Wednesday, January 28, 2026

ဒေသတွင်းလက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့၏ ပစ်ခတ်ခြင်းခံရသော လင်းခေးမြို့ ပန်တဝိရွာသား လွယ်လင်ဆေးရုံတွင်ဆေးကုသမှုခံယူနေရဆဲ  

လင်းခေးခရိုင် ပန်တဝိကျေးရွာအုပ်စု ဟွေနိန်ရွာသားတဦးအား ပြည်သူ့စစ်တပ်ဖွဲ့က ပစ်ခတ်ရာတွင် ဒဏ်ရာပြင်းထန်သဖြင့် လက်ရှိတွင် လွယ်လင်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေကြောင်း သိရသည်။

ပစ်ခတ်ခံရသည့်ပန်တဝိရွာသား စိုင်းလွန်း

ဧပြီလ ၁၇ ရက်နေ့က ပန်တဝိအုပ်စုအတွင်း လှုပ်ရှားသည့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့မှ တပ်သား တဦးက ဒေသခံ စိုင်းလွန်းဆိုသူအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပြင်းထန်သဖြင့် လင်းခေးဆေးရုံမှတဆင့် လွယ်လင်ဆေးရုံသို့ပို့ဆောင်ကုသနေရကြောင်း၊ ယနေ့တိုင် ဆေးရုံမှမဆင်းရသေးကြောင်း ဦးလေးတော်စပ်သူ က သျှမ်းသံတော်ဆင့်အားပြောပြသည်။

“ကျနော့ တူက နှလုံးရောဂါသည်လေ။ သူတို့နဲ့လည်း ဘာရန်ညှိုးမှ မရှိဖူးဘူး။ ကျနော်တို့ရဲ့ ဟွေနိန်ရွာဘုန်းကြီး ကျောင်းရှေ့မှာ သူ့ကိုတားပြီး သူ့ဆိုင်ကယ်ကိုဖျက်ဆီးလိုက်တာ။ သူ့ကိုလည်းကြိုးချီပြီး သေနတ်နဲ့ ပစ်တာ ဗိုက်ထိ သွားတယ်။ လင်းခေးဆေးရုံသွားတာ ဒဏ်ရာပြင်းလို့ဆိုပြီး အခုလွယ်လင်မှာရှိနေသေးတယ်။ ဆေးရုံကမဆင်းရသေးဘူး။” ဟု ပစ်ခတ်ခံရသူ ဦးလေးက ပြောသည်။

ပစ်ခတ်ခံရသူစိုင်းလွန်းမှာ ခါးတွင်သေနတ်ဒဏ်ရာတစ်ချက် ညာဘက်လက်တွင် သေနတ်ဒဏ်ရာတစ်ချက် ရရှိ ကာ လွယ်လင်ဆေးရုံတွင်ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းမှ ဆေးကုသမှုအတွက် ကူညီထောက်ပ့ံမှုမပေးကြောင်း ဦးလေးတော်စပ်သူကပြောသည်။

“ သူ့ရဲ့ မိဘတွေလည်း တောင်ယာဘဲလုပ်တာလေ ပိုက်ဆံမရှိကြဘူး။ ခုလည်း ဆေးရုံတက်တာ ငွေအများကြီးကုန်နေပြီ သက်ဆိုင်သူတွေလည်း ဘာမှလုပ်ပေးတာမရှိဘူး” လို့ ၎င်းက ဆက်ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းများကို အကြောင်းကြားသော်လည်း ယခုထိ တစ်စုံတစ်ရာ လုပ်ပေးခြင်းမရှိသေးကြောင်း ဦးလေးဖြစ်သူက ဆိုပါသည်။

ပန်တဝိကျေးရွာသည်လင်းခေးမြို့အရှေ့တောင်ဘက်အရပ်ရှိ တောင်ပေါ်တွင် တည်ရှိပါသည်။ အဆိုပါဒေသတွင် အရပ်သား ဦးဂန္ဓမာ ဦးဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့ နေထိုင်လှုပ်ရှားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ် အမျိုးသားတစ်ဦးကို ဖုန်းခိုးမှုဖြင့် စွပ်စွဲပြီး ဌာနေပြည်သူ့စစ် ရိုက်နှက် သေဆုံး

0
သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စု နယ်မြေ (၅) ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးကို ဖုန်းခိုးသည်ဟု စွပ်စွဲကာ နောင်မွန်ဌာနေပြည်သူ့စစ်မှ ရိုက်နှက်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ (မတ်လ ၇ ရက်) ညနေပိုင်းမှစပြီး နယ်မြေ (၅) ရပ်ကွက်အတွင်း နေထိုင်သည့် အသက်...

မိုးနဲ ရေထွက်ဦးကို မြေဖို့ လယ်ဧက ၃၀၀ အခက်ခဲကြုံ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကတ်နောက်ကျေးရွာရှိ ရေထွက်ဦးကို လင်းခေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) အတွင်းရေးမှူး ဦးမောင်စိုးက လာရောက်မြေဖို့သည့်အတွက်ကြောင့် လယ်သမားများ ရေအလုံလောက်ရရှိဖို့အတွက် ခက်ခဲမှုရှိနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်တွင် ဦးမောင်စိုးသည် ခြံစိုက်ပျိုးရန်အတွက်ဟုဆိုကာ ထိုရေထွက်ဦးနေရာကို မြေလာဖို့လိုက်ပြီး လယ်ဧက ၃၀၀...

အရက်မူးသူ တစ်ဦး ပြည်သူ့စစ်ကို ဓားနဲ့ခုတ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စုရှိ ဟိုနောင်ကျောင်းတိုက်တွင် အရက်မူးပြီး သောင်းကျန်းနေသည့် ပြည်သူတစ်ဦးက နယ်ထိန်းပြည်သူ့စစ်တစ်ဦးကို ဓားဖြင့် ခုတ်လိုက်ကြောင်း စုံစမ်း သိရှိရသည်။ ယမန်နေ့ အောက်တိုဘာ ၁၇ ရက် ည ၈ နာရီဝန်းကျင်တွင် ဟိုနောင်ကျောင်းတိုက်မှ နှစ်စဉ်ပြုလုပ်နေသော ဆီမီးပူဇော်ပွဲထဲတွင် အရက်မူးပြီး သောင်းကျန်းနေသော...

နမ့်စန်မြို့ ပြည်သူ့စစ်များဖွင့်လှစ်သည့် လောင်းကစားပွဲ မြန်မာပြည်အဆိုတော်များခေါ်ဆို

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် ဌာနေပြည်သူ့စစ်များ ဦးစီးဖွင့်လှစ်သည့် လောင်းကစားပွဲတွင် မြန်မာပြည်မှာ နာမည်ကြီးအဆိုတော်များကို ခေါ်ဆိုကြောင်း စုံစမ်းသိရသည်။ လက်ရှိ နမ့်စန်မြို့နယ်အတွင်း ပြုလုပ်နေသည့် လောင်းကစားပွဲများကို နားရိုင်းပြည်သူ့စစ်၊ ပန်လျန်းဆိုင်ပြည်သူ့စစ် နှင့် SSS ပြည်သူ့စစ် တို့ ဦးဆောင်ပြီး ဖွင့်လှစ်ကာ နာမည်ကြီးအဆိုတော် နီးနီခင်ဇော်၊ ၀ေလ၊ သာဒီးလူ၊၀န...

ရွှေတြိဂံစစ်ဌာနချုပ်မှ ဌာနေပြည်သူ့စစ် တပ်သားများစာရင်းကောက်၊ တပ်သား တောင်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း ရွှေတြိဂံစစ်ဌာနချုပ် မှ အာဏာသိမ်း စစ်ကောင်စီအတွက် လုပ်ဆောင် ပေးနိုင်မည့် ဌာနေပြည်သူ့စစ် တပ်သားများ စာရင်းကောက်ယူပြီး အင်အားတောင်းဆိုနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်တွင် တာချီလိတ်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်အင်အားများကို လိုက်လံ စုဆောင်းကောက်ခံမှုများ ပြုလုပ်ရာ တာချီလိတ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အင်အားသည် ရဲတပ်ဖွဲ့...