တောင်ကြီး ညအချိန် စစ်မှုထမ်းအတွက် ပေါ်တာဆွဲနေ

သျှမ်းပြည်တောင်ပိုင်း ၊ တောင်ကြီးမြို့တွင် ညအချိန်၌ စစ်မှုထမ်းအတွက် စစ်ကောင်စီမှ ပေါ်တာလိုက်ဆွဲနေကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၅)ရက်နေ့ ည (၈)နာရီကျော် အချိန်တွင် တောင်ကြီးမြို့၊ မြို့မဈေးမြောက်ဘက်နှင့် ကံသာရပ်ကွက်၊ စိန်ပန်းရပ်ကွက်တွင် အလုပ်မှပြန်လာသည့် လူငယ်များကို စစ်ကောင်စီမှ ညပိုင်းတွင်ပေါ်တာလိုက်ဆွဲ နေပြီး လူငယ် (၂၀)ကျော် ပါသွားကြောင်း ၎င်းအကြောင်းသိသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကပြောသည်။

“တောင်ကြီးမှာတော့ ညပိုင်းကို ရပ်ကွက်က လမ်းတွေကို တားပြီး ဖမ်းတာ။ အလုပ်ကနေပြန်လာတဲ့ လူငယ် ၂၀ ကျော်တယ်တဲ့ ပြေးတဲ့သူကပြေးနဲ့၊ ဒီလွတ်လာတဲ့သူတွေ ပြန်ပြောပြတာ။ ဖမ်းပြီးရင်တော့ စစ်သင်တန်းပို့မယ်။ ထင်တယ်။”ဟု ၎င်း အမျိုးသားက ပြောသည်။

ထိုသို့ စစ်ကောင်စီ ဖမ်းဆီးရာတွင် မြို့မဈေးမြောက်ဘက်မှ လူငယ် (၂၀)နှင့် စိန်ပန်းနှင့် ကံသာရပ်ကွက်တွင် လူငယ် (၆)ဦး ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီသည် လူသစ်စုဆောင်းမှုကို ပိုမိုလုပ်ဆောင်လာမည် ဖြစ်သောကြောင့် ရပ်ကွက်အတွင်း သွားလာမှု ဂရုစိုက် ကြရန် နှင့် ညအချိန်တွင် လူငယ်များအပြင်ထွက်လျှင် ပေါ်တာဆွဲခံရနိုင်ကြောင်းလည်း အကြောင်းသိသည့်အမျိုးသားက ပြောသည်။

“ အဖမ်းခံရတဲ့သူတွေကို ဘယ်မှာမှ ရွေးထုတ်လို့မရဘူး။ စစ်မှုထမ်းအင်အားနဲ့ သူတို့က ရှေ့ဆက်နိုင်ပြီလေ၊ အဲတော့ ဒါကို မဖြစ်မနေ လုပ်တော့မှာ။ ပိုဆွဲနိုင်လေ ရှေ့တန်းများများပို့နိုင်လေပဲ။ ဒါကြောင့် လူငယ်တွေ အသွားအလာ ဂရုစိုက်စေချင်တယ်။”ဟု ၎င်းက ဆိုပြန်သည်။

အလားတူ ရပ်စောက်နှင့် အင်တောကြားတွင် တောင်ကြီးဘက်မှ လူငယ်များ အလုပ်သွားလုပ်သည့် လူငယ်သုံးဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးပြီး အောင်ပန်းသို့ ပို့ဆောင်လိုက်ကြောင်း ဖြစ်စဉ်သိရှိသူ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

“ဇူလိုင်လ ၁၅ ရက်နေ့တုန်းက ညနေ ၅နာရီအချိန်ထင်တယ်။ သစ်တင်ကားထဲက လူငယ် ၃ဦးကို စစ်တပ်က ဖမ်းသွားတာ။ စစ်မှုထမ်းဖို့ခေါ်တာ နေမှာပေါ့ သူတို့ကအရွယ်ကောင်းတွေပဲဆိုတော့။ အောင်ပန်းကို တိုက်ရိုက် ပို့လိုက်တယ်ကြားတယ်”ဟု အဆိုပါ အသက် ၄၀ ဝန်းကျင် အမျိုးသားက ပြောသည်။

ထို့အပြင် အေးသာယာမြို့ အောင်သပြေ တိုးဂိတ်ဟောင်း အကျော်တွင် ဓာတ်မီးထိုး၍ ကားရပ်ခိုင်းရာမှာ လူငယ်(၃) ဦးကို ပေါ်တာဆွဲသွားပြီး ပေါ်တာဆွဲခံရသည့် လူငယ်များသည် အေးသာယာ အောင်သပြေအနီးတဝိုက်မှ လူငယ်များဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်း အပတ်စဉ်တစ်ခုလျှင် သင်တန်းသား ၅,၀၀၀နူန်းဖြင့် ဇူလိုင်လ ၁၃ ရက်အထိ စစ်မှုထမ်း အပတ်စဉ် (၁၅)ကြိမ် ဖွင့်လှစ်ထားခဲ့ပြီး အဆိုပါအခမ်းအနားကို ကျိုင်းတုံမြို့ရှိ နယ်မြေခံ သင်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

နိုင်ငံတဝှမ်း တိုင်းစစ်ဌာနချုပ်နှင့် နယ်မြေများစွာ သိမ်းပိုက်ခံရပြီး စစ်ရှုံးနေသည့် စစ်ကောင်စီတပ်အတွင်း စစ်အင်အား ချိနဲ့လာမှုကို ဖြည့်တင်းရန် ၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်မှုထမ်း ဥပဒေကို အသက်သွင်းခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...