မောက်မယ်မြို့နယ်အတွင်းလှုပ်ရှားသည့်အစိုးရတပ် ဒေသခံ ၃ ဦးအားဖမ်းဆီးရိုက်နှက်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့နယ်တွင် ယာလုပ်ငန်းခွင်အတွင်းအလုပ်လုပ်နေသည့် ရွာသား ၃ ဦးအား အစိုးရတပ်မတော်ကဖမ်းဆီးရိုက်နှက်ကာ စစ်ကြောင်းနှင့်အတူခေါ်ဆောင်သွားကြောင်းသိရသည် ။

သျှမ်းတပ်ဖွဲ့ RCSS/SSA ၏အမာခံလူဟုဆိုကာ ရွာသား ၃ ဦးအား မေလ ၉ ရက်နေ့က တောင်ယာလုပ်ငန်းခွင်မှ ဖမ်းဆီးပြီး ၄င်းတို့စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားကြောင်း၊ မေလ ၁၁ ရက်ပြန်လည်လွှတ်ပေးချိန်အထိ စစ်ကြောင်းနှင့်အတူ သွားရသည့်လမ်းတလျှောက် ရိုက်နှက်ခံရကြောင်း ပြန်လည်လွှတ်မြောက်လာသည့်ရွာသားများပြောပြချက်အရသိရသည်။

ရိုက်နှက်ခံရ ရွာသားများ

ခမရ ၄၃၀ ကစစ်ကြောင်းက ကန်တူးလုံအုပ်စုနားဟီးရွာကနေ ပုံစုတ်ရွာဘက်ကိုတက်သွားစဉ် ယာလုပ်ငန်းခွင်မှ ကွန်းလုံးရွာသား စိုင်းလှစိန် အသက် ၃၅ နှစ် ၊ ၀မ်မိုက်ဆားရွာသား စိုင်းလွယ် အသက် ၃၇ နှစ် ပုံစုတ်ရွာသား စိုင်းနိုင် အသက် ၃၅ နှစ်တို့ကိုပါဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု မောက်မယ်ဒေသခံက ပြောသည်။

စစ်ကြောင်းမှူးက ဗိုလ်ကြီးမိုင်း တဲ့။ ရွာသား ၃ ယောက်ကိုဖမ်းပြီးတော့ သျှမ်းစစ်သားအကြောင်းမေးတယ်။ ရွာသား ၃ ယောက်က မသိဘူးလို့ဖြေတော့ သျှမ်းသူပုန်ရဲ့အမာခံတွေဆိုပြီးဖမ်းဆီးသွားတယ်။ မျက်နှာကိုရိုက်နှက်ကန်ကျောက် တယ်။ ခေါင်းကိုသေနတ်ဒင်နဲ့ထုတယ်။ တယောက်ကျတော့ နားရွက် ဓါးလှီးခံရတယ်။ – ဟု အဖမ်းခံရသူနှင့်အမျိုးတော်စပ်သူ စိုင်းစိုင်းကပြောသည်။

ဖမ်းဆီးရိုက်နှက်ခံရသည့်ရွာသားများမှာနေရပ်သို့ပြန်ရောက်ပြီးနောက်ပိုင်း နေအိမ်တွင်မနေရဲကြသေးဘဲ ဆွေမျိုးများအိမ်တွင်ခိုလှုံနေကြကြောင်း၊ ဒဏ်ရာပြင်းထန်သည့်စိုင်းလွယ်မှာ ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း ဆိုပါသည်။

မောက်မယ်မြို့နယ်သည် လင်းခေးခရိုင်လင်းခေးမြို့အနောက်တောင်ဘက် မိုင် ၃၀ ခန့်အကွာတွင်တည်ရှိပါသည်။ ကန်တူးလုံအုပ်စုသည် မောက်မယ်မြို့၏ တောင်ဘက်တွင်တည်ရှိပြီးအဆိုပါဒေသတွင် အစိုးရတပ်မတော်အပြင် ပအို၀်း ၊ သျှမ်း လက်နက်ကိုင်တပ်ဖွဲ့တို့လှုပ်ရှားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ်မြို့နယ် တိုက်ပွဲငြိမ်သော်လည်း စစ်ရှောင် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် တိုက်ပွဲငြိမ်နေသော်လည်း စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ယနေ့(ဖေဖော်ဝါရီ ၂၀)ရက်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်စပြီး မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ်ဟောင်းရှိရာကို စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါ...

မောက်မယ်မြို့နယ်တိုက်ပွဲဖြစ်ပြီး၊ PNO က စစ်မှုထမ်းအသည်းအသန် ခေါ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နှင့် ပအိုဝ်းပြည်သူ့စစ် (PNA/PNO)တို့ တိုက်ပွဲဖြစ်ပြီးနောက် PNOက စစ်မှုထမ်း အသည်းအသန်း ထပ်မံခေါ်ယူနေကြောင်း သတင်းရရှိသည်။ အဆိုပါ PNA/PNO သည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်းနေထိုင်သူများကို အဓိက ပစ်မှတ်ထားခေါ်ယူနေသည်။ “အရင်က PNOထံမှာ စစ်သင်တန်း သွားတက်ထားတဲ့...

မောက်မယ်မြို့နယ်ရှိ PNLA ဌာနချုပ်ဟောင်းကို PNO ထိန်းချုပ်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ဗန်းမက်ကျေးရွာအနီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ် နေရာဟောင်းကို စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) က ထိန်းချုပ်နိုင်ပြီဟု ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၄) ရက်တွင် မောက်မယ်မြို့နယ် ဗန်းမက်ကျေးရွာအနီး PNLA ဌာနချုပ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံများ ကျေးရွာအတွင်း...

မောက်မယ်မြို့နယ် USDP ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် နှမ်းခင်းထဲ ပစ်သတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သည် နှမ်းခင်းသွားနေစဉ် အမည်မသိ လက်နက်ကိုင်၏ ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၁ ရက်) နံနက် ၈ နာရီခွဲ အချိန်တွင် မောက်မယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ကိုယ်စားပြု ပြည်သူ့လွှတ်တော်...

PNLO နှင့် RCSS တို့ တိုက်ပွဲကြား အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား တိုက်ပွဲကြောင့် အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၂၀ ရက် နံနက်ပိုင်းတွင် မောက်မယ်မြို့နယ်၊...