Saturday, January 31, 2026

CATEGORY

လူ့အခွင့်အရေး

သိန္နီတွင် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရ

သျှမ်းပြည်သိန္နီမြို့နယ် ဟိုတာရွာတွင် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (မေလ ၂၉ ရက်) ညနေပိုင်း ၆ နာရီဝန်းကျင်တွင် အသက် ၆၀ နှစ်အရွယ်ရှိ ဦးထွန်းအောင်သည် သိန္နီမြို့နယ် ဟိုတာရွာတွင်ရှိသော ၎င်း၏နေစရာတဲထဲတွင် သန့်ရှင်းရေးလုပ်ဆောင်နစဉ်...

နမ့်စန်မြို့ စစ်ကောင်စီထွေအုပ်ရုံးမှ စစ်မှုထမ်းအပတ်စဉ်သစ်အတွက် မဲနှိုက်ရန် ဆင့်ခေါ်စာပို့

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများကို စစ်မှုထမ်းအပတ်စဉ်သစ် အတွက် မဲနှိုက်ရန် ဆင့်ခေါ်စာပို့ထားကြောင်း စုံစမ်းသိရသည်။ မေလ နောက်ဆုံးပတ်မှ စတင်ပြီး နမ့်စန်မြို့ရှိ စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ထွေအုပ်ရုံးမှ မြို့ပေါ်ရပ်ကွက် (၄) ခုအတွင်း နေထိုင်သည့် စစ်မှုထမ်းအကျုံးဝင် အမျိုးသားရှိရာ နေအိမ်များသို့...

“စစ်ရှောင်ရတာကြာလာရင် စားဖို့သောက်ဖို့မရှိမှာ စိုးရိမ်တယ်”

ကရင်နီ (ကယား) ပြည်နယ်အတွင်း ထောက်ပို့ဆက်သွယ်ရေးလမ်းကြောင်းအတွက် အဓိကအရေးပါသည့် လွိုင်ကော် – မိုးဗြဲ – ဖယ်ခုံလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်လိုသည့် စစ်ကောင်စီတပ်က ဆီဆိုင်၊ ညောင်ရွှေနှင့် ပင်လောင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလျက်ရှိနေသည်။ တဖက်တွင်လည်း ကရင်နီပြည်နယ်၏ တံခါးပေါက်အဖြင့် အရေးပါသည့် ဖယ်ခုံမြို့နှင့် မိုးဗြဲမြို့အတွင်းသို့ စစ်ကောင်စီတပ်စစ်ကြောင်းများ ထိုးဖောက်ဝင်ရောက်မလာနိုင်စေရန် ကရင်နီတော်လှန်ရေးပူပေါင်းအဖွဲ့များက...

လားရှိုးမြို့ စစ်ကောင်စီ လဝကရုံးတွင် ငွေပေးနိုင်သည့်တရုတ်များ မှတ်ပုံတင်အမြန်ရ၊ ဒေသခံများ အချိန်ကြာတန်းစီစောင့်ဆိုင်းရ

သျှမ်းပြည် လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝကရုံးတွင် ငွေပေးနိုင်သည့် တရုတ်လူမျိုးများကို မှတ်ပုံတင်အမြန်ပြုလုပ်ပေးနေပြီး ဒေသခံများမှာ အချိန်ကြာ တန်းစီစောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။ မေလ (၁၉) ရက်မှ စတင်ပြီး လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်နှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန ရုံးလုပ်ငန်း စတင်လည်ပတ်ခဲ့ရာ လဝကရုံးဝန်ထမ်းများထံ ပွဲစားမှတဆင့်...

စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနထုတ် ပုံနှိပ်စာအုပ်များကို စာသင်နှစ်ဆုံးလျှင် ပြန်အပ်ခိုင်းမည်

စစ်ကောင်စီလက်အောက်ရှိ ပညာရေးဝန်ကြီးဌာနသည် ယခုနှစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် အခြေခံပညာသင်ကျောင်းများတွင် ဖြန့်ဝေသည့် ကျောင်းသုံးဖတ်စာအုပ်များကို စာသင်နှစ်အဆုံးတွင် ပြန်လည်အပ်နှံခိုင်းမည်ဖြစ်ကြောင်း ကျောင်းသားမိဘများထံမှ သတင်းရရှိသည်။ မေလ (၂၂) ရက်မှ စတင်ပြီး စစ်ကောင်စီလက်အောက်ခံ အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံခဲ့ရာ ပုံနှိပ်ဖတ်စာအုပ်များကို စာသင်နှစ်အဆုံးတွင် ပြန်အပ်ရမည် ဖြစ်သောကြောင့်...

မူဆယ်-နမ့်ခမ်းကြားတွင် လိုင်စင်မဲ့ ကုန်ကားတစ်စီး ကျပ်နှစ်သိန်း စစ်ကောင်စီထံ ပေးဆောင်နေရ

သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းမှ လားရှိုးသို့ ပြေးဆွဲနေသည့် လိုင်စင်မဲ့ လိုင်းကားများကို စစ်ကောင်စီက တစ်စီးလျှင် ကျပ်ငွေ နှစ်သိန်းနှုန်း ဖြင့် ကောက်ခံနေကြောင်း သတင်းရရှိသည်။ ၂၀၂၅ ခုနှစ် မေလတတိယပတ်မှ စ၍ ယနေ့အထိ မူဆယ် - နမ့်ခမ်းမှ လားရှိုး သို့ ပြေးဆွဲနေသည့် လိုင်စင်မဲ့ မော်တော်ယာဉ် များ ကို နမ့်ခမ်းမူဆယ်လမ်းပိုင်း လွယ်ဆုတောင်းနှင့် ပန်ခမ်းတံတားဂိတ်တွင် တစ်စီးလျှင် ကျပ်နှစ်သိန်း နှုန်းဖြင့် စစ်ကောင်စီဂိတ်များက ကောက်ခံနေကြောင်းအမည်မဖေါ်လို သည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြော သည်။ “မူဆယ် နမ့်ခမ်းကနေ လားရှိုး ကုန်တင် ပြေးဆွဲနေတဲ့ တစ်ချို့ လိုင်စင်မဲ့ အန်စာတုံး တို့ အယ်လာဖတ် တို့လို ကားကို တစ်ခေါက် နှစ်သိန်းကောက်နေတယ်” ဟု အမည်မဖေါ်လိုသူ နမ့်ခမ်း ကားဆရာတစ်ဉီး ကပြောသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ ဒေသခံများ နှင့် ဌာနဆိုင်ရာများ အသုံးပြုနေကြသော မော်တော်ယာဉ်အများစုမှာ လိုင်စင်မဲ့များဖြစ်ကြသည်ဟု ဒေသခံများက ပြောသည်။ မေလလယ်ပိုင်းကစပြီး လိုင်စင်မဲ့မော်တော်ယာဉ်များကို အရေးယူမည်ဟု အာဏာသိမ်း စစ်ခေါင်း ဆောင် မင်းအောင်လှိုင် ပြောကြားထားသည်။ “အရင်က တင်လာတဲ့ကုန်ပေါ်မူတည်ပြီး တောင်းတာလောက်ပဲ၊ အဲ့တာ နဲလို့ ဒီလိုင်စင်ကို အကြောင်းပြပြီး ငွေ တောင်း တယ်၊ လိုင်စင်မရှိလို့ ငွေတောင်းတဲ့ အပြင် သူတို့တင်လာတဲ့ ကုန်ပေါ်မူတည်ပြီးတော့ ထပ်ကောက် သေး တယ်၊ ငွေရလမ်း နှစ်ခုဖြစ်သွားတာပေါ့”  ဟု လုံခြုံရေးအရအမည်မဖေါ်လိုသည့် မူဆယ်ဒေသခံ တစ်ဉီးကပြောသည်။ မူဆယ်နမ့်ခမ်းလမ်းပိုင်းရှိ လွယ်ဆုတောင်းနှင့် ပန်ခမ်းတံတားတွင် စစ်ကောင်စီက စတင် စစ်ဆေးနေ ပြီး TNLA ထိန်းချုပ်သော နမ့်ခမ်းမြို့တွင်လည်း မေလ ၂၅ ရက်မှစ၍ မော်တော်ကားလိုင်စင်များကို လုပ်ခိုင်းကာ တစ်စီးလျှင် ကျပ် ၂ သိန်းမှ ၅ သိန်းထိ ကောက်ခံနေသည်ဟု ဒေသခံများ၏ ပြောကြား ချက်အရသိရသည်။ ထို့ပြင် ပြီးခဲ့သည် ဇန်နဝါရီလအတွင်း မူဆယ်နယ်စပ်ဂိတ်တွင် စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ တရုတ်လိုင်စင်မဲ့ကားများကိုမြန်မာပြည်အတွင်း ပေါ်တင် သွင်းခဲ့သေးသည်။         အလုပ်သင် သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။                                                                                                                       

တောင်ကြီးနည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦး မှတ်ပုံတင်စစ်ဆေးရာမှ PDF နှင့်ချိတ်ဆက်မှုရှိသည်ဟုဆိုပြီး ဖမ်းဆီးခံရ

သျှမ်းပြည် တောင်ကြီးနည်းပညာတက္ကသိုလ်တွင် တက်ရောက်နေသည့် ကျောင်းသူတစ်ဦးကို လမ်းခရီးတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ မှတ်ပုံတင်စစ်ဆေးခဲ့ရာ PDF ဖြင့်ချိတ်ဆက်မှုရှိသည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြင့် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ မေလ ၂၅ ရက် နံနက်ပိုင်းတွင် နမ့်စန်မြို့နေ ကျောင်းသူတစ်ဦးသည် တောင်ကြီးမြို့သို့ တက္ကသိုလ်တက်ရောက်ရန် ခရီးသည်တင်ယာဉ်ဖြင့် ထွက်ခွာလာစဉ် နမ့်စန်မြို့အဝင် ထင်းရှူးမြိုင်...

ပင်လောင်းမြို့နယ်အတွင်း သီတင်းတစ်ပတ်ကျော်ကြာ တိုက်ပွဲဆက်ဖြစ်နေ

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်နှင့် နီးကပ်သော ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ သီတင်းတစ်ပတ်ကျော်ရှိလာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဆောင်းပြောင်းရွာ အနောက်ဘက် ဘုရားတေောင်ခြ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းအဖွဲ့ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDFနှင့် ပူးပေါင်းအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က မေလ...

မိုးကုတ်မြို့ လက်ပစ်ဗုံးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်မြို့တွင် လူနေရပ်ကွက်အတွင်း လက်ပစ်ဗုံး ပစ်ခတ်ပြီး ပေါက်ကွဲမှုကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ ၂၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အရှေ့ပိုင်း ကန်တော်ရပ်ကွက် ကားဂိတ်ဘက်တွင်...

နောင်ချိုမြို့နယ် ချိုခမ်းဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင်များကို TNLA ရွှေ့ပြောင်းခိုင်း

သျှမ်းပြည် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာရှိ ချိုခမ်းဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များကို အားလုံးရွှေ့ပြောင်းပေးရန် TNLA မှ လာရောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာရှိ ချိုခမ်းဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့်...

Latest news