အသိမ်းခံသည့်လားရှိုးကျေးလက်တောင်သူများ၏ဘိုးဘွားပိုင်မြေ တပ်ပြန်မပေးတော့ဟုဆို

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟူးမွန်အုပ်စု ခေးခမ်းရွာသားတွေရဲ့ တပ်မြေအဖြစ် အသိမ်းခံရ လယ်ယာမြေတွေဟာ လယ်ယာမြေပိုင်ဆိုင်မှုပြဖို့မရှိတဲ့အတွက် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းမရှိဘူးလို့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

လားရှိုးအမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်း၏ မြေယာပြန်လည်စွန့်လွှတ်ရေး မေးမြန်းတင်ပြမှုကိုကာကွယ်ရေး ဒုဝန်ကြီးမှ ဖြေကြားစဉ်

ဇွန်လ ၂၀ ရက်နေ့ကကျင်းပတဲ့ ဒုတိယအကြိမ်အမျိုးသားလွှတ်တော် အဌမပုံမှန်အစည်းအဝေး ၁၈ ရက် မြောက်အစီအစဉ်မှာ လားရှိုးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်စိုင်းဝမ်းလှိုင်းခမ်းက – တပ်ပိုင်မြေအဖြစ် အသိမ်းခံရ ဟူးမွန်အုပ်စု ခေးခမ်းရွာသား ၄၆ ဦးပိုင်တဲ့လယ်ယာမြေ တွေကိုပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ- မရှိ- ဆိုတဲ့ မေးမြန်းတင်ပြချက်ကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က – တောင်သူ ၄၆ ဦးရဲ့ မြေယာဆိုတာ ပိုင်ဆိုင်မှုအထောက်အထားပြနိုင်ခြင်းမရှိတာကြောင့် ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်မရှိ လို့ပြန်လည်ဖြေကြားခဲ့ကြောင်းသိရပါတယ်။

“ကာကွယ်ရေးဝန်ကြီးအနေနဲ့ တောင်သူများအနေနဲ့ မြေယာပိုင်ဆိုင်မှု အထောက်အထားမရှိဘူး၊ အဆိုပါ မြေဟာ တပ်ပိုင်မြေဖြစ်တယ် ဒါကြောင့် စွန့်လွှတ်ရန်မရှိဆိုတာကို ထုုံးစံအတိုင်း ဖြေကြားသွားပါတယ်။ တပ်မတော်တပ်ရင်း မလာခင်ကတည်းက ဘိုးစဉ်ဘောင်ဆက် လုပ်လာတဲ့မြေက အထောက်အထား မရှိဘူးဆိုတာကတော့ ဒေသခံတောင်သူများနဲ့မဆိုင်ဘူးလို့ထင်ပါတယ်။ အစိုးရအဆက်ဆက်က တောင် သူများ ပိုင်ဆိုင်ဖို့ အထောက်အထားကိုမှ ပြုလုပ်မပေးခဲ့တာလေ။ တောင်သူများ မြေယာပိုင်ဆိုင်မှု အထောက်အထားမရှိဘူးလို့ပြောတာဟာ တောင်သူများအခွင့်အရေးအပြည့်အဝ မရတာတွေကို လျစ်လျူရှုရာရောက်ပါတယ်။ ”- လို့ စိုင်းဝမ်းလှိုင်းခမ်းက သျှမ်းသံတော်ဆင့်ကိုပြောဆိုပါတယ်။

သံချပ်ကာတပ်မှ သိမ်းယူထားသော ရွာသားများ၏ လယ်ယာမြေများ

ကာကွယ်ရေး ဒုဝန်ကြီးရဲ့အဖြေမှာ – အမှတ် ရ၀၀၅ သံချပ်ကာတပ်ရင်းရဲ့ တပ်ပိုင်မြေတွေဖြစ်ပြီး သံချပ်ကာတပ်ရင်း ကားမောင်းလေ့ကျင့်တဲ့မြေနေရာတွေဖြစ်တဲ့အတွက်လုံခြုံရေးအရ ပြန်လည်စွန့်လွှတ်ဖို့မဖြစ်နိုင်ဘူး- လို့ပါရှိပါတယ်။

”တပ်မတော်အနေနဲ့လည်း လုံခြံုရေးအတွက် အဲဒီမြေကို ရယူထားတယ်ဆိုတော့ အဲဒီလုံခြံုရေးလုပ်တာ ဘယ်သူအတွက်လည်းလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ အဲဒီမြေကို အမှီပြုပြီး လုပ်စားလာခဲ့တဲ့ ဒေသခံတောင်သူတွေ အခုတော့ နည်းနည်းမှ သူတို့အတွက် မြေမကျန်တော့ပဲ အားလုံးဆုံးရှုံးသွားရင် အတိဒုက္ခရောက်ပြီး အငတ်ဘေးရင်ဆိုင်ရဖွယ်ရှိကာ ပြည်သူများရဲ့အသက်အိုးအိိမ်လုံုခြံုခြင်းမရှိမှု ဖြစ်လာမှာကတော့ အသေအချာပါပဲ။ ဒါကြောင့် လက်ရှိအစိုးရအနေနဲ့ အဲသလို မြေယာဆုံးရှုံးပြီး အသက်အိုးအိမ်လုံခြံုမှုမရှိတော့တဲ့ ဒေသခံတောင်သူလယ်သမားများအတွက် အမြန်ဆုံး တစ်စုံတစ်ခု ဖြည့်ဆည်းဆောင်ရွက်ပေးဖို့လိုအပ်နေပြီလို့ ပြောလိုပါတယ်။” – လို့စိုင်းဝမ်းလှိုင်းခမ်း ကပြောပါတယ်။

လားရှိုးမြို့နယ် ဟူးမွန်အုပ်စု ခေးခမ်းကျေးရွာ သားတွေရဲ့ ယာမြေ ဧကပေါင်း ၄၀၀ ကျော်ကို အမှတ် ရ၀၀၅ သံချပ်ကာ တပ်ရင်းက တပ်ပိုင်မြေအဖြစ် အပိုင်သိမ်းယူခြံခတ်ခဲ့တဲ့အတွက် ရွာသားတွေစိုက်ပျိုးမြေမရှိဖြစ် နေရတဲ့အပေါ် ပြန်လည်စွန့်ပေးနိုင်ခြင်းရှိ-မရှိ ကြယ်ပွင့်ပြမေးခွန်းအဖြစ် ဇွန်လ ၂၀ ရက်နေ့လွှတ်တော်အစည်း အဝေးမှာ မေးမြန်းလိုက်တာဖြစ်ပါတယ်။

“အခုလည်း လွှတ်တော်မှာ တပ်နဲ့ ပတ်သက်တဲ့မြေယာကိစ္စ သိပ်ပြီး မေးမြန်းဆွေးနွေးမှု မရှိတော့ အောက်ခြေမှာ ပြည်သူများ ဘယ်လောက်ထိ အတိဒုက္ခရောက်နေသလဲ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လည်း တတ်နိုင်တဲ့ဘက်ကနေ တောင်သူများမြေယာပြန်လည်ရရှိရေး ဘယ်လိုကြိုးစားဆောင်ရွက်နေသလဲဆိုတာကို သိရှိစေဖို့အတွက် ရည်ရွယ်ပြီးတော့လည်း ဒီကြယ်ပွင့်ပြမေးခွန်းကို လွှတ်တော်မှာ မေးမြန်းခြင်းဖြစ်ပါတယ်။” – လို့ သူက ပြောပါတယ်။

ဒီလယ်ယာမြေတွေကို ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က တပ်ကသိမ်းလိုက်တာဖြစ်ပါတယ်။ တချို့တဝက်ကို ဂေါက်ကလပ်အဖြစ် ပြုလုပ်လိုက်ပြီး ကျန်နေတဲ့တဝက်ကိုတော့ ထပ်မံခြံခတ်လိုက်တဲ့အတွက် ယာပိုင်ရှင်တွေဟာ လယ်ယာစိုက်ပျိုးဖို့မြေနေရာအခက်အခဲဖြစ်နေကြောင်းသိရပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...

လားရှိုးတွင် မူးယစ်ဆေးဝါးအကြောင်းပြပြီး MNDAA ဖမ်းဆီးသွားသည့်လူငယ်(၇၀)ကျော် ပြန်မလွတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မူးယစ်ဆေးဝါးအကြောင်းပြကာ လူငယ်အမျိုးသား (၇၀) ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးပတ်ကျော် ကြာသည်အထိ ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သွားလာလှုပ်ရှားနေသည့် ၁၂ မိုင်၊ ၁၃ မိုင်၊ အီနိုင်းနှင့် မန်တောင်းကျေးရွာများတွင်...