တန့်ယန်းမြို့နယ်ထဲ ‘ဝ’စစ်သားဟန်ဆောင်ပြီး ဓားပြမှုနှင့်လူကုန်ကူးမှု ကျူးလွန်သူများရှိနေ
သျှမ်းပြည် တန့်ယန်းမြို့တွင် UWSA စစ်ဝတ်စုံ ဝတ်ဆင်ကာ ‘ဝ’စစ်သား အယောင်ဆောင်ပြီး ဓားပြမှုနှင့် လူကုန်ကူးမှု ကျူးလွန်သူများရှိနေကြောင်း စုံစမ်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဝင်ရောက်တပ်စွဲထားသည့် တန့်ယန်းမြို့တွင် ဩဂုတ်လဆန်းပိုင်း၌ UWSA စစ်ဝတ်စုံ ဝတ်ဆင်ပြီး စစ်သား အယောင်ဆောင်ကာ ဓားပြမှုနှင့် လူကုန်ကူးမှု ကျူးလွန်ခဲ့သူ (၁၇)...
ပင်လောင်းမြို့နယ် နေရပ်ပြန်စစ်ရှောင်များ PNO ထံ တစ်အိမ်လျှင် ကျပ် ၅ သိန်း ပေးဆောင်ရ
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင် နေရပ်သို့ ပြန်လာသည့် စစ်ဘေးရှောင်များကို ပအိုဝ်းပြည်သူ့စစ် (PNO) က တစ်အိမ်လျှင် ငွေကျပ် ၅ သိန်းစီ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လတွင် ပင်လောင်းမြို့နယ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တဖက်သက် ရမ်းသမ်းပစ်ခတ်မှုကြောင့် နန်းတုတ်ကျေးရွာသို့...
TNLA ထိန်းချုပ် ကျောက်မဲမြို့ထဲ စစ်ကောင်စီတပ် ဗုံးထပ်ကြဲ
သျှမ်းပြည် ကျောက်မဲမြို့ပေါ်ရှိ ဆေးခန်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက်(၆) ရှိ ဇေယျာဖြိုးဆေးခန်းနှင့်...
မာရှယ်လောကြေညာပြီးနောက် မိုးကုတ်မြို့ပေါ် လေကြောင်းဗုံးကြဲခံရမှု အရပ်သား ၃၀ နီးပါး သေဆုံးဒဏ်ရာရ
သျှမ်း-မန္တလေးနယ်စပ် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ပေါ်သို့ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၁၂) ဦး သေဆုံးပြီး ၂၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂ ရက်) နံနက် ၈ နာရီခွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...
စစ်ကောင်စီ၏ ဆိုက်ဘာလုံခြုံရေး ဥပဒေက ပြည်သူများကို ဖိနှိပ်ချုပ်ကိုင်ရန် အတွက်ဟုဆို
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အတည်ပြုလိုက်သော ဆိုက်ဘာလုံခြုံရေး ဥပဒေသည် ပြည်သူများအတွက် လွတ်လပ်ခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်ကို ထိန်းချုပ်ခြင်း ဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူက ပြောသည်။ ဇန်နဝါရီလ ၁ ရက်နေ့က ပြဋ္ဌာန်းခဲ့သော ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင်သည့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို ယမန်နေ့ (ဇူလိုင် ၃၀ ရက်)တွင်...
လေကြောင်းနဲ့ အကြမ်းဖက်ဖို့ လှုံဆော်နေတဲ့ စစ်ကောင်စီ ဝါဒဖြန့်မှုများကို စိစစ်ခြင်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ စခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့အတူ စစ်အာဏာသိမ်းမှုကို တွန်းလှန်တဲ့ တိုက်ပွဲတွေကြားမှာ အရပ်သားပြည်သူတွေအနေနဲ့ စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခံရမှုဟာ တနေ့တခြား ပိုတိုးလာနေပါတယ်။ စစ်အာဏာသိမ်းမှု (၄) နှစ်ကျော် ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ စစ်ကောင်စီဖက်ကနေ စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၇,၀၁၀ ဦး သေဆုံးခဲ့တယ်လို့...
သိန္နီမြို့တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆေးရုံသစ် တည်ဆောက်နေပြီး MNDAA တပ်မဆုတ်ဟုဆို
သျှမ်းပြည် သိန္နီမြို့မှ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာမည်မဟုတ်ဘဲ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆေးရုံနှင့် ဈေးဝယ်စင်တာ တည်ဆောက်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ ရပ်ကွက်(၁) ဈေးတန်းရပ်ရှိ သိန္နီမြို့မဈေးနေရာ၌ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆေးရုံနှင့်...
မူဆယ် – နမ့်ခမ်း ပြည်ထောင်စုလမ်းမကြီးကို TNLA က ဖြတ်သန်းသွားလာခွင့်ပိတ်
သျှမ်းပြည် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ပြည်ထောင်စုလမ်းမကြီးကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်ကြောင်း သိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) မနက် ၆ ရက်နာရီတွင် မူဆယ် - နမ့်ခမ်း ပြည်ထောင်စုလမ်မကြီးကို အကြောင်းရင်းမဲ့ တအာင်း(ပလောင်)...
မြစ်ကြီးနားမြို့ ရှမ်းမျိုးနွယ်စုစစ်ဘေးရှောင်စခန်းရှိ လူဦးရေ ၂၀၀၀ ကျော် အကူအညီများလိုအပ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှမ်းမျိုးနွယ်စုစစ်ဘေးရှောင်စခန်းသို့ တိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၂၀၀၀) ကျော်အတွက် ကျန်းမာရေးစောက်ရှောက်မှုနှင့် အခြားသော အကူအညီများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ကချင်လွတ်လပ်ရေးတပ် KIA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများကြောင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို လက်ခံကူညီပေးသည့် ရှမ်းမျိုးနွယ်စု စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်လူဦးရေ (၂၀၀၀)...
သျှမ်းပြည် ကျောက်မဲမြို့နယ် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)ထိန်းချုပ်သည့် နောင်ပိန်ကျေးရွာအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ကိုရင်တစ်ပါး သေဆုံးပြီး ၄ ပါး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင် ၃၀ ရက်) နေ့လယ်ပိုင်းတွင် နောင်ချိုစစ်ကောင်စီတပ်သည် ဂုတ်ထိပ်တဖက်ကမ်းရှိ ကျောက်မဲမြို့နယ် SSPP/SSA ထိန်းချုပ်သည့်...





