သျှမ်းမြောက် စစ်ရှောင်များ အသက်မွေးဝမ်းကျောင်းပညာရပ်သင်ကြားပေးရန် သျှမ်းပြည်နယ်အစိုးရစီစဉ်

သျှမ်းပြည်နယ်မြောက်ပိုင်းရှိစစ်ဘေးရှောင်များအားပြန်လည်ထူထောင်ရေး ကိစ္စနှင့် ပတ်သက်၍ ပညာရေးတစ်ပိုင်းတစ်စဖြစ်ခဲ့သော လူငယ်မျာအား သျှမ်းပြည်နယ်အစိုးရအဖွဲ့အနေနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်သင် ကြားပေးနိုင် ရန်စီ စဉ်ဆောင်ရွက်နေကြောင်း သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်ကပြော သည် ။

ယမန်နှစ်က သျှမ်းပြည်မြောက်ပိုင်းက စစ်ဘေးရှောင်တချို့

ကျောက်မဲခရိုင် ၊ မူဆယ်ခရိုင် ၊ လောက်ကိုင်ခရိုင် စသည့် ခရိုင် (၃) ခရိုင်မှ စစ်ဘေးရှောင်အိမ်ထောင်စု ပေါင်း (၁၅၀၀) ကျော်ရှိပြီး ကျား(၃၈၅၉) ဦး ၊ မ (၄၁၁၁) ဦး ရှိကာ စုစုပေါင်း (၇၉၇၀) ဦးရှိ ကြောင်း သျှမ်းပြည်နယ် အစိုးရ က ပြောသည်။

၄င်းတို့အတွင်းရှိ ပညာဆက်လက်သင်ကြားရန်အခွင့်အလမ်းမရှိသော ကလေးလူငယ်များအား အသက်မွေးဝမ်းကျောင်း ပညာရပ်သင်ကြားပေးနိုင်ရန် သျှမ်းပြည်နယ်အစိုးရအဖွဲ့မှယခုနှစ်(၂၀၁၈ခုနှစ်) အတွင်း ကောင်အထည်ဖော်နိုင်ရန်စီစဉ် ဆောင်ရွက်လျက်ရှိ ကြောင်း ဆိုပါသည်။

“ ဘယ်လိုသင်တန်းကျောင်းတွေလဲဆိုရင် ကျောက်မဲနဲ့တောင်ကြီးမှာ ကျနော်တို့ရက်ကန်း သင်တန်းကျောင်း ရှိပါတယ် ။ ရက်ကန်းသင်တန်း ကျောင်းကတော့ မိန်းခလေးတွေအတွက်အထူးသင့်လျော်တယ် ၊ တစ်နှစ် သင်တန်းရှိတယ်။ ခြောက်လသင်တန်းရှိတယ် ၊ အဲ့ဒီသင်တန်းကျောင်းကပြီး တာနဲ့အလုပ်ကိုင် အခွင့် အလမ်း က ရက်ကန်းရုံကနေပြီး လာရောက်ချိတ်ဆက် တဲ့အတွက် သင်တန်းကျောင်းဆင်းတာနဲ့ တန်းအလုပ်ဝင်ရ ပါတယ် ” ဟု ၀န်ကြီးဦးစိုးညွှန့်လွင်ကပြောသည် ။

အသေးစားစက်မှုလက်မှုလုပ်ငန်း ၊ အသေးစားလူသုံးကုန် ၊ စားသောက်ကုန် ထုတ်လုပ်သောသင်တန်းများ ၊ ယောကျ်ားလေးများအတွက် တစ်လုံးထိုးအင် ဂျင်ပြင်သင် တန်း ၊ မော်တော်ဆိုင်ကယ်ပြင်သင်တန်း ၊ မိုဘိုင်းဖုန်းပြင်သင် တန်း ၊ သင်တန်း (၅) မျိုးအား တစ်နှစ်ပတ်လုံး တွင်အနည်းဆုံး (၅) ကြိမ် ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည် ။

အဆိုပါသင်တန်းကျောင်းသည် သင်တန်းမှ ဆင်းလျှင် ဆင်းချင်းအလုပ်အ ကိုင်အခွင့်အလမ်း ရရှိနိုင်သော အသက်မွေး ၀မ်းကျောင်း ပညာဖြစ်ပြီးပြီး သင်တန်းကျောင်းများတက်ရောက်နိုင်ရန် သက်ဆိုင်ရာအထွေထွေ အပ်ချုပ်ရေးဦးစီးဌာန နှင့် ရက်ကန်းသင်တန်းကျောင်းများကို အကြောင်း ကြားထားပြီးဖြစ်ကာလက်ရှိတွင် လားရှိုးဒုပြည်နယ်မှူးမှခေါ်ယူစုဆောင်း ထားပေးလျှက်ရှိကြောင်း ဆက်လက်သိရသည် ။ သင်တန်းကျောင်းများတွင် စားစရိတ်နေစရိတ်များစရိတ်ငြိမ်း ဖြစ်ကာ တစ်သုတ်ကို လူဦးရေ(၃၀) ၀န်းကျင်ခန့်ခေါ်ယူသင်ကြားပေးနိုင်ရန် စီစဉ်ထား ရှိကြောင်းသိရှိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

ကျောက်မဲမြို့တွင် စစ်လက်နက်ကျန်ပစ္စည်း ရောင်းစားရန်ကောက်ယူလာစဉ် ပေါက်ကွဲသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့် အုပ်စု ပန်ဟိုက်ကျေးရွာတွင် စစ်လက်နက်ကျန် ပစ္စည်း ရောင်းစားရန် အတွက် ကောက်ယူမိရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့( မေလ ၁၁) ရက်နေ့ ညနေ ၅နာရီ ခွဲကျော်တွင် ပန်ဟိုက်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ်...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...