မှ ၂၀၁၈ အတွင်းသိမ်းယူမည့်မြေများမှာ မိုးနဲမြို့အထွက် မြို့မြောက်ဘက် ၃...
မူစယ်ဒေသခံလူငယ်တဦးအား ပြည်သူ့စစ်မှသေနတ်ကိုင်ခြိမ်းခြောက်မှု တာဝန်ရှိများထံတိုင်တန်းရ
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင် လက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့ဝင်က ဒေသခံလူငယ်တဦးအား သေနတ်ထိုးချိန်ခြိမ်းခြောက်ကာ ခိုက်ရန် ဖြစ်ပွားရာမှ အသက်အန္တရာယ်ပြုလာမှု စိုးရိမ်ရသောကြောင့် တာဝန်ရှိများထံ တိုင်တန်းထားရကြောင်းသိရသည်။ ဇွန်လ ၅ ရက်နေ့ ည ၇ နာရီအချိန်ခန့်က မူစယ်မြို့ အထက ၂ ကျောင်းရှေ့တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ကြားဖူ ဆိုသူသည် ၄င်းတပည့်တဦးနှင့်...
သျှမ်းမြောက် စစ်ရှောင်များ အသက်မွေးဝမ်းကျောင်းပညာရပ်သင်ကြားပေးရန် သျှမ်းပြည်နယ်အစိုးရစီစဉ်
သျှမ်းပြည်နယ်မြောက်ပိုင်းရှိစစ်ဘေးရှောင်များအားပြန်လည်ထူထောင်ရေး ကိစ္စနှင့် ပတ်သက်၍ ပညာရေးတစ်ပိုင်းတစ်စဖြစ်ခဲ့သော လူငယ်မျာအား သျှမ်းပြည်နယ်အစိုးရအဖွဲ့အနေနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်သင် ကြားပေးနိုင် ရန်စီ စဉ်ဆောင်ရွက်နေကြောင်း သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်ကပြော သည် ။ ကျောက်မဲခရိုင် ၊ မူဆယ်ခရိုင် ၊ လောက်ကိုင်ခရိုင် စသည့် ခရိုင် (၃) ခရိုင်မှ...
NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် RCSS တပ်သားများအား မြန်မာစစ်တပ်တရားစွဲ
သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA )တပ်ဖွဲ့ဝင် ၄ဦး နှင့် အရပ်သား ၂ဦး ကို မြန်မာတပ်မတော် တပ်သား တဦး က တရားလို အဖြစ် တရား စွဲဆိုထားကြောင်းသိရသည်။ အဆိုပါ ၆ ဦးကို လက်နက်မှု ကိုင် နှင့် ဓားမြမှု ဖြင့်...
မောက်မယ်မြို့နယ်အတွင်းလှုပ်ရှားသည့်အစိုးရတပ် ဒေသခံ ၃ ဦးအားဖမ်းဆီးရိုက်နှက်
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့နယ်တွင် ယာလုပ်ငန်းခွင်အတွင်းအလုပ်လုပ်နေသည့် ရွာသား ၃ ဦးအား အစိုးရတပ်မတော်ကဖမ်းဆီးရိုက်နှက်ကာ စစ်ကြောင်းနှင့်အတူခေါ်ဆောင်သွားကြောင်းသိရသည် ။ သျှမ်းတပ်ဖွဲ့ RCSS/SSA ၏အမာခံလူဟုဆိုကာ ရွာသား ၃ ဦးအား မေလ ၉ ရက်နေ့က တောင်ယာလုပ်ငန်းခွင်မှ ဖမ်းဆီးပြီး ၄င်းတို့စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားကြောင်း၊ မေလ ၁၁...
လင်းခေးခရိုင် ပန်တဝိကျေးရွာအုပ်စု ဟွေနိန်ရွာသားတဦးအား ပြည်သူ့စစ်တပ်ဖွဲ့က ပစ်ခတ်ရာတွင် ဒဏ်ရာပြင်းထန်သဖြင့် လက်ရှိတွင် လွယ်လင်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေကြောင်း သိရသည်။ ဧပြီလ ၁၇ ရက်နေ့က ပန်တဝိအုပ်စုအတွင်း လှုပ်ရှားသည့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့မှ တပ်သား တဦးက ဒေသခံ စိုင်းလွန်းဆိုသူအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပြင်းထန်သဖြင့် လင်းခေးဆေးရုံမှတဆင့် လွယ်လင်ဆေးရုံသို့ပို့ဆောင်ကုသနေရကြောင်း၊ ယနေ့တိုင်...






