ဆီဆိုင်မြို့နယ် အမျိုးသားတစ်ဦးကို ဖုန်းခိုးမှုဖြင့် စွပ်စွဲပြီး ဌာနေပြည်သူ့စစ် ရိုက်နှက် သေဆုံး

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စု နယ်မြေ (၅) ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးကို ဖုန်းခိုးသည်ဟု စွပ်စွဲကာ နောင်မွန်ဌာနေပြည်သူ့စစ်မှ ရိုက်နှက်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

သေဆုံးသွားသည့် အမျိုးသား

ဖြစ်စဉ်မှာ (မတ်လ ၇ ရက်) ညနေပိုင်းမှစပြီး နယ်မြေ (၅) ရပ်ကွက်အတွင်း နေထိုင်သည့် အသက် (၃၈) နှစ် မောင်ကျော်မျိုးနိုင် (ခ) အန့်ကူ ကို ဖုန်းခိုးမှုနှင့် ပတ်သက်ပြီး နောင်မွန်ဌာနေပြည်သူ့စစ်မှ ဖမ်းဆီးခေါ်ဆောင်သွားကာ ဌာနေပြည်သူ့စစ် ခေါင်းဆောင် စိုင်းဇေယျာဦး၏ အိမ်၌ တုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း နောင်မွန်ဒေသခံ အသက် ၂၀ နှစ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ရိုက်နှက်ခြင်းခံရပြီးနောက် (မတ်လ ၉ ရက်) တွင် မောင်ကျော်မျိုးနိုင် (ခ) အန့်ကူ ပြန်လည် လွတ်မြောက်လာခဲ့ပြီး (မတ်လ ၁၃ ရက်) ညနေ ၅ နာရီတွင် ရိုက်နှက်ခံထားရသည့် အတွင်းဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

“နောင်မွန် လှေဆိပ်နားက ပြည်သူ့စစ် ခေါင်းဆောင် အိမ်မှာ ခြောက်ပေါက်ထဲ ထည့်ထားတယ်။ သူ့တို့ လူကို ရိုက်တာ နောင်မွန်ပလီ အထိတောင် အော်သံတွေ ကြားရတယ်။ ပြည်သူ့စစ်ခေါင်းဆောင် ရိုက်တာတော့ နည်းနည်း၊ သူ့လက်အောက်ခံက ရိုက်တာများများပေါ့။ မျက်နှာ၊ ကျောကုန်း၊ တင်ပါးတွေမှာ ရိုက်ခံရတဲ့ ဒဏ်ရာနဲ့ ၄ ရက်လောက် အကြာမှာ အတွင်းဒဏ်ရာနဲ့ ဆုံးသွားတယ် “ ဟု ၎င်းက ပြောသည်။

မောင်ကျော်မျိုးနိုင် (ခ) အန့်ကူသည် ဖုန်းကို မခိုးခဲ့ရကြောင်း ၎င်း မိသားစုဝင်မှ ပြောဆိုခဲ့သော်လည်း ဌာနေပြည်သူ့စစ်မှ စွပ်စွဲပြီး ရိုက်နှက်ခဲ့ကြောင်း သိရသည်။

သေဆုံးသွားသည့် အမျိုးသား

“ဖုန်းခိုးတဲ့သူက သပ်သပ်တစ်ယောက်၊ သူတို့ ဖမ်းတဲ့သူက သပ်သပ်တစ်ယောက်။ အဲ့ဖုန်းခိုးတဲ့ လူကတော့ ပြေးသွားပြီ။ ဖုန်းခိုးတဲ့ သူရဲ့ အမေကလည်း ပိုက်ဆံလျော်ထားပြီ။ ဖုန်းတစ်လုံးကို ၃ သိန်းလျော်ထားတယ်။ ဆိုင်ကယ်ကိုလည်း သူတို့သိမ်းထားတယ်။ အခုက လူမှားဖမ်းတာလို့ ပြောကြတယ်။ အန့်ကူ ဆိုတဲ့လူက ဆေးသုံးတယ် ဆိုတော့ သူတို့ထင်ရင် ထင်ကောင်းမှာဘဲ။ အဲ့ကြောင့် အခုလို ဖမ်းပြီး ရိုက်နှက်ခဲ့တာ “ ဟု ၎င်း အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် ရိုက်နှက်မှုမှတစ်ဆင့် သေဆုံးသွားရသည့် မှုခင်းနှင့် ပတ်သက်ပြီး သတင်းပေါက်ကြားသွားပါက သတင်းပေးသူကို ဖမ်းဆီးထောင်ချမည်ဟုလည်း နောင်မွန်ဌာနေ ပြည်သူ့စစ်မှ ခြိမ်းခြောက်ထားသည်။

“အဲ့ဖုန်းခိုးတဲ့ တစ်ယောက်က တကယ်ခိုးတယ် ထားအုံး။ တကယ်ခိုးရင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ လုပ်ရမှာလေ။ လူတစ်ယောက်ကို သေတဲ့အဆင့်ထိလောက်တော့ ရိုက်နှက် ဖို့မလိုပါဘူး။ ဒါက သူတို့သက်ဆိုင်ရာ မရှိတဲ့အတိုင်း ဖြစ်သွားပြီ။ နောင်မွန်မှာ ဉက္ကဌ လည်းရှိတယ်၊ ရဲလည်းရှိတယ်။ အဲ့ဒါကို လုပ်ထုံးလုပ်နည်း မလုပ်ဘဲ သတ်လိုက်တယ်ဆိုတော့ နောင်မွန်မှာက ဉပဒေတွေ မရှိတော့ဘူး “ ဟု နောင်မွန်ဒေသခံ အသက် ၃၀ နှစ် အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် (အောက်တိုဘာ ၁၇ ရက်) နောင်မွန်ကျေးရွာအုပ်စု ဟိုနောင်ကျောင်းတိုက်တွင် အရက်မူးသူ ဂျွန်အောင် နှင့် နောင်မွန်ဌာနေပြည်သူ့စစ် ကိုဒုံးညို တို့သည် အချင်းချင်း ရန်ခိုက်မှု ဖြစ်ပွားရာကနေ ပြည်သူ့စစ်ဖက်မှ သေနတ်ဖောက်ပြီး နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...